/
news/အမျိုးသားများနှင့်ကျန်းမာရေး/နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ-များလာတဲ့အခါ-ဘာတွေဖြစ်လာနိုင်သလဲ

နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာ များလာတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ?

Category
အမျိုးသားများနှင့်ကျန်းမာရေး

      ယေဘုယျအားဖြင့်တော့ အိပ်ရေးပျက်တဲ့အခါ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးကို ထိခိုက်နိုင်ပါတယ်။ 

2023 Revicon IA 1

      အိပ်ရေးပျက်ခြင်းဟာ စိတ်အတက်အကျရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါ အစရှိတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ များလာတဲ့အခါ -

   •  သတိမေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ
   •  သွေးတိုးရောဂါ
   •  ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၊ လေဖြတ်ခြင်း
   •  အမျိုးအစား-၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေတွေလည်း မြင့်တက်လာနိုင်ပါတယ်။

2023 Revicon IA 2

ဒါကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ -

   •  အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကို ပုံမှန်သတ်မှတ်ထားပါ။
   •  အိပ်ခါနီးကို ကဖင်းနဲ့ အယ်လ်ကိုဟော မသောက်ပါနဲ့။
   •  အိပ်ရာမဝင်ခင် တစ်နာရီအလိုလောက်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။
   •  လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
   •  စိတ်တည်ငြိမ်အောင် တရားထိုင်ပေးပါ။
   •  ဂျင်ဆင်း၊ ပျားသုဓါ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး (ဥပမာ Revicon) ကို သောက်သုံးပေးပါ။

ဒေါက်တာဆု (www.drmyanmar.com)