/
news/အမျိုးသားများနှင့်ကျန်းမာရေး/ကလေးလိုချင်တဲ့စုံတွဲများ-အရက်သောက်သုံးခြင်းကို-ရှောင်ကြဥ်ပါ။

ကလေးလိုချင်တဲ့စုံတွဲများ အရက်သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အရက်အလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေထဲမှာ ကလေးရနိုင်ချေကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အချက်တစ်ချက်လည်း အပါအ၀င်ဖြစ်ပါတယ်။ ကလေးလိုချင်တဲ့စုံတွေ အနေနဲ့ သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အမျိုးသားများရဲ့သုတ်ပိုးကို ဘယ်လိုထိခိုက်စေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

1.  အရက်ဟာ အဆိပ်အတောက်တစ်ခုဖြစ်တာကြောင့် သုတ်ပိုးထုတ်လုပ်ပေးတဲ့ ဆဲလ်များကို သေစေနိုင်ပါတယ်။

2.  အရက်ဟာ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ပျက်စီးစေပြီး အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။ ဒီလို အီစထရိုဂျင်ဟော်မုန်းတွေ အလွန်အမင်းများလာခြင်းဟာ အကျိုးဆက်အနေနဲ့ သုတ်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။

3.  အရက်ကြောင့် ဦးနှောက်မှ ဂိုနက်ဒိုထရိုဖင် (gonadotropin) ဟော်မုန်းထုတ်လုပ်မှုကိုလျော့နည်းစေပြီး တက်စတိုစတီရုန်း (testrosterone) ပမာဏကိုကျဆင်းစေပါတယ်။ တက်စတိုစတီရုန်းပမာဏလျော့နည်းလာခြင်းနဲ့ အမျိုးသားများလိင်စိတ်နည်းပါးလာခြင်းတို့ဟာ ဆက်စပ်မှုရှိပါတယ်။

4.  သောက်သုံးလိုက်တဲ့အရက်ဟာ သွေးမှတဆင့် ဝှေးစေ့ဆီသို့ရောက်ရှိသွားတာကြောင့် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးများကိုဖြစ်စေပါတယ်။ ဒါ့အပြင်သုတ်ကောင်များရဲ့ကူးခတ်နိုင်စွမ်းအားကို လျော့နည်းစေတာကြောင့် ကလေးရနိုင်ခြေကိုနည်းပါးစေပါတယ်။

5.  အရက်ပါ၀င်မှုရှိတဲ့သုတ်ရည်နဲ့ မျိုးဥတို့ထိတွေ့ပါက သုတ်ရည်မှာပါ၀င်တဲ့ အရက်ရဲ့အာနိသင်ကြောင့် သန္ဓေသားလောင်းကို ပျက်စီးစေပါတယ်။ ကလေးမွေးလာပါကလည်း ပေါင်မပြည့်ဘဲမွေးခြင်း၊ ကလေးငယ်ရဲ့ခုခံအားစနစ် အားနည်းခြင်းတို့ကိုလည်းဖြစ်စေနိုင်ပါတယ်။

 

Dr. Htet Htet Aung  (www.drmyanmar.com)