အကြောင်းအရင်းမသိဘဲ ဝှေးစေ့နာကျင်ခြင်း
နာကျင်ရခြင်းအကြောင်းအရင်းကိုရှာဖွေခြင်း
အကြောင်းမဲ့ဝှေးစေ့နာကျင်ခြင်းဟာ ရောဂါအမည်တပ်ဖို့ရာအလွန်ခက်ခဲပြီး နာကျင်ခြင်းဟာဆက်တိုက်ဖြစ်နေနိုင်သလို၊ သက်သာသွားလိုက်နာလိုက်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကုသမှုမခံယူမီ အခြားအကြောင်းအရင်းများကိုလည်း ရှာဖွေသင့်ပါတယ်။ ဥပမာ- ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ တင်ပဆုံ (သို့) ကျောရိုးမအတွင်းရှိ အာရုံကြောမကြီးမှာဖြစ်တဲ့ပြဿနာတွေဟာလည်း အဲဒီနေရာနားတဝိုက်မှာပဲ နာကျင်စေနိုင်ပါတယ်။
ဝှေးစေ့နာကျင်ရခြင်း၏ အကြောင်းအရင်းများ
1. လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကြောင့် ရောင်ရမ်းခြင်း (သို့) ပိုးဝင်ခြင်း
2. ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ
3. ခွဲစိတ်ကုသပြီးနောက် နာကျင်ခြင်း
4. ထိခိုက်ဒဏ်ရာရခြင်း
ပထမဆုံးကုထုံးအနေနဲ့ ေ၀ှးစေ့နာကျင်ပါက အပြည့်အ၀အနားယူသင့်ပြီး ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဆေးများ (ဥပမာ - ibuprofen) တို့ကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်သင့်ပါတယ်။
အကယ်၍နာကျင်ခြင်းဟာ တင်ပဆုံကြမ်းခင်းနဲ့ ဆက်စပ်နေပါက လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဆရာဝန်က ရောဂါပိုးရှိ/မရှိကို စစ်ဆေးပြီးနောက် လိုအပ်လျှင် ပိုးသတ်ဆေးများပေးမှာ ဖြစ်ပါတယ်။
အကြောင်းမဲ့ဝှေးစေ့နာကျင်ခြင်းဟု ခေါင်းစဉ်တပ်ရန်မှာ ကပ်ပယ်အိတ်တွင်နာကျင်ခြင်းကို သုံးလထက်ပို၍အဆက်မပြတ် ခံစားနေရပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာသောအခြေအနေကိုဆိုလိုပါတယ်။
စမ်းသပ်စစ်ဆေးခြင်းများ
ရောဂါရှာဖွေရန် စမ်းသပ်စစ်ဆေးမှု (ဆီးနမူနာ၌ ပိုးမွေးခြင်း၊ တစ်ကိုယ်လုံးကိုစမ်းသပ်ခြင်းနှင့် ဝှေးစေ့ကိုတယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း) များပြုလုပ်ရန်လိုအပ်ပြီး အခြားအကြောင်းအရင်းများကြောင့် နာကျင်ခြင်း (ဥပမာ - ဝှေးစေ့ကင်ဆာ) ဟုတ်/မဟုတ်ကို စစ်ဆေးသင့်ပါတယ်။
ခွဲစိတ်ကုသမှုကိုမပြုလုပ်မီ အကြောင်းအရင်းမရှိဘဲ ဝှေးစေ့နာကျင်ခြင်းဟုတ်/မဟုတ် တိတိကျကျပြောနိုင်တဲ့ စစ်ဆေးမှုတစ်ခုကိုပြုလုပ်ရန်လည်း ဆရာဝန်မှအကြံပေးပါလိမ့်မယ်။ အကြောထဲသို့ ထုံဆေးထိုးလိုက်ပါက နာကျင်ခြင်းသက်သာသွားသည်ဆိုပါက အကြောထဲမှာရှိတဲ့ အာရုံကြောများကြောင့်ဟုသိနိုင်ပြီး ရေရှည်အဆင်ပြေနိုင်ရန် ခွဲစိတ်ကုသမှုကိုခံယူသင့်ပါတယ်။
Dr.Shoskes က ထိုသို့ဖြစ်ရခြင်းမှာ အာရုံကြောမျှင်တွေက မှန်ကန်တဲ့အချက်ပေးစနစ်ကိုပေးပို့သလို မှားယွင်းတဲ့အချက်ပေးစနစ်တွေကိုလည်း ပေးပို့နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောကိုထုံစေပေမယ့်လည်း နာကျင်ခြင်းဝေဒနာက မသက်သာဘူးဆိုလျှင်တော့ နာကျင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်ထံသို့ သွားရောက်ဆွေးနွေးသင့်ပါတယ်။
အကြောထဲမှာရှိတဲ့ အာရုံကြောမျှင်များဖြတ်တောက်ခြင်းကို မည်သို့ပြုလုပ်ပါသနည်း
အသေးစားခွဲစိတ်မှုတစ်ခုဖြစ်ပြီး ဝှေးစေ့အထက်ပိုင်းမှာရှိတဲ့ ဝမ်းဗိုက်ကိုဓားမြင့်အနည်းငယ်ခွဲ၍ အကြောကိုမြင်ရအောင် ပြုလုပ်ပြီးအာရုံကြောမျှင်များကို ဖြတ်တောက်ပါလိမ့်မယ်။ ဒါပေမယ့် သွေးကြော၊ ပြန်ရည်ကြောများမထိခိုက်စေရန် ဂရုပြုရပါမယ်။
Dr.Shoskes ရဲ့ ပြောကြားချက်အရ ၎င်းခွဲစိတ်မှုမှာ 45-90 မိနစ်ထက်ကြာမြင့်တတ်ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ 65-80 ထိရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိကြောင်းသိရပါတယ်။ သို့ရာတွင် အခြားခွဲစိတ်မှုများကဲ့သို့ပင် ဝှေးစေ့ထိခိုက်ခြင်းနှင့် ဝှေးစေ့ပတ်လည်တွင် ရေများစုပုံလာခြင်း စတဲ့အန္တရာယ်တွေကတော့ ရှိနေနိုင်ပါတယ်။
ဆက်လက်၍ ပြောကြားရာမှာတော့ အာရုံကြောမျှင်တွေဟာ အလွန်သေးငယ်တာကြောင့် အရေးကြီးအစိတ်အပိုင်းတွေကလွဲလို့ ကျန်တဲ့အာရုံကြောအားလုံးကိုဖြတ်တောက်ပစ်ဖို့လိုပါတယ်ဟု သိရပါတယ်။ အကယ်၍ ခွဲစိတ်ကုသမှုခံယူပြီးသည့်တိုင် နာကျင်ခြင်းကိုဆက်လက်ခံစားနေရပါက နာကျင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကိုခံယူသင့်ပါတယ်။
Dr. Moe Thauk Pan
















