အပြာရုပ်ရှင်နဲ့ ပန်းသေပန်းညှိုးခြင်း
ပန်းသေပန်းညှိုးခြင်းဆိုတာဟာ အဖော်နဲ့ အတူနေချိန်မှာ လိင်တံ ထောင်မတ်မှုမရှိခြင်းကို ဆိုလိုပြီး ယာယီ တစ်ခါတစ်ရံ ဖြစ်တတ်သလို ရေရှည်ဖြစ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်း အများကြီးကြောင့် ဖြစ်တတ်ပေမယ့် အပြာရုပ်ရှင်နဲ့ စပ်ဆိုင်မှုရှိသလား?
>> အပြာရုပ်ရှင်နဲ့ လိင်မှုဆန္ဒကုန်ခြင်း
ပန်းသေပန်းညှိုးခြင်းဟာ အသက်ကြီးသူ အမျိုးသားတွေမှာ ဖြစ်တတ်ပေမယ့် အီတလီမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ အပြာရုပ်ရှင်ကြည့်ရှုသူ လူငယ်လေးတွေမှာ လိင်မှုဆန္ဒ ကုန်ခမ်းခြင်း ဖြစ်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်သူ အများစုကတော့ ဒီလို မထင်မြင်ကြပါဘူး။
လေ့လာမှု (၃) ခုအရ အပြာရုပ်ရှင်ကြည့်ခြင်းနဲ့ ပန်းသေပန်းညှိုးခြင်း ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ လေ့လာမှုတစ်ခုမှာဆို ဒီလိုကြည့်ရှုခြင်းက ပိုပြီးလိင်မှုဆန္ဒကို များစေတယ်လို့တောင် တွေ့ရှိရပါတယ်။
ဒါပေမဲ့ အပြာရုပ်ရှင်တွေက လိင်မှု လိုလားမှုတွေကို လွှမ်းမိုးနိုင်တဲ့အတွက် အဖော်နဲ့ အတူနေချိန်မှာ လိင်မှုကိစ္စ ပြီးမြောက်ဖို့ ခက်ခဲတတ်တယ်လို့ သိရပါတယ်။
>> ကိုယ့်ကိုယ်အပေါ် အမြင်ကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။
အပြာရုပ်ရှင်တွေကြောင့် မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေ များလာပြီး ကိုယ့်ကိုယ်ကိုလည်း မလုံလောက်ဘူးလို့ ထင်လာတတ်ကြပါတယ်။
အပြာရုပ်ရှင်တွေကြောင့် ပန်းသေပန်းညှိုးဖြစ်ရတာ မဟုတ်ပေမယ့် အပြာရုပ်ရှင်အပေါ် ကာယကံရှင်ရဲ့ အမြင်ကလည်း အရေးကြီးတယ်လို့ သိရပါတယ်။ ပြင်ပမှာ တကယ်မရှိနိုင်တဲ့ လှု့ံဆော်မှုတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်တတ်ယ်လို့ ဆိုပါတယ်။
>> အမျိုးသားတွေအတွက် အကြံဉာဏ်
အကယ်၍ အပြာရုပ်ရှင်တွေက ကိုယ့်ရဲ့အိမ်ထောင်ဘဝကို ထိခိုက်မှုရှိတယ်လို့ ထင်ခဲ့ရင် ရက်ပေါင်း ၉၀ လောက် ဖြတ်ပြီး ကိုယ့်ရဲ့အာရုံခံစားမှု၊ လိင်စိတ် နိုးကြားမှုတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)















