/
news/အလှအပနှင့်ကျန်းမာရေး/ကခုန်ခြင်းက-ကျန်းမာစေ

ကခုန်ခြင်းက ကျန်းမာစေ

Category
အလှအပနှင့်ကျန်းမာရေး

1. ခန္ဓာကိုယ်ဟန်ချက်နဲ့ ညီညွတ်မှု ပိုကောင်းလာစေနိုင်ပါတယ်။

ကခုန်ခြင်းက ခန္ဓာကိုယ်ဟန်ချက်ညီမျှမှုကို တိုးတက်စေပါတယ်။ အစပိုင်းမှာတော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုများလာတာနဲ့အမျှ နောက်ဆုံးမှာ ခန္ဓာကိုယ်တည်ငြိမ်မှုနဲ့ ဟန်ချက်ညီမျှမှုတွေအပြင် အနေအထားပါတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

 

2. မိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံလာရပါမယ်။

တစ်ယောက်တည်း လေ့လာလို့ရတာတွေအများကြီးရှိပါတယ်။ ဥပမာ - ဘာသာစကားအသစ်၊ သည်းထိတ်ရင်ဖိုဝတၳုအသစ်ဖတ်ခြင်း၊ ကိရိယာတစ်ခုခုကိုလေ့လာခြင်း စသည်တို့ပြုလုပ်နိုင်ပါတယ်။ ဒါတွေက အသိဉာဏ်ကြွယ်ဝစေသော်လည်း မိတ်ဆွေအသစ်တွေနဲ့ မဆုံနိုင်ပါဘူး။ အကသင်တန်းတွေမှာ သွားပြီးအကသင်မယ်ဆိုရင်တော့ မိတ်ဆွေအမျိုးမျိုးနဲ့ တွေ့ဆုံနိုင်ပါတယ်။

 

3. ယဉ်ကျေးမှုအသစ်တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ကခုန်ခြင်းက ဘာသာစကားတစ်မျိုးဖြစ်ပြီး ယဉ်ကျေးမှုအဟန့်အတားမရှိပါဘူး။ အကသင်တန်းတွေက မိတ်ဆွေသစ်တွေသာမက ယဉ်ကျေးမှုအသစ်တွေနဲ့လည်း မိတ်ဆက်ပေးပါတယ်။ ကမ်ဘာ့နေရာအသီးသီးမှာ အကအမျိုးမျိုးကိုသင်ယူပြီး အသိပညာတွေကို ကျယ်ပြန့်လာစေပါလိမ့်မယ်။

 

4. ကိုယ်အလေးချိန်ကျနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျခြင်းကတော့ အကရဲ့နောက်ထပ် အံ့အားသင့်စေတဲ့အ ကျိုးကျေးဇူးတစ်ခုပါပဲ။ အစာငတ်ခံတာ မနက်၊ ညနေတိုင်း gym ကစားတာတွေနဲ့စာရင် ကခုန်ခြင်းက ပျော်ရွှင်စေပါတယ်။ များများကလေလေ ကယ်လိုရီများများ လောင်ကျွမ်းလေလေပါပဲ။

 

5. စိတ်ကိုလည်း ပိုပြီးကျန်းမာစေပါတယ်။

စိတ်ဖိစီးမှုပြဿနာတွေအဖြစ်များပြီး လူပေါင်းများစွာက စိတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုနဲ့ အခြားစိတ်ပြဿနာမျိုးစုံကို ကြုံတွေ့နေကြရပါတယ်။ လေ့လာမှုများစွာအရ ကခုန်ခြင်းဖြင့် ဦးနှောက်ဆီသွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှု ကောင်းမွန်စေပြီး ပျော်ရွှင်စေတဲ့ ဓာတုပစ္စည်းများများထွက်စေတဲ့အတွက် မှတ်ဉာဏ်ကောင်းမွန်စေပြီး သတိမေ့ရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

 

6. စွမ်းအင်တိုးလာစေပါတယ်။

တစ်ခါတစ်ရံမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရာကမထချင်တဲ့ နေ့ရက်တွေရှိပါတယ်။ ကော်ဖီသောက်ခြင်းဖြင့် ခဏတာလန်းဆန်းမှုရစေနိုင်ပေမယ့် ကခုန်ခြင်းကတော့ အချိန်အတော်ကြာလန်းဆန်းစေပါတယ်။

 

7. ခန္ဓာကိုယ်ကို သန်စွမ်းစေပါတယ်။

ခန္ဓာကိုယ်သန်စွမ်းစေဖို့အတွက် အသိသာဆုံးကတော့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးခြင်းဖြစ်ပါတယ်။ ကြွက်သားတွေသန်မာလာစေတဲ့ အလွယ်ဆုံးနဲ့ ပျော်ဖို့ကောင်းတဲ့နည်းလမ်းကတော့ ကခုန်ခြင်းပါပဲ။

 

8. နုပျိုစေပါတယ်။

နုပျိုခြင်းက ကခုန်ခြင်းရဲ့ နောက်ထပ်အံ့သြစရာအကျိုးကျေးဇူးတစ်ခုပါ။ အားလုံးက အမြဲနုပျိုချင်ကြပေမယ့် မဖြစ်နိုင်ပါဘူး။ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပြီး အသက်ထက်ပိုပြီးနုပျိုအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကခုန်ခြင်းက ခန္ဓာကိုယ်ကောက်ကြောင်းကို ထိန်းသိမ်းထားနိုင်ပြီး နုပျိုစေပါတယ်။

 

9. ခန္ဓာကိုယ်လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပါတယ်။

ခန္ဓာကိုယ်အကွေး အဆန့်ကောင်းမွန်စေခြင်းဖြင့် အရိုးအဆစ်တွေတောင့်တင်းနာကျင်မှုကို လျော့ကျစေတဲ့အပြင် အရိုးပွခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

 

10. ဗိုက်ချပ်စေပါတယ်။

ဗိုက်မချပ်ချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ ပိုနေတဲ့ ဝမ်းဗိုက်အဆီတွေကိုဖယ်ရှားခြင်းကခက်ခဲပြီး နည်းလမ်းတစ်ခုတည်းနဲ့ အသုံးမဝင်ပါဘူး။ တစ်ချိန်တည်းမှာ လုပ်စရာနည်းများစွာနဲ့အတူ ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေဖို့အတွက် အကသင်ယူပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com