/
news/အလှအပနှင့်ကျန်းမာရေး/သံပရိုသီး၏-အသုံး၀င်ပုံအမျိုးမျိုး

သံပရိုသီး၏ အသုံး၀င်ပုံအမျိုးမျိုး

Category
အလှအပနှင့်ကျန်းမာရေး

1. ခန္ဓာကိုယ်တွင်းသန့်စင်စေပြီး ကိုယ်ခံအားမြှင့်တင်ပေးနိုင်ခြင်း

          မနက်စောစော သံပရိုရည်နွေးနွေးလေးတစ်ခွက်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း သန့်စင်စေပါတယ်။ သံပရိုသီးမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ဆီးနဲ့အတူစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

 

2. အစာကြေစေခြင်း

          သံပရိုသီးဟာ အစာခြေလုပ်ငန်းကိုကူညီဖို့အတွက် သည်းခြေရည်ထွက်အားကောင်းစေတာကြောင့် အစာခြေဖျက်ခြင်းလုပ်ငန်းကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းမှ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 

3. ခြင်နိုင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

          တစ်ခြမ်းပိုင်းထားတဲ့ သံပရိုသီးခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ သိပ်ထည့်ထားပါက ခြင်ပြေးစေနိုင်ပါတယ်။

 

4. ပိုင်းဖြတ်ထားသောပန်းသီးကိုအညိုရောင်မသန်းစေခြင်း

          စိတ်ပိုင်းထားတဲ့ ပန်းသီး၊ ထောပတ်သီးပေါ်ကို သံပရိုသီးနဲ့ပွတ်ပေးပါက အညိုဘက်သန်းမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

5. သားငါးခုတ်ထစ်သောပလပ်စတစ်ပြားတွင် ပိုးမွှားကင်းစေခြင်း

          သားငါးခုတ်ထစ်ရာမှာသုံးတဲ့ ပလပ်စတစ်ပြားပေါ်ကိုသံပရိုသီးနဲ့ ပွတ်တိုက်သန့်စင်ပေးပါက ကပ်တွယ်နေတဲ့ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

 

CMS (www.drmyanmar.com)