/
news/အလှအပနှင့်ကျန်းမာရေး/ကိုယ်အလေးချိန်ထိန်းသိမ်းနည်း-9-နည်း

ကိုယ်အလေးချိန်ထိန်းသိမ်းနည်း (9) နည်း

Category
အလှအပနှင့်ကျန်းမာရေး

1. တစ်နေ့ကို မိနစ် 20-30 လမ်းလျှောက်ပါ။ (သို့) ခြေလှမ်း 2000 လျှောက်ပါ။

2. ပန်းသီးစားပါ။ ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် ခန္ဓာကိုယ်တွင်းရှိလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်တကူစွန့်ထုတ်နိုင်ပြီး ခန္ဓာကိုယ်တွင်းအဆီပိုတွေ သိုလှောင်စေခြင်းမရှိတဲ့အတွက် ကိုယ်အလေးချိန်တက်မလာအောင် အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာပါ၀င်တဲ့ ဗီတာမင် C က နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှ လျှော့ချပေးနိုင်ပါတယ်။

3. ပြုပြင်ထားတဲ့အဆီတွေပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။ ဥပမာ- မာဂျရင်းထောပတ်၊ ကွတ်ကီးမုန့်၊ ကိတ်မုန့်၊ အာလူးချောင်းကြော်

4. ယမကာသောက်သုံးမှုမလွန်ပါစေနဲ့။

5. အချိန်မှန်မှန်စားပါ။ မနက်စာကို မဖြစ်မနေစားပါ။

6. အဆီဖယ်ထားတဲ့ ဒိန်ချဉ်သောက်ပါ။

7. ဆားစားသုံးမှု လျှော့ချပါ။

8. အညိုရောင်ပေါင်မုန့်၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့လုပ်ထားတဲ့ ကွေကာ၊ အုတ်ဂျုံမှုန့် စတဲ့အစားအစာတွေမှာ အာဟာရဓာတ်များကြွယ်၀ပြီး အမျှင်ဓါတ်ပါ၀င်မှုမြင့်မားတာကြောင့် ကိုယ်အလေးချိန်ိထိန်းရာမှာ များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

9. ရေဓာတ်ဖြည့်တင်းပါ။ ခန္ဓာကိုယ်က ဇီ၀ဖြစ်ပျက်မှုကောင်းမွန်စေဖို့အတွက် ရေက အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်နေခြင်းကြောင့် အစာခြေစနစ်ကောင်းစေပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့အပြင် အသားအရေကိုကြည်လင်စေပါတယ်။ တစ်နေ့လျှင် ရေရှစ်ဖန်ခွက် ဒါမှမဟုတ် ဆယ်ဖန်ခွက်သောက်ပြီး ရေဓာတ်ရယူနိုင်သလို ရေဓာတ်ပါ၀င်မှုများတဲ့ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း၊ ဟင်းချိုသောက်သုံးခြင်းဖြင့်လည်း ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

CMS (www.drmyanmar.com)