ဆယ်ကျော်သက်တို့ ကြုံတွေ့ရလေ့ရှိသော အရေပြားပြဿနာများနှင့် ဖြေရှင်းနည်းများ
ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါမှာ အသားအရေနဲ့ ပတ်သက်ပြီး ဂရုစိုက်လာကြပါတယ်။ အဆီပြန်ခြင်းက ဒီအရွယ်မှာ အတွေ့များတဲ့ပြဿနာတစ်ခုဖြစ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်က အမွှေးအမျှင်တွေလည်းစပြီး ထွက်လာပါတယ်။
♦ ဘာကြောင့် အဆီ အရမ်းပြန်ရသလဲ?
အရွယ်ရောက်စအချိန်မှာ ဟော်မုန်းအပြောင်းအလဲများတဲ့အတွက် အရေပြားရဲ့တုံ့ပြန်မှုကလည်း ပြင်းထန်ပါတယ်။ အရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ် အပြောင်းအလဲတွေကိုဖြစ်စေတဲ့ ဟော်မုန်းတွေကပဲ အရေပြားက အဆီထုတ်ပေးတဲ့ ဂလင်းလေးတွေကို ထိန်းချုပ်ထားတဲ့အတွက် အဆီထွက် များလာပါတယ်။ ဒါကပုံမှန်ပါပဲ။ အချိန်ကျရင် သူ့အလိုလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
ဒီလို အဆီအရမ်းပြန်နေတဲ့အချိန်မှာတော့ အဆီမပါတဲ့ မျက်နှာသစ်ဆေးတွေ၊ အဆီစုပ်စက္ကူတွေ သုံးပေးခြင်းဖြင့် အဆီထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။ မျက်နှာ မကြာခဏသစ်ခြင်းက အရေပြားကို ထိခိုက်စေပြီး အဆီပိုထွက်စေတဲ့အတွက် မကြာခဏ မျက်နှာသစ်ခြင်း မပြုပါနဲ့။
♦ ဝက်ခြံတွေ အများကြီး ဘာကြောင့်ထွက်လာရသလဲ?
ဆယ်ကျော်သက်အရွယ်မှာ မျက်နှာအဆီထွက်များပြီး ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမည်းစက်တွေပါ ဖြစ်လေ့ရှိပါတယ်။ ပိတ်နေတဲ့ ချွေးပေါက်၊ ညစ်ပတ်နေတဲ့ ချွေးပေါက်ထဲက ဘက်တီးရီးယားပိုးတွေနဲ့ အဆီနဲ့ ထိတွေ့တဲ့အခါမှာ ဝက်ခြံပေါက်လာပါတယ်။
ဒီပြဿနာအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ မျက်နှာပုံမှန်သစ်၊ ဘက်တီးရီးယားပိုးတွေကို ထိန်းချုပ်နိုင်မယ့် ဆေးပါတဲ့ အစိုဓာတ်လိမ်းဆေးလိမ်း၊ မျက်နှာ အဆီအရမ်းမပြန်အောင် ဂရုတစိုက်ထားခြင်းပါ။ မျက်နှာကိုလက်ဖြင့် ထိတွေ့ကိုင်တွယ်ခြင်းများ မပြုပါနဲ့။
Bio-Oil 1

♦ အမွှေးတွေ ပေါက်လာတာကို ဘယ်လိုလုပ်ရမလဲ?
ခန္ဓာကိုယ်က အမွှေးတွေကို ရိတ်ချင်တယ်ဆိုရင် အမွှေးရိတ်နည်းကို မှန်ကန်စွာသိဖို့ လိုပါတယ်။ အပူငွေ့၊ စိုစွတ်မှုနဲ့ ရေနွေးငွေ့တွေကြောင့် အမွှေးတွေ နူးညံပျော့ပြောင်းနေတဲ့ ရေချိုးပြီးချိန်မှာ အမွှေးရိတ်တာ အကောင်းဆုံးပါပဲ။
အရေပြားကို မထိခိုက်စေဖို့အတွက် ဘရိတ်ဓားထက်ထက်နဲ့ သေချာရိတ်နည်း၊ အမွေးရိတ် (သို့) ချောဆီတစ်ခုခု လိမ်းနည်း၊ အမွှေးရိတ်ပြီးရင် ဘာတွေလုပ်ရမယ်ဆိုတာကို စနစ်တကျ သင်ထားပေးပါတယ်။ အမွှေးရိတ်ပြီးပါက အရေပြားကို ရေနွေးနဲ့ဆေးပြီး အစိုဓာတ်ထိန်းဆေး လိမ်းပေးပါ။ လိုအပ်ပါက တိုနာလိမ်းပေးပါ။
ဒီအချက်တွေကို သိထားပြီး လိုက်နာမယ်ဆိုရင် ဆယ်ကျော်သက် အချိန်အခါကို ယုံကြည်မှုအပြည့်နဲ့ ကျော်လွှားနိုင်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio-Oil 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















