/
news/အလှအပနှင့်ကျန်းမာရေး/မိတ်ကပ်ကိုတစ်နေ့လုံးကြာရှည်ခံစေမည့်-နည်းလမ်းများ

မိတ်ကပ်ကိုတစ်နေ့လုံးကြာရှည်ခံစေမည့် နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

1.   ကွန်ဆဲလ်လာ

          မိတ်ကပ်ကိုတစ်နေ့တာလုံး ကြာရှည်ခံချင်တယ်ဆိုရင်တော့ ကွန်ဆဲလ်လာလိမ်းပြီးမှ မိတ်ကပ်ကို လိမ်းပေးသင့်ပါတယ်။ ကွန်ဆဲလ်လာရွေးချယ်တဲ့အခါမှာလည်း အသားအရောင်နဲ့ကိုက်ညီတာကို ရွေးချယ်ပေးပါ။ သင့်လျော်တဲ့ ကွန်ဆဲလ်လာလိမ်းခြင်းကြောင့် မျက်နှာတစ်၀ိုက်ကို လင်းလက်နေစေမှာဖြစ်ပါတယ်။

 

2.   ဖောင်ဒေးရှင်း

        လိမ်းထားတဲ့မိတ်ကပ်များကြာရှည်ခံခြင်းရဲ့ လျှို့၀ှက်ချက်က ဖောင်ဒေးရှင်းပါပဲ။ ဒါကြောင့် မိမိအသားအရေနဲ့သင့်တော်တဲ့ အမျိုးအစားကိုသာ ရွေးချယ်ပေးပါ။ ကောင်းမွန်တဲ့ အောက်ခံဖောင်ဒေးရှင်းဆိုတာ အဆီပြန်ခြင်း၊ မိတ်ကပ်သားကွယ်ခြင်းတို့ကို မဖြစ်စေပါဘူး။ မိတ်ကပ်သားကြာရှည်ပိုခံအောင် ဖောင်ဒေးရှင်းလိမ်းပြီး အပေါ်မှပေါင်ဒါလေးဖို့ပေးပါ။

 

3.   ဘရပ်ရှ်

        မိတ်ကပ်လိမ်းချိန်မှာ အမျိုးသမီးအများစုက လက်ချောင်းတွေသုံးပြီးတော့သာ လိမ်းလေ့ရှိပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းတဲ့ဖော့ ဒါမှမဟုတ် ဘရပ်ရှ်ကိုသုံးတာက မိတ်ကပ်ကိုကြာရှည်ခံကာ ပိုမိုညီညာစေပါတယ်။

 

4.   Eyeliner

        တစ်နေ့တာလုံးလှပချင်တယ်ဆိုရင်တော့ Eyeliner ကောင်းကောင်းကို ရွေးချယ်ဖို့လည်းလိုအပ်ပါတယ်။ မိမိအသားရေက အဆီပြန်တတ်တယ်ဆိုရင် ခဲဆံသားပုံစံရှိတဲ့ Eyeliner ကိုရွေးချယ်ပေးပါ။ Eyeliner ကြာရှည်ခံစေရန် Eyeliner မဆိုးခင်မှာ အဖြူရောင် ဒါမှမဟုတ် ခရင်မ်အရောင်ရှိတဲ့ Eyeshadow ကိုအောက်ခံအနေနဲ့ဆိုးပေးပါ။

 

5.   နှုတ်ခမ်းခြယ်သမှု

          နှုတ်ခမ်းဆိုးဆေးမဆိုးခင်မှာ ကွန်ဆဲလ်လာအနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီးမှ နှုတ်ခမ်းဆိုးဆေး အခြောက်နှင့်ဆိုးပါ။ ထို့နောက် နှုတ်ခမ်းပေါ်ကိုပေါင်ဒါဖို့ပေးပြီး နှုတ်ခမ်းဆိုးဆေးအစိုကိုဆိုးပေးပါ။

 

 

www.drmyanmar.com