/
news/အလှအပနှင့်ကျန်းမာရေး/ဆံပင်ကျွတ်အောင်-ကိုယ်-ဘာတွေလုပ်နေမိလဲ

ဆံပင်ကျွတ်အောင် ကိုယ် ဘာတွေလုပ်နေမိလဲ?

Category
အလှအပနှင့်ကျန်းမာရေး

          စားတဲ့အစားအသောက်ကစလို့ ဆံပင်ကို ဘယ်လိုဂရုစိုက်သလဲဆိုတဲ့ ကျွန်မတု့ိရဲ့ နေ့စဉ်လူနေမှုဘဝပုံစံတွေက ဆံသားတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်နော်။ ဆံပင် တစ်မျှင်နှစ်မျှင်လောက် ကျွတ်တာက ဘာမှမဖြစ်ပေမယ့် အထွေးလိုက် ကျွတ်လာပြီဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ ဒီလိုဆိုရင်တော့ ကိုယ် ဘာမှားနေလဲဆိုတာကို ရှာဖို့လိုလာပြီ။ ဆံပင်တွေပါးပြီး အဖျားနှစ်ခွဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -

 

       ရေနွေးနဲ့ ရေချိုးခြင်း

          ရေနွေးနဲ့ ရေချိုးရတာ ကြိုက်ကြပေမယ့်လည်း အသားအရေကိုတင်မက ဆံသားတွေကိုပါ ခြောက်သွေ့စေပြီး ဦးရေပြားအဆီဓာတ်တွေကို ခမ်းခြောက်စေနိုင်တယ်။ ဒါကြောင့် ဆံပင်တွေ ကြမ်းတမ်း ကြွတ်ဆတ်လာတတ်တယ်။ ဒါကြောင့် ကြက်သီးနွေးရေလေးနဲ့ ချိုးပေးပြီး ဆံပင်ကိုဖြစ်နိုင်ရင် ရေအေးလေးနဲ့ လျှော်ပေးပါ။

 

       ဆံပင်အစိုကို ဖြီးခြင်း

          ဆံပင်အစိုလောက် ဆံသားတွေ ပြတ်လွယ်တာ မရှိဘူး။ ဒါကြောင့် ဘီးကြဲကြဲနဲ့ဖြီးတာ၊ ဒါမှမဟုတ် အရင်အခြောက်ခံတာမျိုးတွေ လုပ်ပေးပါ။

 

       ဆံပင်ကို တင်းတင်းကြီး စည်းထားခြင်း

          ဆံပင်အရင်းကနေ တင်းတင်းကြီး စည်းထားတဲ့အခါ ဆံပင်တွေ ပျက်စီးပြီး ကျွတ်နိုင်တယ်။ ညဘက်အိပ်ရင်လည်း တင်းတင်းကြီး စည်းမအိပ်ပါနဲ့။

 

       အထပ်ထပ်တွေ လိမ်းခြင်း

          ဈေးကွက်ထဲမှာ ဆံပင်လိမ်းဆေးတွေတော့ အမျိုးပေါင်း သောင်းခြောက်ထောင် ရှိမေနေပေမယ့် ဓာတုပစ္စည်းတွေ အထပ်ထပ် လိမ်းမိရင်တော့ ကြာရှည်မှာ ဆံပင်အတွက် မကောင်းနိုင်ဘူး။ သဘာဝပစ္စည်းလေးတွေပဲ သုံးကြည့်ပါ။

 

       ဆံပင် မကြာမကြာ မလျှော်ခြင်း

          ဆံပင် မကြာမကြာ မလျှော်တဲ့အခါ ဦးရေပြားမှာ ဆံပင်မွေးညင်းနုတွေ ပိတ်သွားတတ်တယ်။ ၂ ရက်ခြားတစ်ခါလောက် ခေါင်းလျှော်ပေးဖို့ လိုတယ်။ အထူးသဖြင့် ချွေးထွက်များရင်၊ ဆံပင်လိမ်းဆေးတွေ အများကြီးသုံးရင်ရယ်ပေါ့။

 

       အစားရှောင်ခြင်း

          အစားရှောင်တာကြောင့် အာဟာရ မလုံလောက်တဲ့အခါမှာလည်း ဆံပင်ပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)