/
news/အလှအပနှင့်ကျန်းမာရေး/ကျန်းမာ၀ဖြိုး-အလှတိုးဖို့

ကျန်းမာ၀ဖြိုး အလှတိုးဖို့

Category
အလှအပနှင့်ကျန်းမာရေး

        ယနေ့ခေတ်မှာဆိုရင် ကိုယ်အလေးချိန်လျော့ချဖို့ကိုပဲ စိတ်အားထက်သန်နေကြတာများပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ကျစေဖို့ လှု့ံဆော်ပေးတဲ့ သင်တန်းတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကလည်း တစ်ပုံတစ်ပင်ပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဖွ့ံဖြိုးလိုတဲ့ မောင်မယ်လေးတွေလည်းများစွာရှိနေပါတယ်။

        အစားအများကြီးစားပြီး ကိုယ်အလေးချိန်တိုးအောင်လုပ်တာဟာ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ဒါကြောင့် ကျန်းမာလှပစွာ၀ဖြိုးစေဖို့ သင့်လျော်တဲ့အစားအစာတွေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

1)    အုတ်ဂျုံမှုန့်

              အုတ်ဂျုံမှုန့်ကိုလက်ဖက်ရည် ပန်းကန်လုံးတစ်၀က်စာခန့် ညစဉ်စားပေးပါက ကိုယ်အလေးချိန် တက်စေပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်ကောင်းစေပြီး အသားအရေစိုပြည်စေမှာ ဖြစ်ပါတယ်။

2)    ဆော်မွန်ငါး

              ဆော်မွန်ငါးမှာ ကြွက်သားတွေကို ကြီးထွားစေတဲ့ ပရိုတင်းဓာတ်ပါ၀င်ပြီး ကိုယ်အလေးချိန်တက်စေတဲ့ အဆီတွေ များစွာပါရှိပါတယ်။ ဒါကြောင့် ငါးအသားကိုဖယ်ပြီး အဆီကိုစားသုံးပါက ခန္ဓာကိုယ်ဖွ့ံဖြိုးစေနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။

3)    ထောပတ်သီး

              ထောပတ်သီးမှာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ မပြည့်၀ဆီပါ၀င်ပြီး သက်စောင့်ဓာတ် (ဗီတာမင်) နဲ့ သတ္တုဓာတ်ဆား (မင်နရယ်လ်) တို့ ပါ၀င်တာကြောင့် ၀ချင်တဲ့သူတွေအနေနဲ့ နေ့စဉ် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် ထောပတ်သီးဟာ ဆံပင်၊ အရေပြားနဲ့ လက်သည်း၊ ခြေသည်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

4)    ကန်စွန်းဥ

             ကာဗွန်ဟိုက်ဒြိတ်ခေါ် ကစီဓာတ် ကြွယ်၀စွာပါ၀င်တဲ့ ကန်စွန်းဥကို နေ့စဉ်စားပေးခြင်းဖြင့် ကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

5)    ချောကလက်

              ချောကလက်အမည်းမှာပါ၀င်တဲ့ အဆီဓာတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် နေ့စဉ်စားသုံးပါက ကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။

6)    ဗန်ဒါစေ့

              ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ ပြည့်နှက်နေတဲ့ ဗန်ဒါစေ့(သို့) ဗန်ဒါစေ့နဲ့ပြုလုပ်ထားတဲ့ ထောပတ်ကို နေ့စဉ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ဖွ့ံဖြိုးစေနိုင်ပါတယ်။

 

7)    နေ့စဉ်နာရီ၀က် လမ်းလျှောက်ပါ

              ပုံမှန်ခြေလှမ်းနှုန်းနဲ့ မိနစ် 30 ကြာ နေ့စဉ်လမ်းလျှောက်ပေးခြင်းဟာ ကိုယ်အလေးချိန်တိုးစေဖို့ ကူညီပေးပါတယ်။ ကိုယ်အလေးချိန်လျော့ချနေတဲ့သူတွေလိုတော့ အမြန်နှုန်းနဲ့ လျှောက်စရာမလိုပါဘူး။

 

Cho Thet

www.drmyanmar.com