/
news/အလှအပနှင့်ကျန်းမာရေး/ဆံပင်ပါးသူတွေလိုက်နာသင့်သည့်-အချက်များ

ဆံပင်ပါးသူတွေလိုက်နာသင့်သည့် အချက်များ

Category
အလှအပနှင့်ကျန်းမာရေး

1. ဆံသားတွေကို သန့်ရှင်းအောင်ထားပါ။

      ဆံပင်တွေမှာ အဆီတွေထွက်နေရင် ပါးတယ်လို့ပိုပြီးထင်ရပါတယ်။ ဒါ့ကြောင့် ခေါင်းပုံမှန်လျှော်ပါ။

2. ပျော့ဆေးကို နည်းစနစ်မှန်ကန်စွာသုံးပါ။

      ဆံသားတွေခြောက်သွေ့ပြီး အရောင်မွဲနေရင် ပျော့ဆေးကို ခေါင်းတစ်ခေါင်းလုံးပေါ်ကို မလိမ်းသင့်ပါဘူး။ ပိုပြီးခြောက်သွေ့တယ်လို့ထင်ရတဲ့ ဆံပင်အဖျားဘက်တွေကိုပဲ ပျော့ဆေးအနည်းငယ်လိမ်းပေးပါ။

3. ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးပါ။

      ဆံပင်တွေကျန်းမာသန်စွမ်းစေဖို့နဲ့ ကြည့်ကောင်းစေဖို့အတွက် 6-8 ပတ်ကြာရင်တစ်ကြိမ် အဖျားတွေကို တိပေးသင့်ပါတယ်။ ဒါပေမယ့် အထပ်အထပ်တွေအရမ်းမညှပ်ပါနဲ့။

4. အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကိုအသုံးပြုပါ။

      ဆံပင်ကောင်းခြင်းက သုံးတဲ့ပစ္စည်းတွေမှာမူတည်တဲ့အတွက် ဆံသားပါးတဲ့သူတွေအတွက် ထုတ်ထားတဲ့  အလှကုန်ပစ္စည်းကိုရွေးချယ်အသုံးပြုပါ။

5. အပူနဲ့အလွန်အကျွံမထိတွေ့ပါစေနဲ့။

      ဆံပင်ကို ပူတဲ့အရာတွေနဲ့ထိတွေ့တဲ့အခါ သတိထားပါ။ အပူများရင် ဆံပင်ကျွတ်ခြင်း၊ ခြောက်ခြင်း၊ ပြတ်ခြင်းများဖြစ်စေနိုင်ပါတယ်။

6. တစ်ပတ်တစ်ခါ ဆံပင်ပေါင်းပေးပါ။

      ဆံပင်ပေါင်းဆေးနဲ့ တစ်ပတ်တစ်ခါပေါင်းပေးခြင်းဖြင့် ပျက်စီးနေတဲ့နေရာတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ Jojoba seed oil, sea buckthorn berry, omega fatty acids, antioxidants, vitamin A, C ပါဝင်တဲ့ ပေါင်းဆေးတွေကို ရွေးချယ်အသုံးပြုပါ။

7. ဆံသားကျန်းမာစေတဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပါ။

      ဆံသားကျန်းမာရေးအတွက် အသားဓာတ်က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အသားဓာတ်မလုံလောက်ရင် နေစဉ်ကျွတ်သွားတဲ့ဆံသားတွေနေရာမှာ အစားပြန်မပေါက်နိုင်တော့ပါဘူး။ ကြက်သား၊ ဆယ်မွန်ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး စတဲ့အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားသုံးပေးပါ။ အခွံမာသီးန့ဲ ဆယ်မွန်ငါးတွေမှာ အသားဓာတ်သာမက ဆံသားအရင်းရှိ မွေးညှင်းပေါက်တွေကို ကျန်းမာစေတဲ့ omega-3 fatty acid လည်းကြွယ်ဝပါတယ်။ ဒိန်ချဉ်မှာလည်း ဦးရေပြားကို သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ပေါက်ခြင်းကို အားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဖရုံစေ့မှာတော့ သွပ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွပ်ဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်စေပါတယ်။

8. ဆံသားအားဖြည့်ဆေးများသုံးပါ။

       ဆံသားအွက်သီးသန့်ထုတ်လုပ်ထားတဲ့ အားဖြည့်ဆေးတွေဟာ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ biotin, keratin ဓာတ်တွေက ဆံသားသန်စွမ်းစေပြီး ထူထဲစေပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com