ဒိန်ချဉ်လေးနဲ့ ပေါင်းတင်မယ်
အိမ်မှာ အောက်ပါပစ္စည်းများကို အသုံးပြုပြီး ဒိန်ချဉ်မျက်နှာ ပေါင်းတင်ဆေး လုပ်နိုင်ပါတယ်။
● လတ်လတ်ဆတ်ဆတ် နှင်းဆီပွင့်လွှာ 6 ရွက်၊ 7 ရွက်
● နှင်းဆီရည် လက်ဖက်ရည်ဇွန်း 2 ဇွန်း
● Manuka ပျားရည် လက်ဖက်ရည်ဇွန်း 1 ဇွန်း
● ဒိန်ချဉ် လက်ဖက်ရည်ဇွန်း 1 ဇွန်း
ပစ္စည်းများ စုံလင်ပြီ ဆိုရင်တော့ -
1. နှင်းဆီပွင့်လွှာများကို ဇလုံတစ်ခုထဲ ထည့်ပြီး ချေပေးပါ။
2. ဒိန်ချဉ်၊ ပျားရည်နဲ့ နှင်းဆီရည်ကို ချေထားတဲ့ နှင်းဆီပွင့်လွှာနဲ့ ရောပေးပါ။
3. မျက်နှာပေါ် သုတ်လိမ်းပါ။
4. 10 မိနစ်ခန့် ထားပြီး မျက်နှာသစ်ချလိုက်ပါ။
ဒိန်ချဉ်ရဲ့ ကောင်းတဲ့အချက်တစ်ခုက မျက်နှာပေါ် ဒီအတိုင်း လိမ်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ မျက်နှာပေါင်းတင်ဆေးအပြင် ဒိန်ချဉ်သီးသန့်ကို မျက်နှာပေါ် အဝိုင်းလိုက် ပွတ်လိမ်းပေးပါ။ တစ်ပတ် 1 ကြိမ်၊ 2 ကြိမ် ပုံမှန်လုပ်ပေးပါက မျက်နှာအသားအရည် စိုပြေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ဒါ့အပြင် နေလောင်နေပါက ဘာမှမလိမ်းဘဲ ဒိန်ချဉ်အေးအေးလေးကို လိမ်းပေးပါ။ ဒိန်ချဉ်မှာပါတဲ့ ဇင့်ဓာတ်က နီရဲခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပြီး UVB ray ကြောင့်ဖြစ်တဲ့ melanin ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















