ဘီးအသုံးပြုရာမှာသိထားသင့်တဲ့ လျို့ဝှက်ချက်များ
1. စိုနေတဲ့အချိန်မှာ ဆံပင်တွေကပိုပြီးထိရှလွယ်ပါတယ်။
ဆံသားတွေထိခိုက်မှုနည်းစေဖို့အတွက် ဘီးကျဲကျဲ (သို့) ပျော့ပြောင်းတဲ့ ဝက်မှင်ဘီးကို သုံးပါ။
2. ဆံပင်အဖျားကိုအရင်ဖီးပြီးမှ အရင်းကိုဖီးပါ။
ဆံပင်အဖျားကို အရင်သေချာဖီးပြီးမှ အရင်းကိုဖီးသင့်ပါတယ်။ မဟုတ်ဘဲ အရင်းကနေစပြီး အတင်းဖီးချမယ်ဆိုရင် ဆံပင်ကိုဖိအားများစေပြီး ကျွတ်စေနိုင်ပါတယ်။
3. ဆံပင်အကြာကြီးဖီးခြင်းက ဆံသားကိုပျက်စီးစေနိုင်ပါတယ်။
ခေါင်းအလွန်အကျွံဖီးခြင်းကြောင့် ဆံပင်ရဲ့အပေါ်ယံအလွှာကိုပျက်စီးစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆံသားကို သုံးလေးချက်လောက်ဖီးပေးလိုက်ရင် ဆံပင်အထုံးတွေဖြည်ဖို့နဲ့ ပုံကျဖို့အတွက်လုံလောက်ပါပြီ။
4. ဘီးကိုသန့်ရှင်းအောင်ထားပါ။
ဘီးတွေက ဆံပင်အပြင်သားကိုနူးညံ့စေပြီး ဦးရေပြားကအဆီတွေကို ဆံပင်တစ်ချောင်းလုံးဆီကို ပျံ့န့ှံစေပါတယ်။ ဘီးကြားထဲမှာ ဆံပင်တွေနဲ့့ ချေး(ဂျီး)တွေအများကြီးကပ်နေမယ်ဆိုရင်တော့ ကောင်းကောင်း အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့်တော့ အနည်းဆုံးတစ်ပတ်တစ်ကြိမ် ဘီးကိုဆေးပေးသင့်ပါတယ်။ ဘီးဆေးနည်း - ပထမဆုံးဘီးကြားထဲက ဆံပင်တွေကို ဖယ်ထုတ်လိုက်ပါ။ ခေါင်းလျှော်ရည်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေတစ်ခွက်ရောပြီး အဲဒီအထဲမှာ ဘီးကို မိနစ်အနည်းငယ်ကြာအောင်စိမ်ထားပေးပါ။ ပြီးလျှင်ရေစင်အောင်ဆေးပြီး ခြောက်သွေ့အောင်ထားပါ။
5. ခေါင်းမလျှော်ခင် ခေါင်းဖီးပေးပါ။
ခေါင်းမလျှော်ခင် ခေါင်းဖီးပေးခြင်းဖြင့် ချေး (ဂျီး) တွေထွက်သွားစေတဲ့အတွက် ခေါင်းလျှော်ရ လွယ်ကူစေပါတယ်။ ဒါ့အပြင် ဦးရေပြားက အဆီတွေကိုလည်း ဆံပင်အရင်းမှအဖျားအထိရောက်စေပါတယ်။
6. ကိုယ်နဲ့သင့်တော်တဲ့ဘီးကို ရွေးချယ်အသုံးပြုဖို့အရေးကြီးပါတယ်။
7. ဝက်မှင်ဘီၤးတွေက ဆံသားကို တောက်ပြောင်စေပါတယ်။
ဒီဘီးတွေက ဈေးကြီးပေမယ့် ဘီးအသွားတွေက ဦးရေပြားမှာရှိတဲ့အဆီတွေကို ဆံချည်တစ်မျှင်လုံးဆီကို ရောက်စေပြီး ဆံသားကို ကျန်းမာတောက်ပြောင်စေပါတယ်။
8. နိုင်လွန်သွားဝက်မှင်ဘီးတွေက ဆံသားကိုဖြောင့့်စင်းစေပါတယ်။
ဘီးရဲ့ နိုင်လွန်ဘရပ်စ်လေးတွေက ဆံသားကိုဖြောင့်စင်းစေဖို့နဲ့ ဆံပင်ကိုဝပ်ဝပ်လေးဖြစ်နေစေဖို့အတွက် အကောင်းဆုံးပါပဲ။
9. ဘီးမှာပါတဲ့ ဘရပ်စ်လေး (အမျှင်) လေးတွေကို သေချာရွေးချယ်ပြီးဝယ်ပါ။
ဘီးသွားမှာ သတ္တုပါတဲ့ (သို့) ချွန်ထက်တဲ့ဘီးတွေက ဦးရေပြားကို ပေါက်ပြဲစေနိုင်ပြီး ဆံပင်ကို ထိခိုက်စေနိုင်တဲ့အတွက် ဒီလိုဘီးတွေ မသုံးပါနဲ့။ ဘီးသွားမျှင်တွေထိပ်မှာ လုံးလုံးလေးဖြစ်နေတဲ့ဟာမျိုးကိုရှာပြီး မဝယ်မီ ဘီးထ်ိပ်ကို လက်ဖဝါးမှာ ပွတ်ပြီးစမ်းသပ်ကြည့်ပါ။
10. ဘီးပုံစံရွေးချယ်မှုမှန်ကန်ဖို့လည်းအရေးကြီးပါတယ်။
ဝက်မှင်ဘီးတွေက အပြားပုံစံနဲ့ အလုံးပုံစံဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။ ဆံပင်ကို ဝပ်သွားစေချင်တာလား၊ ဖောင်းဖောင်းလေးဖြစ်နေချင်တာလားဆိုတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘီးပုံစံကိုရွေးချယ်ရပါမယ်။ တစ်ခြမ်းပဲပါတဲ့ဘီးက ဆံပင်ကိုဝပ်စေပြီး ဘီးအလုံးကတော့ ဆံပင်ကို ဖောင်းဖောင်းလေးဖြစ်နေစေပါတယ်။
11. ဆံပင်ခြောက်အောင်မှုတ်တဲ့အချိန်မှာ ဘီးကိုင်တာမှန်ဖို့လိုပါတယ်။
Hair dryer ကို သန်တဲ့လက်ကကိုင်ပြီး ဘီးကို ကျန်လက်တစ်ဖက်နဲ့ အကိုင်များကြပါတယ်။ အချိန်မြန်ပြီး အားစိုက်ရနည်းစေဖို့ဆိုရင် ဘီးကို သန်တဲ့လက်ကကိုင်သင့်ပြီး dryer ကို ကျန်တစ်ဖက်နဲ့ကိုင်တာက ပိုပြီးသင့်တော်ပါတယ်။
12. ဘီးတစ်ချောင်းက တစ်သက်လုံးမခံပါဘူး။
ကိုယ်ကြိုက်တဲ့ဘီးတစ်ချောင်းပိုင်ဆိုင်ထားခဲ့ရင် ပစ်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ဘီးသွားမျှင်တွေကြွေသွားပြီဆိုရင်တော့ ဆံပင်ပျက်စီးစေနိုင်တဲ့အတွက် အသစ်လဲပေးရပါမယ်။ အရည်အသွေးကောင်းမွန်တဲ့ဘီးတစ်ချောင်းက အနည်းဆုံး 3 နှစ်လောက် အသုံးပြုနိုင်ပါတယ်။
Dr. Mya Myo Myo Swe
















