မနက်စောစော ဘာမှမစားခင် ရေဘာကြောင့်သောက်သင့်သလဲ
အသက်ရှည်ဖို့အတွက် ရေလိုအပ်တဲ့အပြင် ကျန်းမာရေးအတွက်ရေဟာ များစွာအထောက်အကူပြုပါ တယ်။ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းများနှင့် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာပြုလုပ်နိုင်ရန် အတွက် ရေဟာမရှိမဖြစ်လိုအပ်ပါတယ်။
1. နံနက်စာမစားမီ ရေ 1-2 ဖန်ခွက်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်မှမလိုအပ်တဲ့အရာတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဤနည်းအားဖြင့် ရေဟာ ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံသာမက တစ်နေ့တာရဲ့အစမှ ဇီဝဖြစ်စဉ်တွေကို ပိုမိုအားကောင်းစေနိုင်ပါတယ်။
2. ညအချိန်မှာတော့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေပြုပြင်ခြင်းနှင့် သန့်စင်ခြင်းတွေကိုပြုလုပ်တာကြောင့် အစာမရှိတဲ့အချိန်မှာ ရေတစ်ဖန်ခွက်သောက်ခြင်းဖြင့် အညစ်အကြေးတွေကို ဆီးမှတဆင့် စွန့်ထုတ်ပေးနိုင် ပါတယ်။
3. အစာမရှိတဲ့အချိန် ရေတစ်ဖန်ခွက် (သို့) ထို့ထက်ပို၍ ရေသောက်သုံးပေးခြင်းဟာ အရက်၊ ဆေးလိပ်၊ လေ ထုညစ်ညမ်းမှု၊ သွားရေစာများနဲ့ အခြားအန္တရာယ်ရှိတဲ့အရာတွေရဲ့ အန္တရာယ်ကိုလျော့နည်းစေနိုင်ပါတယ်။
4. အစာမစားမီရေ 2 ခွက်သောက်ခြင်းဖြင့် အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို ပိုမိုကောင်းမွန်စေရုံသာမက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
5. မနက်စောစောရေသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေ ကို ရေဓာတ်ဖြည့်ပေးခြင်းဖြင့် လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပါတယ်။
6. အစာမရှိတဲ့အချိန်မှာ ရေ 2-3 ဖန်ခွက်သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ရုံသာမက ရေသောက်ခြင်းဖြင့် အစာစားချင်စိတ်ကိုလျော့နည်းစေပြီး အလွန်အကျွံစားသောက်ခြင်းကို ရှောင်ရှားနိုင်ပါတယ်။
7. ထို့ပြင် ရေသောက်ခြင်းဖြင့် ပြန်ရည်ကြောစနစ်၊ အူလမ်းကြောင်းတွေကိုထိန်းသိမ်းပေးပြီး ဟော်မုန်း ထုတ်လုပ်မှုနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေ ကိုလည်း ကောင်းမွန်စေပါတယ်။
8. အစာမစားမီ ရေနွေးပူပူတစ်ခွက်သောက်ခြင်းဟာ မနက်စောစောမှာဖြစ်လေ့ရှိတဲ့ အိပ်ချင်စိတ်နဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်ပါတယ်။
9. မနက်စာမစားမီရေသောက်ဖြင့် အူတွေရဲ့လှုပ်ရှားမှုကို လှု့ံဆော်ပေးနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
10. အစာအိမ်ရောင်တဲ့ရောဂါမျိုးအတွက်လည်း အစာမစားမီ ရေ 2-3 ဖန်ခွက်ခန့်သောက်ခြင်းဖြင့် အက်ဆစ်ထုတ်လုပ်မှုကို လျော့ကျစေပြီး အစာအိမ်ရောင်ရမ်းခြင်း သက်သာစေနိုင်ပါတယ်။
Dr. Thinzar Wynn
















