/
news/အလှအပနှင့်ကျန်းမာရေး/သခွားသံပရာရေအေးသောက်ပြီး-ဝိတ်ချကြမယ်

သခွားသံပရာရေအေးသောက်ပြီး ဝိတ်ချကြမယ်

Category
အလှအပနှင့်ကျန်းမာရေး

          အခုခေတ်မှာ Detox လို့ခေါ်တာတွေ ခေတ်စားနေပါတယ်။ Detox drink ဆိုတာ ဘာလဲ။ ခေတ်မီသွားအောင် ဖတ်ကြည့်ကြစို့ ...။

          အရောင်၊ အနံ့၊ အရသာကင်းတဲ့ ရေထဲကို သဘာဝသစ်သီးတွေ လှီးထည့်ပြီး အနံ့ အရသာတစ်မျိုး ဖန်တီးထားတဲ့ရေပါပဲ။

          ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံး သစ်သီးစိမ်ရေလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ သခွားသံပရာရေအေး ဖြစ်ပါတယ်။

●        သခွားသီးတစ်လုံးကို ရေစင်အောင် ဆေးပါ။ အော်ဂဲနစ်သခွားဆို ပိုကောင်းပါတယ်။ ဆယ်စိတ်ခန့် စိတ်ပါ။ မပါးမထူလေး စိတ်ပါ၊ ပြီးရင် ဖန်ဘူးလေးထဲကို ထည့်ပါ။

●        သံပရာသီးကို ရေစင်အောင် ဆေးပြီး  အလုံးလိုက် လှီးချလိုက်ပါ။ အခုနက သခွားသီး ထည့်တဲ့ဘူးထဲကို ထည့်ပါ။

●        ရေသန့်သန့်နှစ်ခွက် ဖန်ဘူးလေးထဲကို လောင်းထည့်ပါ။

●        နောက်ဆုံးကတော့ ပူစီနံရွက်လေးပါ။ နှစ်ရွက်ခန့် ခြွေထည့်ပေးပါ။

●        အဖုံး လုံအောင်ပိတ်ပြီး ဖန်ဘူးလေးကို ရေခဲသေတ္တာထဲမှာ တစ်ည သိပ်ထားပါ။

●        မနက်ရောက်တဲ့အခါ ဇွန်းသန့်သန့်လေးသုံးပြီး သံပရာစိတ်လေးတွေကို ဖယ်ထုတ်ပါ။ ခါးလာမှာမို့လို့ပါ။

●        ပြီးရင် သခွားရေအေးကို စတင်သောက်သုံးနိုင်ပါပြီ၊ ထပ်ထပ်ဖြည့်ပါ။ သုံးရက်တိတိ မကြာခဏဖြည့်ပြီး ရေသောက်သလို သောက်နိုင်ပါတယ်။ အတိုင်းအဆမရှိ မိမိနှစ်သက်သလောက် သောက်သုံးပါ။

●        သုံးရက်ပြည့်ရင် သွန်ပြီး အသစ်ထပ်လုပ်ပါ။

          တစ်ပတ်တိတိ သောက်သုံးခြင်းဖြင့် အင်မတန် ကျန်းမာရေးနဲ့ ညီညွတ်မျှတပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

          အဆီတွေကို ချေဖျက်ပေးတဲ့အတွက် မကြာခဏ ဝမ်းသွားတတ်ပါတယ်။ ဒီတော့ တစ်ပတ်ခြား သောက်ပြီး ဝိတ်ချကြည့်နိုင်ပါတယ်။

 

>>    သခွားသံပရာရေအေး သောက်လို့ ဘာအကျိုးကျေးဇူးရမလဲ?

●        ဗီတာမင်စီ

●        အင်တီအောက်ဆီးဒင့်

●        သဘာဝရေဓာတ်တွေ ပြည့်ပြည့်ဝဝ ရရှိပါတယ်

●        အသားအရေ လှစေတယ်

●        ကိုယ်တွင်းအဆိပ်ဓာတ်တွေ သန့်စင်စေတယ်

●        ကိုယ်အလေးချိန် ကျစေတယ်

●        အဆီတွေကိုချေဖျက်ပေးတယ်

●        အစားစားချင်စိတ် လျော့နည်းစေတယ်

●        သွေးပေါင် ပုံမှန်ညှိပေးပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)