/
news/အလှအပနှင့်ကျန်းမာရေး/အုန်းဆီရဲ့-အလှအပဆိုင်ရာ-အကျိုးကျေးဇူးများ

အုန်းဆီရဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ

Category
အလှအပနှင့်ကျန်းမာရေး

        အုန်းဆီမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဖက်တီးအက်ဆစ်များပြည့်နှက်နေပြီး မှိုပိုးနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်စွမ်းရှိတာကြောင့် ရာစုနှစ်များစွာတိုင်အောင် အစားအစာများ ချက်ပြုတ်ရာမှာသာမက ဆေးဝါးအဖြစ်ပါ ယုံယုံကြည်ကြည် သုံးစွဲလာကြခြင်းဖြစ်ပါတယ်။ အုန်းဆီဟာ အဆိပ် အတောက်များကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် အလှအပရေးရာအတွက်လည်း အံ့မခန်းအကျိုးပြုပေးနိုင်ပါတယ်။ ဒါကြောင့် အုန်းဆီကအလှအပအတွက် ဘယ်လိုအကျိုးပြုပေးနိုင်သလဲဆိုတာကို ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။

 

1.   အစိုဓာတ်ထိန်းပေးနိုင်ခြင်း

        အုန်းဆီက အစိုဓာတ်ထိန်းပေးနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ခြေဖနောင့်၊ တံတောင်ဆစ်၊ ဒူးလိုနေရာမျိုးတွေမှာ အစိုဓာတ်ပိုပြီးဖြည့်တင်းပေးနိုင်ပါတယ်။ ရေချိုးပြီးနောက် အစိုဓာတ်ရှိနေချိန်မှာ အုန်းဆီကို လိမ်းပေးသင့်ပြီး ညဘက်အိပ်ရာ၀င်ချိန် မျက်နှာမှာ night cream အနေနဲ့အသုံးပြုနိုင်တာကြောင့် တန်ဖိုးမမြင့်မားတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးလို့တောင်ဆိုနိုင်ပါတယ်။

 

2.   ဆံပင်ပေါင်းတင်ပေးနိုင်ခြင်း

        ခေါင်းမလျှော်ခင် ၁၅ မိနစ်အလိုမှာ အုန်းဆီနဲ့ပေါင်းတင်ပေးခြင်းဖြင့် ဆံပင်နှစ်ခွဖြစ်ခြင်း ကာကွယ်ပေးနိုင်ပြီး ဆံပင်သန်စွမ်းစေနိုင်ပါတယ်။ နဂိုဆံပင်ကောက်သူတွေအနေနဲ့ ခေါင်းမလျှော်ခင် အုန်းဆီလိမ်းကာ ဘီးနဲ့ ဖြီးချပြီးနောက် Showercap ဖြင့် ပေါင်းထားပြီးမှ ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်ကောက်သားတွေကို ပြေပြေ ပြစ်ပြစ် ဖြောင့်စင်းစေနိုင်ပါတယ်။

 

3.   သွားတိုက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

        မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ အုန်းဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပူဒီနာအမွှေးဆီ ၁၀ စက်ရောကာ အနှစ်ပြုလုပ်ပြီး သွားတိုက်ပေးခြင်းဖြင့် သွားများကို ဖြူစင်တောက်ပစေနိုင်ပါတယ်။

 

4.   ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

        မုန့်ဖုတ်ဆော်ဒါ၊ အုန်းဆီ၊ ပြောင်းမှုန့် (သို့) အာတာလွတ်ဥမှုန့်ကိုရောကာ ရေချိုးပြီးချိန် ချိုင်းအောက်မှာ လိမ်းပေးပါက အစိုဓာတ်ကိုစုပ်ယူနိုင်ပြီး ချွေးနံ့ဆိုးတွေကိုထွက်စေတဲ့ ဘက်တီးရီးယားပိုးတွကို သေစေနိုင်ပါတယ်။

 

5.   ဟင်းချက်ဆီအဖြစ်သုံးနိုင်ခြင်း

        အုန်းဆီမှာ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်တွေပါ၀င်ပြီး ကယ်လ်ဆီယမ်စုပ်ယူရာမှာ ကူညီပေးနိုင်ပါ တယ်။ ချက်ပြုတ်ကြော်လှော်ရာမှာ ဟင်းရွက်ဆီအဖြစ် ထည့်သွင်းအသုံးပြုပါက အရသာကိုပိုတိုးစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ဒါ့အပြင် ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းချို၊ စွတ်ပြုတ်ထဲကိုရောကာ သောက်ပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေပါတယ်။

 

6.   မိတ်ကပ်ဖျက်ပေးနိုင်ခြင်း

        ဂွမ်းစမှာအုန်းဆီစွတ်ကာ မိတ်ကပ်ဖျက်ပေးခြင်းဖြင့် မိတ်ကပ်များကို အလွယ်တကူသန့်စင်စေပြီး ရေစိုခံ မျက်တောင်ကော့ဆေးတွေကိုတောင် လွယ်လင့်တကူသန့်စင်စေနိုင်ကာ အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

7.   နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း

        အုန်းဆီကို သဘာ၀နေရောင်ကာခရမ်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဓာတုပစ္စည်းတွေမပါ၀င်တာကြောင့် အသားအရေအတွက် စိတ်ချရပေမယ့် အဆီတပြောင်ပြောင်ဖြစ်နေတာကိုတော့ လူတိုင်းတော့ သဘောကျလောက်မှာ မဟုတ်ပါဘူး။

 

8.   ခံတွင်းသန့်စင်ပေးခြင်း

        လက်ဖက်ရည်တစ်ဇွန်းစာအုန်းဆီကို 15 မိနစ်ကြာခန့် ငုံပေးပြီးနောက် သွားတိုက်ပေးပါကသွားကြားရှိ အစာအစအနတွေကို သန့်စင်ပေးပြီးဘက်တီးရီးယားပိုးများကိုကင်းစေကာ ခံတွင်းအနံ့ဆိုးခြင်း၊ သွားဖုံးရောဂါ များ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

9.   ၀က်ခြံပျောက်စေခြင်း

        ၀က်ခြံထွက်ခြင်းဟာမျက်နှာ အဆီပြန်သူတွေမှာ အဖြစ်များပြီး ကြိမ်ဖန်များစွာမျက်နှာသစ်ခြင်း၊ အသားအရေခြောက်စေတဲ့ ခရင်မ်များကို လိမ်းခြင်းကြောင့်ဖြစ်ရတာပါ။ ညအိပ်ရာမ၀င်မီ ၀က်ခြံနေရာမှာ အုန်းဆီတို့ပြီးအိပ်ပါ။ ၀က်ခြံများသိသိသာသာလျော့ပါးသွားစေနိုင်ပါတယ်။

 

10. ဗိုက်ကြောပြတ်ရာများကိုပျောက်ကင်းစေခြင်း

        ကိုယ်၀န်ဆောင်ချိန်မှာ ဖြစ်ပေါ်စေတဲ့ ဗိုက်ကြောပြတ်ရာသာမက ကိုယ်အလေးချိန် အတက် အကျဖြစ်ခြင်းကြောင့် ပျိုဖော်၀င်ချိန်ကြောင့်ဖြစ်လာစေတဲ့ အကြောပြတ်ရာများကို အုန်းဆီ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။ အုန်းဆီကို အကြောပြတ်ရာများဖြစ်နေတဲ့ အသားထဲ စိမ့်၀င်အောင်လိမ်းပေးပါ။

 

CMS (www.drmyanmar.com)