/
news/အလှအပနှင့်ကျန်းမာရေး/အရွယ်မတိုင်ခင်-အိုမင်းရင့်ရော်မှုကို-ကာကွယ်ရန်နည်းလမ်းများ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ရန်နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

အသက်အရွယ်ကြီးလာလို့ အိုမင်းရင့်ရော်လာခြင်းကို မတားဆီးနိုင်ပေမယ့် နေ့စဉ် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတော့ တားဆီးလို့ရနိုင်ပါတယ်။

(၁)  နေရောင်ကို ကာကွယ်ပါ
●  နေရောင်ကာနိုင်မည့် အဝတ်အစားဝတ်ပါ။
●  ရေစိုခံ နေရောင်ကာလိမ်းဆေးများ (SPF 30 နှင့်အထက်) သုံးပါ။
●  အရိပ်ထဲတွင် နေပါ။

(၂)  အစိုဓာတ်ပါတဲ့လိမ်းဆေး (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုး လိမ်းပါ
●  အသားအရေကို နူးညံ့စိုပြေစေဖို့အတွက် အစိုဓာတ်ပါတဲ့လိမ်းဆေး (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကို နေ့စဉ်လိမ်းပေးပါ။

Bio-Oil 1

(၃)  ဆေးလိပ်သောက်သူဆိုပါက ဆေးလိပ်ဖြတ်ပါ
●  ဆေးလိပ်သောက်ခြင်းဟာ အသားအရေကို ကြမ်းတမ်းစေပြီး အရေးအကြောင်းများကို စောစီးစွာ ဖြစ်ပေါ်စေပါတယ်။

(၄)  အရက်သောက်တတ်ပါက လျှော့သောက်ပါ
●  အရက်သောက်ခြင်းက ရေဓာတ်ခမ်းခြောက်စေပါတယ်။
●  ရေများများသောက်ပေးပါ။

(၅)  မျက်နှာအမူအရာ မကြာခဏပြုလုပ်ခြင်းကို လျှော့ပါ
●  မျက်နှာအမူအရာတစ်ခု ပြုလုပ်တိုင်း သက်ဆိုင်ရာကြွက်သားတွေကျုံ့ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် နှစ်တွေ ကြာလာတဲ့အခါ အရေးအကြောင်းများ ဖြစ်လာပါတယ်။

(၆)  အာဟာရပြည့်ဝအောင် စားပါ
●  အရည်ရွှမ်းတဲ့ အသီး၊ အရွက်များ စားပါ။
●  အချိုဓာတ်၊ ကစီဓာတ်များ လျှော့ပါ။

Bio-Oil 2

(၇)  လေ့ကျင့်ခန်းလုပ်ပါ
●  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။

(၈)  အသားအရေကို ညင်သာစွာ ဆေးကြောသန့်စင်ပေးပါ
●  ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းက သင့်အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
●  ညင်သာစွာ ဆေးကြောခြင်းက အရေပြားထဲရှိ မိတ်ကပ်နှင့် အညစ်အကြေးများကို ပိုပြီးဖယ်ရှားပေးနိုင်ပါတယ်။

(၉)  ချွေးထွက်ပါက တစ်နေ့ (၂) ကြိမ် မျက်နှာသစ်ပါ
●  ချွေးထွက်ခြင်းက အသားအရေကို လှုံ့ဆော်မှုတွေ ဖြစ်စေနိုင်တာကြောင့် မျက်နှာသစ်ပေးပါ။

(၁၀)  မိမိနဲ့ဓာတ်မတည့်သော အသုံးအဆောင်ပစ္စည်းများကို ဆက်မသုံးပါနဲ့
●  စပ်ဖျဉ်းဖျဉ်းဖြစ်စေသော (သို့) အရေပြားကို လောင်စေတတ်သောပစ္စည်းများကို ဆက်မသုံးသင့်ပါဘူး။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)