/
news/အလှအပနှင့်ကျန်းမာရေး/ဆံနွယ်အလှအတွက်-conditioner-သုံးမယ်

ဆံနွယ်အလှအတွက် Conditioner သုံးမယ်

Category
အလှအပနှင့်ကျန်းမာရေး

        ဆံပင်ဟာလူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ အမျိုးသမီးတိုင်းဟာဆံပင်ကို ပုံစံအမျိုးမျိုးပြုပြင်ပြီး ဆံပင်အရောင်အမျိုးမျိုးပြောင်းကာ လှပကျော့ရှင်းနေအောင် နေတတ်ကြပါတယ်။ ဒါကြောင့် လှပတဲ့ ဆံနွယ်လေးတွေကို အမြဲတမ်းပိုင်ဆိုင်နိုင်ဖို့ conditioner ကိုအသုံးပြုပြီး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

 

-   ဆံပင်အလှပြုပြင်ပေးနေတဲ့ အလှဖန်တီးရှင်တွေဟာ မိမိရဲ့ဆံသားနဲ့ကိုက်ညီတဲ့ Shampoo, Conditioner တို့ကို မှန်ကန်စွာရွေးချယ်အသုံးပြုတတ်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။

 

-   သင်ဟာဆံပင်အရောင်ဆိုးထားတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဆံပင်အရောင်မှေးမှိန်မသွားအောင်၊ ဆံပင်အရောင်အမြဲတမ်းတောက်ပနေအောင် အရောင်ကိုထိန်းပေးနိုင်စွမ်းရှိတဲ့ Conditioner ကို အသုံးပြုပေးသင့်ပါတယ်။ Conditioner ဟာခေါင်းလျှော်ပြီးနောက် အရောင်မွဲခြောက်သွားတာတွေ၊ Hair Dryer အသုံးပြုခြင်းကြောင့် ဆံသားပျက်စီးမှုရှိတာတွေကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

 

-   သင့်အနေနဲ့ ဆံပင်အုံထူတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ နူးညံ့ပျော့ပျောင်းတဲ့ ဆံနွယ်လေးတွေပိုင်ဆိုင်နိုင်ဖို့ Conditioner များများသုံးပေးပါ။ ဆံပင်ဖြောင့်သူတွေ အတွက်ကတော့ နူးညံ့ပျော့ပျောင်းပြီးပေါ့ပါးတဲ့ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ Conditioner နည်းနည်းသုံးရုံနဲ့ လုံလောက်မှုရှိပါတယ်။

 

-   ဆံသားတွေခြောက်သွေ့ပြီးပျက်စီးနေတဲ့ဆံနွယ်ကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ Moisturizer ပါတဲ့ Conditioner ကိုခေါင်းလျှော်တဲ့အချိန်တိုင်းသုံးပေးဖို့လိုအပ်ပါတယ်။

 

-   လူအများစုဟာတန်ဖိုးကြီးမှသာ အကောင်းဆုံးပစ္စည်းဖြစ်မယ်လို့ ထင်မှတ်နေတတ်ကြပါတယ်။ အမှန်က မိမိဆံသားနဲ့ကိုက်ညီတဲ့ Conditioner ကိုရွေးချယ်ပြီးနည်းလမ်းမှန်မှန်နဲ့ အသုံးပြုတတ်ဖို့သာလိုအပ်ပါတယ်။ Conditioner အသုံးပြုပြီဆိုရင် -

1.   ခေါင်းလျှော်ရည်နဲ့ ဆံပင်အရင်းထဲထိစိမ့်၀င်သွားအောင် လျှော်ပေးပါ။

2.   ခေါင်းလျှော်ပြီးပါက Conditioner အသုံးပြုတဲ့အခါ အဖျားနှစ်ခွဖြစ်နေတဲ့ ဆံသားနေရာကိုများများ သုံးပေးပါ။

3.   ဆံသားတစ်ခုလုံး Conditioner တွေပျံ့နှံ့ရောက်ရှိစေဖို့ ဘီးကြဲနဲ့ဖြီးပေးပါ။

4.   5 မိနစ်ခန့်ထားပြီးမှ သေချာပြောင်စင်အောင် ဆေးချပါ။

 

 

Cho Thet

www.drmyanmar.com