အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ရန်နည်းလမ်းများ
အသက်အရွယ်ကြီးလာလို့ အိုမင်းရင့်ရော်လာခြင်းကို မတားဆီးနိုင်ပေမယ့် နေ့စဉ် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုတော့ တားဆီးလို့ရနိုင်ပါတယ်။
(၁) နေရောင်ကို ကာကွယ်ပါ
● နေရောင်ကာနိုင်မည့် အဝတ်အစားဝတ်ပါ။
● ရေစိုခံ နေရောင်ကာလိမ်းဆေးများ (SPF 30 နှင့်အထက်) သုံးပါ။
● အရိပ်ထဲတွင် နေပါ။
(၂) အစိုဓာတ်ပါတဲ့လိမ်းဆေး (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုး လိမ်းပါ
● အသားအရေကို နူးညံ့စိုပြေစေဖို့အတွက် အစိုဓာတ်ပါတဲ့လိမ်းဆေး (သို့) အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကို နေ့စဉ်လိမ်းပေးပါ။
Bio-Oil 1

(၃) ဆေးလိပ်သောက်သူဆိုပါက ဆေးလိပ်ဖြတ်ပါ
● ဆေးလိပ်သောက်ခြင်းဟာ အသားအရေကို ကြမ်းတမ်းစေပြီး အရေးအကြောင်းများကို စောစီးစွာ ဖြစ်ပေါ်စေပါတယ်။
(၄) အရက်သောက်တတ်ပါက လျှော့သောက်ပါ
● အရက်သောက်ခြင်းက ရေဓာတ်ခမ်းခြောက်စေပါတယ်။
● ရေများများသောက်ပေးပါ။
(၅) မျက်နှာအမူအရာ မကြာခဏပြုလုပ်ခြင်းကို လျှော့ပါ
● မျက်နှာအမူအရာတစ်ခု ပြုလုပ်တိုင်း သက်ဆိုင်ရာကြွက်သားတွေကျုံ့ခြင်း ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် နှစ်တွေ ကြာလာတဲ့အခါ အရေးအကြောင်းများ ဖြစ်လာပါတယ်။
(၆) အာဟာရပြည့်ဝအောင် စားပါ
● အရည်ရွှမ်းတဲ့ အသီး၊ အရွက်များ စားပါ။
● အချိုဓာတ်၊ ကစီဓာတ်များ လျှော့ပါ။
Bio-Oil 2

(၇) လေ့ကျင့်ခန်းလုပ်ပါ
● ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။
(၈) အသားအရေကို ညင်သာစွာ ဆေးကြောသန့်စင်ပေးပါ
● ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းက သင့်အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
● ညင်သာစွာ ဆေးကြောခြင်းက အရေပြားထဲရှိ မိတ်ကပ်နှင့် အညစ်အကြေးများကို ပိုပြီးဖယ်ရှားပေးနိုင်ပါတယ်။
(၉) ချွေးထွက်ပါက တစ်နေ့ (၂) ကြိမ် မျက်နှာသစ်ပါ
● ချွေးထွက်ခြင်းက အသားအရေကို လှုံ့ဆော်မှုတွေ ဖြစ်စေနိုင်တာကြောင့် မျက်နှာသစ်ပေးပါ။
(၁၀) မိမိနဲ့ဓာတ်မတည့်သော အသုံးအဆောင်ပစ္စည်းများကို ဆက်မသုံးပါနဲ့
● စပ်ဖျဉ်းဖျဉ်းဖြစ်စေသော (သို့) အရေပြားကို လောင်စေတတ်သောပစ္စည်းများကို ဆက်မသုံးသင့်ပါဘူး။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)






























