/
news/အလှအပနှင့်ကျန်းမာရေး/၀ိတ်လျှော့မယ်ဆို-ဓာတ်ပုံရိုက်ထားပါ

၀ိတ်လျှော့မယ်ဆို ဓာတ်ပုံရိုက်ထားပါ

Category
အလှအပနှင့်ကျန်းမာရေး

        ၀ိတ်မလျှော့ခင်ရိုက်ထားတဲ့ဓာတ်ပုံနဲ့  ၀ိတ်လျှော့ပြီးနောက် ရိုက်လိုက်တဲ့ဓာတ်ပုံဟာ ၀ိတ်ချနေသူတွေအတွက်  အကောင်းဆုံးစိတ်ခွန်အား လှုံ့ဆော်မှုဖြစ်စေပါတယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြထားပါတယ်။ ၀ိတ်လျှော့ချခြင်းအစီအစဉ်မှာပါ၀င်တဲ့ အသက် 16 နှစ်မှ 72 ကြား စေတနာ့၀န်ထမ်းတွေကို ၀ိတ်မချခင်မှာ ကိုယ်လုံးပေါ်ဓာတ်ပုံရိုက်စေပြီး 16 ပတ် ကြာပြီးနောက် ပြန်လည်လေ့လာခဲ့ရာ စေတနာ့၀န်ထမ်း  90 ရာခိုင်နှုန်းဟာ  ၄င်းတို့သတ်မှတ်ထားတဲ့ ကို်ယ်အလေးချိန်စံနှုန်းကိုရောက်အောင် လုပ်နိုင်ကြောင်းတွေ့ရှိခ့ဲကြပါတယ်။

         ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တိုင်းတာကြည့်တဲ့ကိန်းဂဏန်းတွေ၊ ပေါင်ချိန်တွေထက် ဓာတ်ပုံကပိုပြီး ဘာကြောင့်စိတ်အားလှုံ့ဆော်မှုဖြစ်စေရသလဲဆိုတာကို   ဆန်းစစ်ကြည့်ရာမှာ ဓာတ်ပုံကပိုပြီး ကိုယ့်ကိုယ်ကို ဘယ်လောက် ၀ နေပြီလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရှိစေတာကြောင့်လို့ သိရှိရပါတယ်။ ဒါကပဲ ၀ိတ်လျှော့ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေတဲ့အပြင် ၀ိတ်မချခင်ရိုက်ထားတဲ့ဓာတ်ပုံနဲ့ ၀ိတ်လျှော့နေစဉ်အတွင်း ဒါမှမဟုတ် ၀ိတ်လျှော့ပြီးနောက်ရိုက်တဲ့ဓာတ်ပုံကို နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ်ဘယ်လောက်၀ိတ်ကျသွားပြီဖြစ်ကြောင်း၊  ၀ိတ်ထပ်ကျဖို့ဘယ်လောက်ကြိုးစားဖို့လိုသေးကြောင်း ပိုမိုသိရှိစေတာဖြစ်တဲ့အတွက်  ၀ိတ်ကျချင်စိတ်ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ၀ိတ်လျှော့မယ်ဆိုရင် တစ်လ တစ်ခါလောက် ဓာတ်ပုံရိုက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

www.drmyanmar.com