/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေရဲ့-အချိုစားသုံးမှုကို-ချင့်ချိန်ပေးပါ

ကလေးတွေရဲ့ အချိုစားသုံးမှုကို ချင့်ချိန်ပေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးဆိုတာ အချိုကြိုက်သူလေးတွေပါ။ သူတို့လေးတွေဟာ အချိုကို စားသုံးသင့်ထက်ပမာဏထက် နှစ်ဆပိုပြီး စားသုံးလေ့ရှိတာကို လေ့လာမှုတွေအရ သိရပါတယ်။ အချိုတွေ အရမ်းစားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ ပိုလျှံလာပါတယ်။

ဒီလိုအချိန်မှာ ကယ်လိုရီလောင်ကျွမ်းစေဖို့ အားမစိုက်မိဘူးဆိုရင် ပိုနေတဲ့ကယ်လိုရီကို အဆီအနေနဲ့ သိမ်းထားလိုက်တာကြောင့် ကလေးတွေအနေနဲ့ ကိုယ်အလေးချိန်တက်လာတာ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

Ceelin 1

ဒါကြောင့် သားသားမီးမီးတို့ကို သကြားဓာတ်ပမာဏ တစ်နေ့ကို ဘယ်လောက်အများဆုံးကျွေးလို့ရသလဲဆိုတာ မေမေတို့က မှတ်ထားပေးကြပါနော်။

ကလေးရဲ့အသက်အရွယ်ပေါ် မူတည်ပြီးတော့ -
•  အသက် ၄-၆ နှစ်ဆိုရင် ၁၉ ဂရမ် (လက်ဖက်စားဇွန်း ငါးဇွန်း)
•  အသက် ၇-၁၀ နှစ်ဆိုရင် ၂၄ ဂရမ် (လက်ဖက်စားဇွန်း ခြောက်ဇွန်း)
•  အသက် ၁၁ နှစ်နဲ့အထက်ဆိုရင် ၃၀ ဂရမ် (လက်ဖက်စားဇွန်း ခုနစ်ဇွန်း) ထက် မကျော်လွန်သင့်ပါဘူးနော်။

အသက်လေးနှစ်အောက်ကလေးတွေအတွက်တော့ တိတိကျကျသတ်မှတ်ထားတာမျိုး မရှိပေမယ့် အချိုကဲလွန်းတဲ့ စားစာရာ၊ သောက်စရာတွေ မတိုက်ကျွေးဖို့ကိုတော့ အကြုံပြုထားပါတယ်။

Ceelin 2

ဒီတော့ ကလေးတွေ အချိုဓာတ်စားသုံးမှုနည်းအောင် လုပ်ပေးဖို့က မေမေတို့တာဝန် ဖြစ်လာပါပြီ။ ကိုယ်တိုင်က အချိုနည်းနည်းပဲစားပြီး ကလေးအတွက် စံနမူနာယူထိုက်အောင် နေထိုင်ပေးသင့်သလို  အိမ်မှာလည်း ကိတ်မုန့်၊ ဘီစကစ်မုန့်၊ အချိုရည် စတာတွေ ဝယ်ထားမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေ (ဥပမာ - ပေါင်မုန့်ညို၊ ပလိန်းဒိန်ချဉ်၊ အသီးအနှံ) ကိုသာ ဝယ်ထားပြီး ကလေးကို ကျွေးပေးသင့်ပါတယ်။

သားသားမီးမီးတို့ကို ဝိတ်မတက်စေဘဲ ကျန်းမာတဲ့ဘဝလေးကို ပိုင်ဆိုင်စေချင်ရင်တော့ အချိုလျှော့ကျွေးရုံနဲ့ မပြီးသေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ကျွေးပေးပြီးတော့ ကိုယ်လက်လှုပ်ရှားမှုရှိအောင်လည်း လုပ်ဆောင်ပေးဖို့ကိုလည်း မမေ့ကြပါနဲ့နော်။

Dr. Aye Hsu Mon (www.drmyanmar.com)