ကလေးတွေရဲ့ အချိုစားသုံးမှုကို ချင့်ချိန်ပေးပါ
ကလေးဆိုတာ အချိုကြိုက်သူလေးတွေပါ။ သူတို့လေးတွေဟာ အချိုကို စားသုံးသင့်ထက်ပမာဏထက် နှစ်ဆပိုပြီး စားသုံးလေ့ရှိတာကို လေ့လာမှုတွေအရ သိရပါတယ်။ အချိုတွေ အရမ်းစားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ ပိုလျှံလာပါတယ်။
ဒီလိုအချိန်မှာ ကယ်လိုရီလောင်ကျွမ်းစေဖို့ အားမစိုက်မိဘူးဆိုရင် ပိုနေတဲ့ကယ်လိုရီကို အဆီအနေနဲ့ သိမ်းထားလိုက်တာကြောင့် ကလေးတွေအနေနဲ့ ကိုယ်အလေးချိန်တက်လာတာ၊ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။
Ceelin 1
ဒါကြောင့် သားသားမီးမီးတို့ကို သကြားဓာတ်ပမာဏ တစ်နေ့ကို ဘယ်လောက်အများဆုံးကျွေးလို့ရသလဲဆိုတာ မေမေတို့က မှတ်ထားပေးကြပါနော်။
ကလေးရဲ့အသက်အရွယ်ပေါ် မူတည်ပြီးတော့ -
• အသက် ၄-၆ နှစ်ဆိုရင် ၁၉ ဂရမ် (လက်ဖက်စားဇွန်း ငါးဇွန်း)
• အသက် ၇-၁၀ နှစ်ဆိုရင် ၂၄ ဂရမ် (လက်ဖက်စားဇွန်း ခြောက်ဇွန်း)
• အသက် ၁၁ နှစ်နဲ့အထက်ဆိုရင် ၃၀ ဂရမ် (လက်ဖက်စားဇွန်း ခုနစ်ဇွန်း) ထက် မကျော်လွန်သင့်ပါဘူးနော်။
အသက်လေးနှစ်အောက်ကလေးတွေအတွက်တော့ တိတိကျကျသတ်မှတ်ထားတာမျိုး မရှိပေမယ့် အချိုကဲလွန်းတဲ့ စားစာရာ၊ သောက်စရာတွေ မတိုက်ကျွေးဖို့ကိုတော့ အကြုံပြုထားပါတယ်။
Ceelin 2
ဒီတော့ ကလေးတွေ အချိုဓာတ်စားသုံးမှုနည်းအောင် လုပ်ပေးဖို့က မေမေတို့တာဝန် ဖြစ်လာပါပြီ။ ကိုယ်တိုင်က အချိုနည်းနည်းပဲစားပြီး ကလေးအတွက် စံနမူနာယူထိုက်အောင် နေထိုင်ပေးသင့်သလို အိမ်မှာလည်း ကိတ်မုန့်၊ ဘီစကစ်မုန့်၊ အချိုရည် စတာတွေ ဝယ်ထားမယ့်အစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတွေ (ဥပမာ - ပေါင်မုန့်ညို၊ ပလိန်းဒိန်ချဉ်၊ အသီးအနှံ) ကိုသာ ဝယ်ထားပြီး ကလေးကို ကျွေးပေးသင့်ပါတယ်။
သားသားမီးမီးတို့ကို ဝိတ်မတက်စေဘဲ ကျန်းမာတဲ့ဘဝလေးကို ပိုင်ဆိုင်စေချင်ရင်တော့ အချိုလျှော့ကျွေးရုံနဲ့ မပြီးသေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ကျွေးပေးပြီးတော့ ကိုယ်လက်လှုပ်ရှားမှုရှိအောင်လည်း လုပ်ဆောင်ပေးဖို့ကိုလည်း မမေ့ကြပါနဲ့နော်။
Dr. Aye Hsu Mon (www.drmyanmar.com)






























