/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-ဖြစ်တတ်သော-ဝမ်းပျက်ဝမ်းလျှော-သို့-အထက်လှန်-အောက်လျှော

ကလေးများတွင် ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှော (သို့) အထက်လှန် အောက်လျှော

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပေါ်စေတဲ့ ရောဂါပိုး အမျိုးမျိုးရှိတဲ့အနက် များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ အန်တာနဲ့ တွဲတတ်ပြီး အ,အန်ရပ်သွားသည့်တိုင်အောင် ဝမ်းကတော့ (၁၀) ရက်လောက် ဆက်သွားနေနိုင်ပါတယ်။
အသက် (၆) လအောက် ကလေးငယ်များမှာတော့ ရေဓာတ် ဆုံးရှုံးဖို့ အလွန်လွယ်ကူတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  မအီမသာဖြစ်ခြင်း
●  မစားချင်၊ မသောက်ချင်ဖြစ်ခြင်း
●  အန်ခြင်း (၁ ရက်မှ ၂ ရက်အတွင်း)
●  ဝမ်းလျှောခြင်း (၁၀ ရက်ခန့်ထိ ကြာနိုင်)
●  ဗိုက်နာခြင်း
●  ကိုယ်ပူခြင်း

>>  အိမ်မှာ ဘာလုပ်ပေးကြမလဲ?
●  အဓိက,ကတော့ ရေဓာတ် လုံလောက်အောင် ထားနိုင်ဖို့ပါပဲ။ ကိုယ်ပါပူတယ်ဆိုရင်တော့ ကိုယ်ပူကျစေဖို့ ပါရာစီတမောပါတဲ့ ဆေးတစ်မျိုးမျိုးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိုက်ပါ။
●  ရေ၊ ဓာတ်ဆား၊ မိခင်နို့ စသဖြင့် တိုက်နိုင်ပါတယ်။
●  ပန်းသီးဖျော်ရည်လိုမျိုးလည်း တိုက်နိုင်ပါတယ်။
●  အချိုများတဲ့၊ ဂတ်စ်ပါတဲ့ အသင့်သောက် အချိုရည်တွေ မတိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။

အသက် (၆) လအောက် ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပါက ဆရာဝန်နဲ့သာ ပြသပေးပါ။

Biogesic for kids IA 1

>>  အသက် (၆) လနဲ့အထက် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသောအခါ
●  မိခင်နို့တိုက်နေပါက ပိုတိုက်ပေးပါ။
●  အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း တိုက်ပေးပါ။
●  ရောဂါလက္ခဏာပြပြီး ပထမ (၁၂) နာရီမှာ ဓာတ်ဆား (သို့) ရေ တိုက်နိုင်ပါတယ်။ အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း တိုက်ပေးပါ။

>>  အသက် (၂) နှစ်အထက် ကလေးများ
●  အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း အရည်တစ်မျိုးမျိုး (သို့) ဓာတ်ဆားတစ်ငုံကို (၁၅) မိနစ်တစ်ခါ တိုက်ပေးပါ။ အစာစားချင်စိတ်မရှိ ဖြစ်နိုင်ပါတယ်။ ရေ (သို့) အရည်ကို ကောင်းမွန်စွာ သောက်နေနိုင်တယ်ဆို စိုးရိမ်စရာ မရှိပါဘူး။

>>  ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ?
●  အသက် (၆) လအောက် ကလေးများ ဝမ်းပျက်လျှင်
●  တစ်နေ့ကို (၁၀) ကြိမ်နဲ့အထက် ဝမ်းအရည်သွားနေလျှင် (သို့) တစ်ခါတစ်ခါကို ပမာဏများများ သွားနေလျှင်(သို့) (၁၀) ရက် ကျော်တဲ့အထိ ဝမ်းမရပ်လျှင်
●  အကြိမ်များစွာ အန်နေလျှင်
●  ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ တွေ့ရလျှင် (ဥပမာ - ဆီးနည်းသွားခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ ခေါင်းမူးလာခြင်း၊ နှုတ်ခမ်းများ ခြောက်လာခြင်း)
●  ဗိုက်အောင့်၊ ဗိုက်နာလျှင်
●  ဝမ်းထဲတွင် သွေးပါလျှင်
●  အစိမ်းရောင်များ အန်လျှင်

ကလေးက ရေ (သို့) အရည်ကို ကောင်းစွာ မသောက်နိုင်တော့ပါက ဆရာဝန်နဲ့ပြသပြီး လိုအပ်သလို အစာပိုက်ဖြင့်ထည့်ခြင်း၊ သွေးကြောထဲသို့ လိုအပ်သောဆေးရည်များ သွင်းခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

ကေလးေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေပၚေစတဲ့ ေရာဂါပိုး အမ်ိဳးမ်ိဳးရွိတဲ့အနက္ မ်ားေသာအားျဖင့္ ဗိုင္းရပ္စ္ေၾကာင့္ အျဖစ္မ်ားပါတယ္။ အန္တာနဲ႔ တြဲတတ္ၿပီး အ,အန္ရပ္သြားသည့္တိုင္ေအာင္ ဝမ္းကေတာ့ (၁၀) ရက္ေလာက္ ဆက္သြားေနႏိုင္ပါတယ္။
အသက္ (၆) လေအာက္ ကေလးငယ္မ်ားမွာေတာ့ ေရဓာတ္ ဆုံးရႈံးဖို႔ အလြန္လြယ္ကူတဲ့အတြက္ ဆရာဝန္နဲ႔ ေသခ်ာျပသသင့္ပါတယ္။

>>  ေရာဂါလကၡဏာမ်ား
●  မအီမသာျဖစ္ျခင္း
●  မစားခ်င္၊ မေသာက္ခ်င္ျဖစ္ျခင္း
●  အန္ျခင္း (၁ ရက္မွ ၂ ရက္အတြင္း)
●  ဝမ္းေလွ်ာျခင္း (၁၀ ရက္ခန႔္ထိ ၾကာႏိုင္)
●  ဗိုက္နာျခင္း
●  ကိုယ္ပူျခင္း

>>  အိမ္မွာ ဘာလုပ္ေပးၾကမလဲ?
●  အဓိက,ကေတာ့ ေရဓာတ္ လုံေလာက္ေအာင္ ထားႏိုင္ဖို႔ပါပဲ။ ကိုယ္ပါပူတယ္ဆိုရင္ေတာ့ ကိုယ္ပူက်ေစဖို႔ ပါရာစီတေမာပါတဲ့ ေဆးတစ္မ်ိဳးမ်ိဳးကို ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း တိုက္ပါ။
●  ေရ၊ ဓာတ္ဆား၊ မိခင္ႏို႔ စသျဖင့္ တိုက္ႏိုင္ပါတယ္။
●  ပန္းသီးေဖ်ာ္ရည္လိုမ်ိဳးလည္း တိုက္ႏိုင္ပါတယ္။
●  အခ်ိဳမ်ားတဲ့၊ ဂတ္စ္ပါတဲ့ အသင့္ေသာက္ အခ်ိဳရည္ေတြ မတိုက္ပါနဲ႔။ ပိုဆိုးေစႏိုင္ပါတယ္။

အသက္ (၆) လေအာက္ ကေလးငယ္မ်ားမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ပြားပါက ဆရာဝန္နဲ႔သာ ျပသေပးပါ။

>>  အသက္ (၆) လနဲ႔အထက္ ကေလးမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ပြားေသာအခါ
●  မိခင္ႏို႔တိုက္ေနပါက ပိုတိုက္ေပးပါ။
●  အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း တိုက္ေပးပါ။
●  ေရာဂါလကၡဏာျပၿပီး ပထမ (၁၂) နာရီမွာ ဓာတ္ဆား (သို႔) ေရ တိုက္ႏိုင္ပါတယ္။ အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း တိုက္ေပးပါ။

>>  အသက္ (၂) ႏွစ္အထက္ ကေလးမ်ား
●  အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း အရည္တစ္မ်ိဳးမ်ိဳး (သို႔) ဓာတ္ဆားတစ္ငုံကို (၁၅) မိနစ္တစ္ခါ တိုက္ေပးပါ။ အစာစားခ်င္စိတ္မရွိ ျဖစ္ႏိုင္ပါတယ္။ ေရ (သို႔) အရည္ကို ေကာင္းမြန္စြာ ေသာက္ေနႏိုင္တယ္ဆို စိုးရိမ္စရာ မရွိပါဘူး။

>>  ဘယ္လိုအခ်ိန္မွာ ဆရာဝန္နဲ႔ ျပသရမလဲ?
●  အသက္ (၆) လေအာက္ ကေလးမ်ား ဝမ္းပ်က္လွ်င္
●  တစ္ေန႔ကို (၁၀) ႀကိမ္နဲ႔အထက္ ဝမ္းအရည္သြားေနလွ်င္ (သို႔) တစ္ခါတစ္ခါကို ပမာဏမ်ားမ်ား သြားေနလွ်င္(သို႔) (၁၀) ရက္ ေက်ာ္တဲ့အထိ ဝမ္းမရပ္လွ်င္
●  အႀကိမ္မ်ားစြာ အန္ေနလွ်င္
●  ေရဓာတ္ဆုံးရႈံးျခင္း လကၡဏာမ်ား ေတြ႕ရလွ်င္ (ဥပမာ - ဆီးနည္းသြားျခင္း၊ ဆီးအေရာင္ရင့္လာျခင္း၊ ေခါင္းမူးလာျခင္း၊ ႏႈတ္ခမ္းမ်ား ေျခာက္လာျခင္း)
●  ဗိုက္ေအာင့္၊ ဗိုက္နာလွ်င္
●  ဝမ္းထဲတြင္ ေသြးပါလွ်င္
●  အစိမ္းေရာင္မ်ား အန္လွ်င္

ကေလးက ေရ (သို႔) အရည္ကို ေကာင္းစြာ မေသာက္ႏိုင္ေတာ့ပါက ဆရာဝန္နဲ႔ျပသၿပီး လိုအပ္သလို အစာပိုက္ျဖင့္ထည့္ျခင္း၊ ေသြးေၾကာထဲသို႔ လိုအပ္ေသာေဆးရည္မ်ား သြင္းျခင္းတို႔ ျပဳလုပ္ရႏိုင္ပါတယ္။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)