ကလေးများတွင် ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှော (သို့) အထက်လှန် အောက်လျှော
ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပေါ်စေတဲ့ ရောဂါပိုး အမျိုးမျိုးရှိတဲ့အနက် များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ အန်တာနဲ့ တွဲတတ်ပြီး အ,အန်ရပ်သွားသည့်တိုင်အောင် ဝမ်းကတော့ (၁၀) ရက်လောက် ဆက်သွားနေနိုင်ပါတယ်။
အသက် (၆) လအောက် ကလေးငယ်များမှာတော့ ရေဓာတ် ဆုံးရှုံးဖို့ အလွန်လွယ်ကူတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
>> ရောဂါလက္ခဏာများ
● မအီမသာဖြစ်ခြင်း
● မစားချင်၊ မသောက်ချင်ဖြစ်ခြင်း
● အန်ခြင်း (၁ ရက်မှ ၂ ရက်အတွင်း)
● ဝမ်းလျှောခြင်း (၁၀ ရက်ခန့်ထိ ကြာနိုင်)
● ဗိုက်နာခြင်း
● ကိုယ်ပူခြင်း
>> အိမ်မှာ ဘာလုပ်ပေးကြမလဲ?
● အဓိက,ကတော့ ရေဓာတ် လုံလောက်အောင် ထားနိုင်ဖို့ပါပဲ။ ကိုယ်ပါပူတယ်ဆိုရင်တော့ ကိုယ်ပူကျစေဖို့ ပါရာစီတမောပါတဲ့ ဆေးတစ်မျိုးမျိုးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိုက်ပါ။
● ရေ၊ ဓာတ်ဆား၊ မိခင်နို့ စသဖြင့် တိုက်နိုင်ပါတယ်။
● ပန်းသီးဖျော်ရည်လိုမျိုးလည်း တိုက်နိုင်ပါတယ်။
● အချိုများတဲ့၊ ဂတ်စ်ပါတဲ့ အသင့်သောက် အချိုရည်တွေ မတိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
အသက် (၆) လအောက် ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပါက ဆရာဝန်နဲ့သာ ပြသပေးပါ။
Biogesic for kids IA 1
>> အသက် (၆) လနဲ့အထက် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသောအခါ
● မိခင်နို့တိုက်နေပါက ပိုတိုက်ပေးပါ။
● အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း တိုက်ပေးပါ။
● ရောဂါလက္ခဏာပြပြီး ပထမ (၁၂) နာရီမှာ ဓာတ်ဆား (သို့) ရေ တိုက်နိုင်ပါတယ်။ အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း တိုက်ပေးပါ။
>> အသက် (၂) နှစ်အထက် ကလေးများ
● အန်ပြီးတိုင်း၊ ဝမ်းသွားပြီးတိုင်း အရည်တစ်မျိုးမျိုး (သို့) ဓာတ်ဆားတစ်ငုံကို (၁၅) မိနစ်တစ်ခါ တိုက်ပေးပါ။ အစာစားချင်စိတ်မရှိ ဖြစ်နိုင်ပါတယ်။ ရေ (သို့) အရည်ကို ကောင်းမွန်စွာ သောက်နေနိုင်တယ်ဆို စိုးရိမ်စရာ မရှိပါဘူး။
>> ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ?
● အသက် (၆) လအောက် ကလေးများ ဝမ်းပျက်လျှင်
● တစ်နေ့ကို (၁၀) ကြိမ်နဲ့အထက် ဝမ်းအရည်သွားနေလျှင် (သို့) တစ်ခါတစ်ခါကို ပမာဏများများ သွားနေလျှင်(သို့) (၁၀) ရက် ကျော်တဲ့အထိ ဝမ်းမရပ်လျှင်
● အကြိမ်များစွာ အန်နေလျှင်
● ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ တွေ့ရလျှင် (ဥပမာ - ဆီးနည်းသွားခြင်း၊ ဆီးအရောင်ရင့်လာခြင်း၊ ခေါင်းမူးလာခြင်း၊ နှုတ်ခမ်းများ ခြောက်လာခြင်း)
● ဗိုက်အောင့်၊ ဗိုက်နာလျှင်
● ဝမ်းထဲတွင် သွေးပါလျှင်
● အစိမ်းရောင်များ အန်လျှင်
ကလေးက ရေ (သို့) အရည်ကို ကောင်းစွာ မသောက်နိုင်တော့ပါက ဆရာဝန်နဲ့ပြသပြီး လိုအပ်သလို အစာပိုက်ဖြင့်ထည့်ခြင်း၊ သွေးကြောထဲသို့ လိုအပ်သောဆေးရည်များ သွင်းခြင်းတို့ ပြုလုပ်ရနိုင်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ကေလးေတြမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေပၚေစတဲ့ ေရာဂါပိုး အမ်ိဳးမ်ိဳးရွိတဲ့အနက္ မ်ားေသာအားျဖင့္ ဗိုင္းရပ္စ္ေၾကာင့္ အျဖစ္မ်ားပါတယ္။ အန္တာနဲ႔ တြဲတတ္ၿပီး အ,အန္ရပ္သြားသည့္တိုင္ေအာင္ ဝမ္းကေတာ့ (၁၀) ရက္ေလာက္ ဆက္သြားေနႏိုင္ပါတယ္။
အသက္ (၆) လေအာက္ ကေလးငယ္မ်ားမွာေတာ့ ေရဓာတ္ ဆုံးရႈံးဖို႔ အလြန္လြယ္ကူတဲ့အတြက္ ဆရာဝန္နဲ႔ ေသခ်ာျပသသင့္ပါတယ္။
>> ေရာဂါလကၡဏာမ်ား
● မအီမသာျဖစ္ျခင္း
● မစားခ်င္၊ မေသာက္ခ်င္ျဖစ္ျခင္း
● အန္ျခင္း (၁ ရက္မွ ၂ ရက္အတြင္း)
● ဝမ္းေလွ်ာျခင္း (၁၀ ရက္ခန႔္ထိ ၾကာႏိုင္)
● ဗိုက္နာျခင္း
● ကိုယ္ပူျခင္း
>> အိမ္မွာ ဘာလုပ္ေပးၾကမလဲ?
● အဓိက,ကေတာ့ ေရဓာတ္ လုံေလာက္ေအာင္ ထားႏိုင္ဖို႔ပါပဲ။ ကိုယ္ပါပူတယ္ဆိုရင္ေတာ့ ကိုယ္ပူက်ေစဖို႔ ပါရာစီတေမာပါတဲ့ ေဆးတစ္မ်ိဳးမ်ိဳးကို ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း တိုက္ပါ။
● ေရ၊ ဓာတ္ဆား၊ မိခင္ႏို႔ စသျဖင့္ တိုက္ႏိုင္ပါတယ္။
● ပန္းသီးေဖ်ာ္ရည္လိုမ်ိဳးလည္း တိုက္ႏိုင္ပါတယ္။
● အခ်ိဳမ်ားတဲ့၊ ဂတ္စ္ပါတဲ့ အသင့္ေသာက္ အခ်ိဳရည္ေတြ မတိုက္ပါနဲ႔။ ပိုဆိုးေစႏိုင္ပါတယ္။
အသက္ (၆) လေအာက္ ကေလးငယ္မ်ားမွာ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ပြားပါက ဆရာဝန္နဲ႔သာ ျပသေပးပါ။
>> အသက္ (၆) လနဲ႔အထက္ ကေလးမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ပြားေသာအခါ
● မိခင္ႏို႔တိုက္ေနပါက ပိုတိုက္ေပးပါ။
● အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း တိုက္ေပးပါ။
● ေရာဂါလကၡဏာျပၿပီး ပထမ (၁၂) နာရီမွာ ဓာတ္ဆား (သို႔) ေရ တိုက္ႏိုင္ပါတယ္။ အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း တိုက္ေပးပါ။
>> အသက္ (၂) ႏွစ္အထက္ ကေလးမ်ား
● အန္ၿပီးတိုင္း၊ ဝမ္းသြားၿပီးတိုင္း အရည္တစ္မ်ိဳးမ်ိဳး (သို႔) ဓာတ္ဆားတစ္ငုံကို (၁၅) မိနစ္တစ္ခါ တိုက္ေပးပါ။ အစာစားခ်င္စိတ္မရွိ ျဖစ္ႏိုင္ပါတယ္။ ေရ (သို႔) အရည္ကို ေကာင္းမြန္စြာ ေသာက္ေနႏိုင္တယ္ဆို စိုးရိမ္စရာ မရွိပါဘူး။
>> ဘယ္လိုအခ်ိန္မွာ ဆရာဝန္နဲ႔ ျပသရမလဲ?
● အသက္ (၆) လေအာက္ ကေလးမ်ား ဝမ္းပ်က္လွ်င္
● တစ္ေန႔ကို (၁၀) ႀကိမ္နဲ႔အထက္ ဝမ္းအရည္သြားေနလွ်င္ (သို႔) တစ္ခါတစ္ခါကို ပမာဏမ်ားမ်ား သြားေနလွ်င္(သို႔) (၁၀) ရက္ ေက်ာ္တဲ့အထိ ဝမ္းမရပ္လွ်င္
● အႀကိမ္မ်ားစြာ အန္ေနလွ်င္
● ေရဓာတ္ဆုံးရႈံးျခင္း လကၡဏာမ်ား ေတြ႕ရလွ်င္ (ဥပမာ - ဆီးနည္းသြားျခင္း၊ ဆီးအေရာင္ရင့္လာျခင္း၊ ေခါင္းမူးလာျခင္း၊ ႏႈတ္ခမ္းမ်ား ေျခာက္လာျခင္း)
● ဗိုက္ေအာင့္၊ ဗိုက္နာလွ်င္
● ဝမ္းထဲတြင္ ေသြးပါလွ်င္
● အစိမ္းေရာင္မ်ား အန္လွ်င္
ကေလးက ေရ (သို႔) အရည္ကို ေကာင္းစြာ မေသာက္ႏိုင္ေတာ့ပါက ဆရာဝန္နဲ႔ျပသၿပီး လိုအပ္သလို အစာပိုက္ျဖင့္ထည့္ျခင္း၊ ေသြးေၾကာထဲသို႔ လိုအပ္ေသာေဆးရည္မ်ား သြင္းျခင္းတို႔ ျပဳလုပ္ရႏိုင္ပါတယ္။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)





























