/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများအတွက်-ကောင်းမွန်သော-အူလမ်းကြောင်း-အလေ့အထများ

ကလေးများအတွက် ကောင်းမွန်သော အူလမ်းကြောင်း အလေ့အထများ

Category
ကလေးများနှင့်ကျန်းမာရေး

       “ဆရာမရေ သမီးလေး ဝမ်းသွားတိုင်း စမြင်းတုံးခံနေတယ် အရမ်းညှစ်ရလို့ နာနေတယ်ထင်တယ် ဝမ်းသွားတိုင်း ငိုနေတယ် ဘယ်လိုလုပ်ရမလဲ ... ”
        “ကျွန်မသားလေးက တစ်လကို ၃ ခါလောက် ဝမ်းပျက်တတ်တယ် ဆရာရယ် ... ဘယ်လိုအစားအစာတွေ ဦးစားပေး ကျွေးရမလဲ ...”

       ကလေးငယ်များတွင် ဝမ်းသွားခြင်းပုံစံဟာ တစ်ဦးနှင့်တစ်ဦး မတူညီတတ်ကြပါဘူး။ အချို့ကလေးများဟာ ဝမ်းချုပ်တတ်ကြပြီး တချို့ကကျ နေ့စဉ်ပုံမှန်အလေးသွားကြပါတယ်။ ဘယ်လိုဖြစ်ဖြစ် စားလိုက်သမျှ အစားအစာတိုင်းကို ကောင်းမွန်စွာ ပြန်လည်စွန့်ထုတ်နိုင်မှသာ ကျန်းမာရေးနဲ့ ညီညွတ်မှာဖြစ်တဲ့အတွက် မိမိရင်သွေးလေးများကို ကောင်းမွန်သော ဝမ်းသွားသည့် အလေ့အထများကို မွေးမြူပေးဖို့ လိုပါတယ်။

>>     ဒါဆို ဝမ်းမှန်ပြီး ကျန်းမာစေဖို့ ဘယ်အချက်တွေကို အဓိက အလေးပေးသင့်သလဲ?
(၁)     ဝမ်းမှန်စေသောအစာများကို ကျွေးမွေးပါ (ဥပမာ  - ဂျူံနှင့်ပြုလုပ်သော အစာများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ)
(၂)     နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
(၃)     ကလေးကို ဝမ်းသွားချင်ပါက မအောင့်ထားဘဲ သွားဖို့ သင်ကြားပေးပါ
(၄)     နေ့စဉ်ဝမ်းမှန်ဖို့ အရေးကြီးကြောင်း ပြောပြပေးပါ
(၅)     ဝမ်းနဲ့ပတ်သက်သော ကိစ္စကို ရွံစရာအဖြစ် မသတ်မှတ်အောင် နားလည်အောင် ပြောပြပေးသင့်ပါတယ်။

>>    ဝမ်းချုပ်ခြင်းလက္ခဏာများ
●       တစ်ပတ်မှာ သုံးကြိမ်ထက်နည်းပြီး ဝမ်းသွားခြင်း
●       စမြင်းတုံးခံခြင်း၊ အရွယ်အစားကြီးခြင်း
●       ဝမ်းသွားရင် ညှစ်ရသဖြင့် နာကျင်ခြင်း
        ဝမ်းချုပ်ခြင်းကြောင့် ဗိုက်နာခြင်းနဲ့အတူ ဝမ်းတွင် သွေးစများ ပါတတ်သဖြင့် ဂရုတစိုက် ကြည့်ရှုပေးသင့်ပါတယ်။

>>    ဘာကြောင့် ဝမ်းချုပ်ရသလဲ?
●       အမျှင်ဓာတ် လုံလောက်စွာ မစားခြင်း
●       နွားနို့နဲ့ နို့ထွက်ပစ္စည်းများကို လိုတာထက်ပိုပြီး သောက်သုံးခြင်း
●       အိမ်သာမသွားဘဲ ဝမ်းအောင့်ထားခြင်း
●       ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
●       အချို့သော ဝမ်းချုပ်စေသည့်ဆေးများကို သောက်သုံးနေခြင်း

>>    ကလေးများ ဝမ်းချုပ်သည့်အခါ ဘာတွေလုပ်သင့်သလဲ?
●       နေ့စဉ် နံနက်တိုင်း ဝမ်းတည်ပေးပါ။
●       ကလေး ဝမ်းသွားနေစဉ် စိတ်ရှည်စွာ စောင့်ပေးပါ။ လောခြင်း၊ မြန်မြန်ပါခိုင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
●       သစ်သီးနဲ့ အသီးအရွက်များကို နေ့စဉ်ကျွေးပါ။
●       ကလေး ဝမ်းညှစ်နေစဉ် ခြေထောက်အောက်တွင် ခွေးခြေခုံခံပေးခြင်းဖြင့် ညှစ်အားကို ပိုကောင်းစေတာ တွေ့ရပါတယ်။
    ဒါဆိုရင်တော့ ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ တော်တော်များများ သိသွားပြီလို့ ယူဆပါတယ်နော်။

Ceelin Plus 1

        မေမေတို့ရဲ့ ရင်သွေးလေးတွေအနေနဲ့ ပုံမှန်သွားနေကြ အကြိမ်ထက် ပိုဝမ်းသွားခြင်း၊ ဝမ်းအရည်ကျဲကျဲများ သွားခြင်းရှိပါက ဝမ်းပျက်နေပြီဟု သတ်မှတ်နိုင်ပါတယ်။

>>    ဘာကြောင့် ဝမ်းပျက်ရသလဲ?
●       အကြောင်းရင်းများစွာအနက် အဖြစ်အများဆုံးကတော့ Rota ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့ ကလေးတစ်ဦးဆီကနေ အခြားကလေးဆီ ကူးစက်တတ်ပါတယ်။
●       မသန့်ရှင်းသော အစာများကို စားမိရာကနေ ဝမ်းပျက်တတ်သလို အိမ်သာအဆင်း လက်ကို စင်ကြယ်အောင် မဆေးခြင်းကြောင့်လည်း ဝမ်းပျက်နိုင်ပါသေးတယ်။

>>    ကလေးငယ် ဝမ်းပျက်တဲ့အခါ ဘာတွေလုပ်သင့်လဲ?
●       အကြိမ်များစွာ ဝမ်းသွားတဲ့အခါ ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှူံးသွားတဲ့အတွက် ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်ကို မဖြစ်မနေ တိုက်ကျွေးရပါမယ်။ နောက်ပြီး အာဟာရရှိသော အစားအစာများကို ကျွေးမွေးဖို့ လိုအပ်ပါသေးတယ်။
●       အလွန်အမင်း ဝမ်းသွားခြင်းကြောင့် ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပေါ်ပါက အသက်အန္တရာယ်ရှိတာမို့ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ရပါမယ်။

>>    ဘယ်အချိန်တွင် ကလေးကို ဆရာဝန်ထံ ပြသဖို့ လိုအပ်နေပြီလဲ?
●       အသက် ၆ လအောက်ကလေးများ ဝမ်းလျှောခြင်း
●       မကြာခဏဝမ်းချုပ်ခြင်း
●       သွေးဝမ်းသွားခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
●       ဝမ်းမထိန်းနိုင်ခြင်း
●       ဝမ်းပျက်ခြင်းနှင့်အတူ ဖျားနာခြင်း
●       ရေဓာတ်ဆုံးရှုံးသော လက္ခဏာများရှိခြင်း (ရေဆာခြင်း၊ မျက်ရည်နည်းခြင်း၊ ရှူးနည်းခြင်း၊ အာခေါင်ခြောက်ခြင်း၊ နှလုံးခုန်မြန်ခြင်း)
●       ကိုယ်အလေးချိန် မတက်လာခြင်း စသည်တို့ရှိပါက ကလေးဆရာဝန်နှင့် ပြသဆွေးနွေးဖို့ လိုနေပြီဖြစ်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

       “ဆရာမေရ သမီးေလး ဝမ္းသြားတိုင္း စျမင္းတုံးခံေနတယ္ အရမ္းညႇစ္ရလို႔ နာေနတယ္ထင္တယ္ ဝမ္းသြားတိုင္း ငိုေနတယ္ ဘယ္လိုလုပ္ရမလဲ ... ”
        “ကြၽန္မသားေလးက တစ္လကို ၃ ခါေလာက္ ဝမ္းပ်က္တတ္တယ္ ဆရာရယ္ ... ဘယ္လိုအစားအစာေတြ ဦးစားေပး ေကြၽးရမလဲ ...”

       ကေလးငယ္မ်ားတြင္ ဝမ္းသြားျခင္းပုံစံဟာ တစ္ဦးႏွင့္တစ္ဦး မတူညီတတ္ၾကပါဘူး။ အခ်ိဳ႕ကေလးမ်ားဟာ ဝမ္းခ်ဳပ္တတ္ၾကၿပီး တခ်ိဳ႕ကက် ေန႔စဥ္ပုံမွန္အေလးသြားၾကပါတယ္။ ဘယ္လိုျဖစ္ျဖစ္ စားလိုက္သမွ် အစားအစာတိုင္းကို ေကာင္းမြန္စြာ ျပန္လည္စြန႔္ထုတ္ႏိုင္မွသာ က်န္းမာေရးနဲ႔ ညီၫြတ္မွာျဖစ္တဲ့အတြက္ မိမိရင္ေသြးေလးမ်ားကို ေကာင္းမြန္ေသာ ဝမ္းသြားသည့္ အေလ့အထမ်ားကို ေမြးျမဴေပးဖို႔ လိုပါတယ္။

>>     ဒါဆို ဝမ္းမွန္ၿပီး က်န္းမာေစဖို႔ ဘယ္အခ်က္ေတြကို အဓိက အေလးေပးသင့္သလဲ?
(၁)     ဝမ္းမွန္ေစေသာအစာမ်ားကို ေကြၽးေမြးပါ (ဥပမာ  - ဂ်ဴံႏွင့္ျပဳလုပ္ေသာ အစာမ်ား၊ သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား)
(၂)     ေန႔စဥ္ကိုယ္လက္လႈပ္ရွားမႈ ရွိပါေစ
(၃)     ကေလးကို ဝမ္းသြားခ်င္ပါက မေအာင့္ထားဘဲ သြားဖို႔ သင္ၾကားေပးပါ
(၄)     ေန႔စဥ္ဝမ္းမွန္ဖို႔ အေရးႀကီးေၾကာင္း ေျပာျပေပးပါ
(၅)     ဝမ္းနဲ႔ပတ္သက္ေသာ ကိစၥကို ႐ြံစရာအျဖစ္ မသတ္မွတ္ေအာင္ နားလည္ေအာင္ ေျပာျပေပးသင့္ပါတယ္။

>>    ဝမ္းခ်ဳပ္ျခင္းလကၡဏာမ်ား
●       တစ္ပတ္မွာ သုံးႀကိမ္ထက္နည္းၿပီး ဝမ္းသြားျခင္း
●       စျမင္းတုံးခံျခင္း၊ အ႐ြယ္အစားႀကီးျခင္း
●       ဝမ္းသြားရင္ ညႇစ္ရသျဖင့္ နာက်င္ျခင္း
        ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ဗိုက္နာျခင္းနဲ႔အတူ ဝမ္းတြင္ ေသြးစမ်ား ပါတတ္သျဖင့္ ဂ႐ုတစိုက္ ၾကည့္ရႈေပးသင့္ပါတယ္။

>>    ဘာေၾကာင့္ ဝမ္းခ်ဳပ္ရသလဲ?
●       အမွ်င္ဓာတ္ လုံေလာက္စြာ မစားျခင္း
●       ႏြားႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ားကို လိုတာထက္ပိုၿပီး ေသာက္သုံးျခင္း
●       အိမ္သာမသြားဘဲ ဝမ္းေအာင့္ထားျခင္း
●       ကိုယ္လက္လႈပ္ရွားမႈမရွိျခင္း
●       အခ်ိဳ႕ေသာ ဝမ္းခ်ဳပ္ေစသည့္ေဆးမ်ားကို ေသာက္သုံးေနျခင္း

>>    ကေလးမ်ား ဝမ္းခ်ဳပ္သည့္အခါ ဘာေတြလုပ္သင့္သလဲ?
●       ေန႔စဥ္ နံနက္တိုင္း ဝမ္းတည္ေပးပါ။
●       ကေလး ဝမ္းသြားေနစဥ္ စိတ္ရွည္စြာ ေစာင့္ေပးပါ။ ေလာျခင္း၊ ျမန္ျမန္ပါခိုင္းျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။
●       သစ္သီးနဲ႔ အသီးအ႐ြက္မ်ားကို ေန႔စဥ္ေကြၽးပါ။
●       ကေလး ဝမ္းညႇစ္ေနစဥ္ ေျခေထာက္ေအာက္တြင္ ေခြးေျခခုံခံေပးျခင္းျဖင့္ ညႇစ္အားကို ပိုေကာင္းေစတာ ေတြ႕ရပါတယ္။
    ဒါဆိုရင္ေတာ့ ဝမ္းခ်ဳပ္ျခင္းနဲ႔ ပတ္သက္ၿပီး သိသင့္တာေလးေတြ ေတာ္ေတာ္မ်ားမ်ား သိသြားၿပီလို႔ ယူဆပါတယ္ေနာ္။

        ေမေမတို႔ရဲ႕ ရင္ေသြးေလးေတြအေနနဲ႔ ပုံမွန္သြားေနၾက အႀကိမ္ထက္ ပိုဝမ္းသြားျခင္း၊ ဝမ္းအရည္က်ဲက်ဲမ်ား သြားျခင္းရွိပါက ဝမ္းပ်က္ေနၿပီဟု သတ္မွတ္ႏိုင္ပါတယ္။

>>    ဘာေၾကာင့္ ဝမ္းပ်က္ရသလဲ?
●       အေၾကာင္းရင္းမ်ားစြာအနက္ အျဖစ္အမ်ားဆုံးကေတာ့ Rota ဗိုင္းရပ္စ္ပိုးဝင္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးရွိတဲ့ ကေလးတစ္ဦးဆီကေန အျခားကေလးဆီ ကူးစက္တတ္ပါတယ္။
●       မသန႔္ရွင္းေသာ အစာမ်ားကို စားမိရာကေန ဝမ္းပ်က္တတ္သလို အိမ္သာအဆင္း လက္ကို စင္ၾကယ္ေအာင္ မေဆးျခင္းေၾကာင့္လည္း ဝမ္းပ်က္ႏိုင္ပါေသးတယ္။

>>    ကေလးငယ္ ဝမ္းပ်က္တဲ့အခါ ဘာေတြလုပ္သင့္လဲ?
●       အႀကိမ္မ်ားစြာ ဝမ္းသြားတဲ့အခါ ေရဓာတ္နဲ႔ ဆားဓာတ္ေတြ ဆုံးရႉံးသြားတဲ့အတြက္ ျပန္လည္ျဖည့္တင္းဖို႔ ဓာတ္ဆားရည္ကို မျဖစ္မေန တိုက္ေကြၽးရပါမယ္။ ေနာက္ၿပီး အာဟာရရွိေသာ အစားအစာမ်ားကို ေကြၽးေမြးဖို႔ လိုအပ္ပါေသးတယ္။
●       အလြန္အမင္း ဝမ္းသြားျခင္းေၾကာင့္ ေရဓာတ္ဆုံးရႈံးျခင္း ျဖစ္ေပၚပါက အသက္အႏၲရာယ္ရွိတာမို႔ နီးစပ္ရာေဆး႐ုံသို႔ ပို႔ေဆာင္ရပါမယ္။

>>    ဘယ္အခ်ိန္တြင္ ကေလးကို ဆရာဝန္ထံ ျပသဖို႔ လိုအပ္ေနၿပီလဲ?
●       အသက္ ၆ လေအာက္ကေလးမ်ား ဝမ္းေလွ်ာျခင္း
●       မၾကာခဏဝမ္းခ်ဳပ္ျခင္း
●       ေသြးဝမ္းသြားျခင္း၊ ဝမ္းမည္းမည္းသြားျခင္း
●       ဝမ္းမထိန္းႏိုင္ျခင္း
●       ဝမ္းပ်က္ျခင္းႏွင့္အတူ ဖ်ားနာျခင္း
●       ေရဓာတ္ဆုံးရႈံးေသာ လကၡဏာမ်ားရွိျခင္း (ေရဆာျခင္း၊ မ်က္ရည္နည္းျခင္း၊ ရႉးနည္းျခင္း၊ အာေခါင္ေျခာက္ျခင္း၊ ႏွလုံးခုန္ျမန္ျခင္း)
●       ကိုယ္အေလးခ်ိန္ မတက္လာျခင္း စသည္တို႔ရွိပါက ကေလးဆရာဝန္ႏွင့္ ျပသေဆြးေႏြးဖို႔ လိုေနၿပီျဖစ္ေၾကာင္း အႀကံေပး တင္ျပလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး၂) (www.drmyanmar.com)