ကိုယ့်ကလေးက အရပ်ရှည်မှာလား၊ ပုမှာလား?
ကလေးတွေမှာ အရပ်ရှည်နှုန်းရပ်တန့်တဲ့အချိန်ဟာ မိန်းကလေးတွေမှာ ၁၄နှစ်၊ ၁၅နှစ် ဝန်းကျင်ဖြစ်ပြီး ယောကျၤားလေးတွေမှာ ၁၆နှစ်ဝန်းကျင်ခန့် ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာကလေးအရပ်ဘယ်လောက်ထိရှည်မယ်ဆိုတာ ကြိုတင်ခန့်မှန်းရခက်ခဲလှပါတယ်။ အရပ်ရှည်နှုန်းဟာ မျိုးရိုး၊ စားသောက်ပုံနဲ့ ကျန်းမာရေးကောင်းမွန်မှု ရှိမရှိ စတာတွေအပေါ် မူတည်နေတယ်လို့ ဆိုနိုင်ပေမယ့် မျိုးရိုးတစ်ခုထဲမှ စားသောက်ပုံလည်းတူတဲ့ ကလေးနှစ်ယောက်မှာ အရပ်ရှည်ကြီးထွားနှုန်း မတူညီတာကိုလည်းတွေ့ရတတ်ပါတယ်။ အရပ်ရှည်နှုန်းကို အတိကျဆုံး ခန့်မှန်းနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ဓာတ်မှန်ရိုက်ပြီး အရိုးသက်တမ်းကို ခန့်မှန်းတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာပဲ အခြားနည်းလမ်းများအသုံးပြုပြီး အနီးစပ်ဆုံး အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါသေးတယ်။
Nutroplex 1
ကလေးအရပ်ကို နှစ်ဆတိုးပါ။
ကလေးတွေရဲ့ ကြီးထွားမှုနှုန်းဟာ တစ်သမတ်တည်း ဖြစ်လေ့ရှိပါတယ်။ ကလေးအသက်နှစ်နှစ်အရွယ်အရပ်ကို ၁၄လက်မပေါင်းပါ။ ကြီးကောင်ဝင်တဲ့အချိန်အထိ တစ်နှစ်ကို ၂လက်မခွဲစီ ပေါင်းသွားပါ။ ကြီးကောင်ဝင်ချိန်မှာ အရပ်ရှည်နှုန်းဟာ တစ်နှစ်ကို ၃လက်မမှ ၄ လက်မအထိ ရှိလာပါတယ်။ ကလေးဘဝအရပ်ရဲ့ တစ်ဝက်နီးပါးလောက်ဟာ အစောဆုံးကြီးထွားမှုဖြစ်တဲ့ မွေးခါစအရွယ်မှ လေးဘက်ထောက်တွားသွားအရွယ်အထိ အပေါ် မူတည်ပါတယ်။ ဒါကြောင့် ကလေးရဲ့ပျမ်းမျှအရပ်ကို သိလိုပါက ယောကျၤားလေးတွေမှာ နှစ်နှစ်အရွယ်အရပ်ကို နှစ်ဆတိုး၊ မိန်းကလေးတွေမှာ ၁၈လအရွယ်အရပ်ကို နှစ်ဆတိုးသင့်ပါတယ်။
မိဘအရပ်ကိုကြည့်ပါ။
ကလေးအသက်ခန့်မှန်းတဲ့ နောက်နည်းလမ်းတစ်ခုကတော့ မိဘနှစ်ယောက်ရဲ့အရပ်ကို တစ်ဝက်ဝက်ခြင်းပဲဖြစ်ပါတယ်။ မိဘနှစ်ပါးရဲ့ အရပ်ကို လက်မဖွဲ့ပေါင်းပြီး နှစ်နဲ့စားပါ။ ယောကျၤားလေးတွေမှာ နှစ်လက်မခွဲပေါင်းပြီး မိန်းကလေးတွေမှာ နှစ်လက်မခွဲ နှုတ်ပါ။ အကြမ်းဖျင်းအရပ်ကို ရပါလိမ့်မယ်။ လေးလက်မလောက် ကွာခြားမှုတော့ ရှိနိုင်ပါတယ်။ ဥပမာဆိုရရင် တွက်ချက်ရာမှ ၅ပေ ၁၀ လက်မဟု ထွက်လာသောယောကျၤားလေးတစ်ယောက်မှာ အရပ် ၅ပေ ၆ လက်မမှ ၆ ပေ၂ လက်မခန့်အထိ ရှိနိုင်ပါတယ်။
Nutroplex 2
သိပ္ပံနည်းကျအရပ်တွက်နည်းများကို အသုံးပြုပါ။
ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်၊ ကလေးမိဘများရဲ့ အရပ်စတဲ့ အချက်တွေကို အသုံးပြုပြီးတွက်ချက်ကြတဲ့ နည်းလမ်းများဟာ အနည်းငယ်ရှုပ်ထွေးပေမယ့် ပိုမိုတိကျပါတယ်။ Khamis-Roche ဆိုတဲ့ တွက်ချက်နည်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုလေ့ရှိပါတယ်။ နောက်တစ်နည်းကတော့ ကလေးရဲ့ ခြေထောက်အရှည်ကို ကြည့်ပြီး ကြီးထွားနှုန်းနဲ့ အရပ်ကို ခန့်မှန်းနည်းပဲဖြစ်ပါတယ်။ ဒီတွက်ချက်နည်းကို ၉နှစ်မှ၁၃နှစ်ကြား မိန်းကလေးများနဲ့ ၁၂နှစ်မှ၁၆နှစ်ကြား မိန်းကလေးများမှာ အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဒီအသက်အရွယ်မှာ ကလေးရဲ့ အရပ်ကို ခန့်မှန်းနိုင်နေပြီဖြစ်တဲ့အတွက် သိပ်တော့အသုံးမဝင်လှပါဘူး။
အစားအသောက်နဲ့ ဆေးဝါးများ
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းများဟာ ကလေးရဲ့အရပ်ကို အနည်းစပ်ဆုံး ခန့်မှန်းနိုင်ပေမယ့် ကလေးကြီးထွားမှုနှုန်းကို ဟန့်တားနေတဲ့အရာများလည်း ရှိနေနိုင်ပါသေးတယ်။ အစာအာဟာရပြည့်ဝစွာ မစားသုံးခြင်းဟာ ကလေးကို ကြီးထွားသင့်သလောက် မကြီးထွားလာတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးဘဝမှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ သိုင်းရွိုက်ဓာတ် ချို့တဲ့ရောဂါများရှိနေပါက ကလေးအရပ်ပုသွားစေနိုင်ပြီး ကြီးထွားမှုဟော်မုန်း ပုံမမှန်ခြင်းဟာလည်း ကလေးကို ပုံမှန်ထက် အရပ်ရှည်စေ၊ ပုစေနိုင်ပါတယ်။ ပန်းနာရင်ကြပ်နဲ့ အူရောင်ရောဂါတွေမှာ အသုံးပြုတဲ့ စတီးရွိုက်ဆေးလိုမျိုး ဆေးတွေဟာလည်း ကလေးကို ညှက်စေတတ်ပါတယ်။ လေ့လာစမ်းသပ်သူများက သနေ္ဓအောင်ဆေးများသုံးပြီး မွေးလာတဲ့ကလေးများဟာ ပုံမှန်ထက် အရပ်ပုတတ်ပြီး ဖန်ပြွန်သနေ္ဓသားများဟာ ပုံမှန်ထက် အရပ်ပိုရှည်တတ်တယ်လို့ ဆိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















