/
news/ကလေးများနှင့်ကျန်းမာရေး/ကိုယ့်ကလေးက-အရပ်ရှည်မှာလား၊-ပုမှာလား

ကိုယ့်ကလေးက အရပ်ရှည်မှာလား၊ ပုမှာလား?

Category
ကလေးများနှင့်ကျန်းမာရေး

          က​လေး​တွေမှာ အရပ်​ရှည်​နှုန်​းရပ်​​တန်​့တဲ့အချိန်​ဟာ မိန်​းက​လေ​း​တွေမှာ ၁၄နှစ်​၊ ၁၅နှစ်​ ဝန်း​ကျင်​ဖြစ်​ပြီး ​ယောကျၤား​လေး​တွေမှာ ၁၆နှစ်​ဝန်​းကျင်​ခန်​့ ဖြစ်​ပါတယ်​။ ငယ်ရွယ်​စဉ်မှာက​လေးအရပ်​ဘယ်​​လောက်​ထိရှည်​မယ်​ဆိုတာ ကြိုတင်​ခန်​့မှန်​းရခက်​ခဲလှပါတယ်​။ အရပ်​ရှည်​နှုန်​းဟာ မျိုးရိုး၊ စား​သောက်​ပုံနဲ့ ကျန်​းမာ​ရေး​ကောင်​းမွန်​မှု ရှိမရှိ စတာ​တွေအ​ပေါ် မူတည်​နေတယ်​လို့ ဆိုနိုင်​​ပေမယ်​့ မျိုးရိုးတစ်​ခုထဲမှ စား​သောက်​ပုံလည်​းတူ​တဲ့​ က​လေးနှစ်​​ယောက်​မှာ အရပ်​ရှည်​ကြီးထွားနှုန်​း မတူညီတာကိုလည်​း​တွေ့ရတတ်​ပါတယ်​။ အရပ်​ရှည်​နှုန်​းကို အတိကျဆုံး ခန်​့မှန်​းနိုင်​မယ်​့ နည်​းလမ်​းတစ်​ခုက​တော့ ဓာတ်​မှန်​ရိုက်​ပြီး အရိုးသက်​တမ်​းကို ခန်​့မှန်​းတာပဲ ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ အိမ်​မှာပဲ အခြားနည်​းလမ်​းများအသုံးပြုပြီး အနီးစပ်​ဆုံး အကြမ်းဖျဉ်း ခန်​့မှန်​းနိုင်​ပါ​သေးတယ်​။

Nutroplex 1

က​လေးအရပ်​​ကို နှစ်​ဆတိုးပါ။

          က​လေး​တွေရဲ့ ကြီးထွားမှုနှုန်​းဟာ တစ်​သမတ်​တည်​း ဖြစ်​​လေ့ရှိပါတယ်​။ က​လေးအသက်​နှစ်​နှစ်​အရွယ်​အရပ်​ကို ၁၄လက်​မ​ပေါင်​းပါ။ ကြီး​ကောင်​ဝင်​တဲ့အချိန်​အထိ တစ်​နှစ်​ကို ၂လက်​မခွဲစီ ​ပေါင်​းသွားပါ။ ကြီး​ကောင်​ဝင်​ချိန်​မှာ အရပ်​ရှည်​နှုန်​းဟာ တစ်​နှစ်​ကို ၃လက်​မမှ ၄ လက်​မအထိ ရှိလာပါတယ်​။ က​လေးဘဝအရပ်​ရဲ့ တစ်​ဝက်​နီးပါး​လောက်​ဟာ အ​စောဆုံးကြီးထွားမှုဖြစ်​တဲ့ မွေးခါစအရွယ်​မှ ​လေးဘက်​​ထောက်​တွားသွားအရွယ်​အထိ အ​ပေါ် မူတည်​ပါတယ်​။ ဒါ​ကြောင်​့ က​လေးရဲ့ပျမ်​းမျှအရပ်​ကို သိလိုပါက ​ယောကျၤား​လေး​တွေမှာ နှစ်​နှစ်​အရွယ်​အရပ်​ကို နှစ်​ဆတိုး၊ မိန်​းက​လေး​တွေမှာ ၁၈လအရွယ်​အ​ရပ်​ကို နှစ်​ဆတိုးသင်​့ပါတယ်​။

 

မိဘအရပ်​ကိုကြည်​့ပါ။

          က​လေးအသက်​ခန်​့မှန်​းတဲ့​ ​နောက်​နည်​းလမ်​းတစ်​​ခုက​တော့ မိဘနှစ​်​​ယောက်​ရဲ့အရပ်​ကို တစ်​ဝက်​ဝက်​ခြင်​းပဲဖြစ်​ပါတယ်​။ မိဘနှစ်​ပါးရဲ့ အရပ်​ကို လက်​မဖွဲ့​ပေါင်​းပြီး နှစ်​နဲ့စားပါ။ ​ယောကျၤား​လေ​းတွေမှာ နှစ်​လက်​မခွဲ​ပေါင်​းပြီး မိန်​းက​လေး​တွေမှာ နှစ်​လက်​မခွဲ နှုတ်​ပါ။ အကြမ်​းဖျင်​းအရပ်​ကို ရပါလိမ်​့မယ်​။ ​လေးလက်​မ​လောက်​ ကွာခြားမှု​တော့ ရှိနိုင်​ပါတယ်​။ ဥပမာဆိုရရင်​ တွက်​ချက်​ရာမှ ​၅​ပေ ၁၀ လက်​မဟု ထွက်​လာ​သော​ယောကျၤား​လေးတစ်​​ယောက်​မှာ အရပ်​ ၅​ပေ ၆ လက်​မမှ ၆ ​ပေ၂ လက်​မခန်​့အထိ ရှိနိုင်​ပါတယ်​။

Nutroplex 2

သိပ္ပံနည်​းကျအရပ်​တွက်​နည်​းများကို အသုံးပြုပါ။

          က​လေးရဲ့ ကိုယ်​အ​လေးချိန်​နဲ့ အရပ်​၊ က​လေးမိဘများရဲ့ အရပ်​စတဲ့ အချက်​​တွေကို အသုံးပြုပြီးတွက်​ချက်​ကြတဲ့ နည်​းလမ်​းများဟာ အနည်​းငယ်​ရှုပ်​​ထွေး​ပေမယ်​့ ပိုမိုတိကျပါတယ်​။ Khamis-Roche ဆိုတဲ့ တွက်​ချက်​နည်​းကို တွင်​တွင်​ကျယ်​ကျယ်​အသုံးပြု​လေ့ရှိပါတယ်​။ ​နောက်​တစ်​နည်​းက​တော့ က​လေးရဲ့ ​ခြေ​ထောက်​အရှည်​ကို ကြည်​့ပြီး ကြီးထွားနှုန်​းနဲ့ အရပ်​ကို ခန်​့မှန်​းနည်​းပဲဖြစ်​ပါတယ်​။ ဒီတွက်​ချက်​နည်​းကို ၉နှစ်​မှ၁၃နှစ်​ကြား မိန်​းက​လေးများနဲ့ ၁၂နှစ်​မှ၁၆နှစ်​ကြား မိန်​းက​လေးများမှာ အသုံးပြု​လေ့ရှိပါတယ်​။ ဒါ​ပေမယ်​့ ဒီအသက်​အရွယ်​မှာ က​လေးရဲ့ အရပ်​ကို ခန်​့မှန်​းနိုင်​​နေပြီဖြစ်​တဲ့အတွက်​ သိပ်​​တော့အသုံးမဝင်​လှပါဘူး။

 

အစား​အ​သောက်​နဲ့ ​ဆေးဝါးများ

          အ​ထက်မှာ​ဖော်​ပြခဲ့တဲ့ နည်​းလမ်​းများဟာ က​လေးရဲ့အရပ်​ကို အနည်​းစပ်​ဆုံး ခန့်မှန်​းနိုင်​​ပေမယ်​့ က​လေးကြီးထွားမှုနှုန်​းကို ဟန်​့တား​နေတဲ့အရာများလည်​း ရှိ​နေနိုင်​ပါ​သေးတယ်​။ အစာအာဟာရပြည်​့ဝစွာ မစားသုံးခြင်​းဟာ က​လေးကို ကြီးထွားသင့်​သ​လောက်​ မကြီးထွားလာတာမျိုး ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ့အပြင်​ က​လေးဘဝမှာ အဆစ်​အမြစ်​​ရောင်​​ရောဂါနဲ့ သိုင်​းရွိုက်​ဓာတ်​ ချို့တဲ့​ရောဂါများရှိ​နေပါက က​လေးအရပ်​ပုသွား​စေနိုင်​ပြီး ကြီးထွားမှု​ဟော်​မုန်​း ပုံမမှန်​ခြင်​းဟာလည်​း က​လေးကို ပုံမှန်​ထက်​ အရပ်​ရှည်​​စေ၊ ပု​စေနိုင်​ပါတယ်​။ ပန်​းနာရင်​ကြပ်​နဲ့ အူ​ရောင်​​ရောဂါ​တွေမှာ အသုံးပြုတဲ့ စတီးရွိုက်​​ဆေးလိုမျိုး ​ဆေး​တွေဟာလည်​း က​လေးကို ညှက်​​စေတတ်​ပါတယ်​။ ​လေ့လာစမ်​းသပ်​သူများက သ​နေ္ဓ​အောင်​​ဆေးများသုံးပြီး ​မွေးလာတဲ့က​လေးများဟာ ပုံမှန်​ထက်​ အရပ်​ပုတတ်​ပြီး ဖန်​ပြွန်​သ​နေ္ဓသားများဟာ ပုံမှန်​ထက်​ အရပ်​ပိုရှည်​တတ်​တယ်​လို့ ဆိုပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)