ကျန်းမာတဲ့စားသောက်ပုံ အလေ့အကျင့်ကို ပြုစုပျိုးထောင်ခြင်း
ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးမှသာလျှင် ကျန်းမာတဲ့အလေ့အကျင့်တွေဟာ စွဲမြဲမှာ ဖြစ်ပါတယ်။ ကလေးတွေကို လေ့ကျင့်ပေးသင့်တဲ့ အလေ့အကျင့်တွေကတော့
● ဟိုဟာ မကျွေး၊ ဒီဟာ မကျွေး၊ ဟိုဟာ မစားရ၊ ဒီဟာ မစားရ မလုပ်သင့်ပါဘူး။
● အိမ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်တွေ၊ အစားအသောက်တွေကို အဆင်သင့် ဆောင်ထားပါ၊ ကလေးတွေက အလွယ်တကူ ရနိုင်တဲ့မုန့်ကို စားတတ်ကြပါတယ်။
● ဟိုအစားအသောက်က ကောင်းတယ်၊ ဒီအစားအစာက မကောင်းဘူးလို့ ပြောမယ့်အစား သူတို့ကြိုက်တဲ့အရာလေးတွေနဲ့ ပြောပြပြီး ဆွဲဆောင်ပါ။ ဥပမာ - အသီးအနှံတွေ အသီးအရွက်တွေက အသားအရေ လှစေတယ်၊ ပဲစားရင် ဘောလုံးဆော့တဲ့နေရာမှာ ပိုပြီးကြံ့ခိုင်စေတယ် ဆိုတာမျိုးပေါ့။
● ကလေးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ရွေးချယ်ခဲ့ရင် ချီးကျူးပေးပါ။
● ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့မုန့်တွေ စားတယ်ဆိုရင်လည်း ဆူပူမနေဘဲ မသိချင်ယောင်ဆောင်နေလိုက်ပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်၊ အစားအသောက်နဲ့ အစားထိုးပေးကြည့်ပါ။
● ဆုပေးတဲ့အနေနဲ့ မုန့်ပေးတာမျိုး မလုပ်ပါနဲ့။
● မိသားစု အားလုံးအတူ ဝိုင်းဖွဲ့ပြီး ညစာစားတဲ့ အလေ့အကျင့်မျိုး လုပ်ပါ။ ဒီလို ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ ပိုပြီးပြဿနာနည်းတဲ့ ကလေးတွေ ဖြစ်လာပါတယ်။
Ceelin 1
● အစားအသောက်တွေကို ထမင်းစားပွဲကို ရောက်မှ ပြင်ဆင်တာထက် မီးဖိုချောင်မှာ ပြင်ဆင်ပါ၊ ဒါမှ တစ်ယောက်ကို ဘယ်လောက်၊ ဘာတွေထည့်ရမလဲဆိုတာ သေချာပြင်ဆင်နိုင်မှာပါ။
● ကလေးကို ရွေးချယ်ခွင့်ပေးပါ၊ ဘာစားချင်လဲ မေးပါ၊ ဥပမာ - ပန်းကန်ထဲမှာ ရှိတာအကုန် ၃ လုတ်စီလောက် စားကြည့်ခိုင်းပါ။ ပြီးရင် အမှတ်လေးတွေ ပေးခိုင်းပြီး အမှတ်များတဲ့ အစားအစာကို များများထည့်ပေးတာမျိုး လုပ်ပါ။
● ကိုယ်အလေးချိန် တိုးစေချင်တာဖြစ်ဖြစ်၊ လျှော့စေချင်တာဖြစ်ဖြစ် ဘယ်လို ကျွေးရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဒီနေ့ခေတ်လို အသင့်စား အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ပေါများနေတဲ့ ခေတ်ကြီးမှာ သင့်ကလေးကို ငယ်စဉ်တည်းက အစားအသောက်ကို ရွေးချယ်စားသောက်ပုံ မှန်ကန်အောင် လေ့ကျင့်ပေးထားမှသာ ဘဝတစ်လျှောက်လုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။
Dr. Htar (www.drmyanmar.com)
Ceelin 2
(Zawgyi)
ငယ္႐ြယ္စဥ္ကတည္းက ေလ့က်င့္ေပးမွသာလွ်င္ က်န္းမာတဲ့အေလ့အက်င့္ေတြဟာ စြဲၿမဲမွာ ျဖစ္ပါတယ္။ ကေလးေတြကို ေလ့က်င့္ေပးသင့္တဲ့ အေလ့အက်င့္ေတြကေတာ့
● ဟိုဟာ မေကြၽး၊ ဒီဟာ မေကြၽး၊ ဟိုဟာ မစားရ၊ ဒီဟာ မစားရ မလုပ္သင့္ပါဘူး။
● အိမ္မွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ မုန႔္ေတြ၊ အစားအေသာက္ေတြကို အဆင္သင့္ ေဆာင္ထားပါ၊ ကေလးေတြက အလြယ္တကူ ရႏိုင္တဲ့မုန႔္ကို စားတတ္ၾကပါတယ္။
● ဟိုအစားအေသာက္က ေကာင္းတယ္၊ ဒီအစားအစာက မေကာင္းဘူးလို႔ ေျပာမယ့္အစား သူတို႔ႀကိဳက္တဲ့အရာေလးေတြနဲ႔ ေျပာျပၿပီး ဆြဲေဆာင္ပါ။ ဥပမာ - အသီးအႏွံေတြ အသီးအ႐ြက္ေတြက အသားအေရ လွေစတယ္၊ ပဲစားရင္ ေဘာလုံးေဆာ့တဲ့ေနရာမွာ ပိုၿပီးႀကံ့ခိုင္ေစတယ္ ဆိုတာမ်ိဳးေပါ့။
● ကေလးက က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ကို ေ႐ြးခ်ယ္ခဲ့ရင္ ခ်ီးက်ဴးေပးပါ။
● က်န္းမာေရးနဲ႔ ညီၫြတ္မႈမရွိတဲ့မုန႔္ေတြ စားတယ္ဆိုရင္လည္း ဆူပူမေနဘဲ မသိခ်င္ေယာင္ေဆာင္ေနလိုက္ပါ၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မုန႔္၊ အစားအေသာက္နဲ႔ အစားထိုးေပးၾကည့္ပါ။
● ဆုေပးတဲ့အေနနဲ႔ မုန႔္ေပးတာမ်ိဳး မလုပ္ပါနဲ႔။
● မိသားစု အားလုံးအတူ ဝိုင္းဖြဲ႕ၿပီး ညစာစားတဲ့ အေလ့အက်င့္မ်ိဳး လုပ္ပါ။ ဒီလို ကေလးေတြဟာ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ပိုၿပီးျပႆနာနည္းတဲ့ ကေလးေတြ ျဖစ္လာပါတယ္။
● အစားအေသာက္ေတြကို ထမင္းစားပြဲကို ေရာက္မွ ျပင္ဆင္တာထက္ မီးဖိုေခ်ာင္မွာ ျပင္ဆင္ပါ၊ ဒါမွ တစ္ေယာက္ကို ဘယ္ေလာက္၊ ဘာေတြထည့္ရမလဲဆိုတာ ေသခ်ာျပင္ဆင္ႏိုင္မွာပါ။
● ကေလးကို ေ႐ြးခ်ယ္ခြင့္ေပးပါ၊ ဘာစားခ်င္လဲ ေမးပါ၊ ဥပမာ - ပန္းကန္ထဲမွာ ရွိတာအကုန္ ၃ လုတ္စီေလာက္ စားၾကည့္ခိုင္းပါ။ ၿပီးရင္ အမွတ္ေလးေတြ ေပးခိုင္းၿပီး အမွတ္မ်ားတဲ့ အစားအစာကို မ်ားမ်ားထည့္ေပးတာမ်ိဳး လုပ္ပါ။
● ကိုယ္အေလးခ်ိန္ တိုးေစခ်င္တာျဖစ္ျဖစ္၊ ေလွ်ာ့ေစခ်င္တာျဖစ္ျဖစ္ ဘယ္လို ေကြၽးရမလဲဆိုတာ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
ဒီေန႔ေခတ္လို အသင့္စား အစားအစာေတြ၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာေတြ ေပါမ်ားေနတဲ့ ေခတ္ႀကီးမွာ သင့္ကေလးကို ငယ္စဥ္တည္းက အစားအေသာက္ကို ေ႐ြးခ်ယ္စားေသာက္ပုံ မွန္ကန္ေအာင္ ေလ့က်င့္ေပးထားမွသာ ဘဝတစ္ေလွ်ာက္လုံးအတြက္ အဆင္ေျပမွာ ျဖစ္ပါတယ္။
Dr. Htar (www.drmyanmar.com)
















