/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစကလေးငယ်များနှင့်-ကလေးတွေမှာ-တွေ့ရတဲ့

မွေးကင်းစကလေးငယ်များနှင့် ကလေးတွေမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများ

Category
ကလေးများနှင့်ကျန်းမာရေး

ဒီနေ့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံလူနာပေါင်း ထောင်ကျော်နေပြီ ဖြစ်ပါတယ်။ များသောအားဖြင့် ကလေးငယ်များတွင် ဖြစ်ပွားသော ကိုဗစ်လက္ခဏာတွေဟာ လူကြီးတွေထက်စာရင် ပိုမိုပျော့ပျောင်းနိုင်ပေမယ့်လည်း မိဘတွေအနေနှင့် မပေါ့ဆသင့်ပါဘူး။

>>  ကလေးတွေမှာ ကိုဗစ်ကူးစက်ခံရပြီဆိုပါက အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
●  ချောင်းဆိုးခြင်း
●  ဖျားခြင်း၊ ချမ်းတုန်ခြင်း
●  အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝခြင်း
●  ကိုယ်လက်နာခြင်း
●  လည်ချောင်းနာခြင်း
●  အရသာနှင့် အနံ့အသက်ပျောက်ခြင်း
●  ဝမ်းပျက်ခြင်း
●  ခေါင်းကိုက်ခြင်း
●  ပင်ပန်းနွမ်းနယ်ခြင်း
●  ပျို့အန်ခြင်း
●  နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း
ဖျားခြင်းနှင့်ချောင်းဆိုးခြင်းတွေကို လူကြီးကော ကလေးများတွင်ပါ တွေ့ရှိရသော်လည်း အသက်ရှူကြပ်ခြင်းကိုတော့ လူကြီးများတွင် ပိုမိုတွေ့ရှိရတတ်ပါတယ်။

Ceelin 1

ကလေးတွေအနေနှင့် လည်ချောင်းနာခြင်း၊ အလွန်အမင်းနုံးခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့ကို ပိုမိုခံစားရနိုင်ပါတယ်။
အသက် ၂ နှစ်အောက် ကလေးငယ်များ၊ လမစေ့ဘဲမွေးသောကလေးများ၊ အဝလွန်သူများနှင့် နာတာရှည်အဆုတ်ရောဂါရှိသူများအနေနှင့် ဖျားနာပါက ဆေးရုံတွင် တက်ရောက်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ကလေးဟာ ကိုယ်အပူချိန် ၁၀၀.၄ ဒီဂရီထက် မြင့်နေပြီး အောက်ပါလက္ခဏာများအနက် အနည်းဆုံး တစ်ခုရှိနေပါက ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
●  အားနည်းပျော့ခွေနေခြင်း၊ နုံးခြင်း
●  အနီစက်များထွက်ခြင်း
●  ဗိုက်နာခြင်း
●  အန်ခြင်း၊ ဝမ်းပျက်ခြင်း
●  နှုတ်ခမ်းများ နီရဲကွဲအက်ခြင်း
●  မျက်စိနီခြင်း
●  လက်နှင့်ခြေထောက်များ ရောင်ကိုင်းခြင်း
●  အသက်ရှူကြပ်ခြင်း
●  မှိန်းလွန်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း
●  နှုတ်ခမ်းများပြာခြင်း

Ceelin 2

>>  ကလေးများအား ကိုဗစ်ကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက် အောက်ပါအချက်များကို လိုက်နာပါ။
●  Physical Distancing နည်းစဉ်များကို လိုက်နာပြီး ပတ်ဝန်းကျင်ရှိလူများနှင့် ၆ ပေအကွာတွင် နေပါ။
●  အတတ်နိုင်ဆုံး အပြင်လုံး၀ မခေါ်သွားပါနဲ့။ မဖြစ်မနေ ထွက်ရပြီဆိုလျှင် maskကို နည်းလမ်းမှန်စွာ တပ်ဆင်ပေးပါ။ ဖြစ်နိုင်လျှင် face shield ပါ ထပ်တပ်ပါ။
●  ကိုဗစ် ကူးစက်ခံနိုင်ဖွယ်ရှိသောလူများနှင့် နီးကပ်စွာ နေစေခြင်းကို ရှောင်ကြဉ်ပါ။
●  ချောင်းဆိုးပြီး နှာချေပြီးတိုင်း၊ အိမ်ပြင်ကပြန်လာတိုင်း၊ အစာမစားခင်နှင့် အိမ်သာအဆင်းတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ခန့် ဆေးကြောပါ။
●  မျက်နှာကို လက်ဖြင့် ကိုင်တွယ်ခြင်းကို တားမြစ်ပါ။
●  ကလေးကို အိပ်ရေး၀၀သိပ်ပါ။
●  အာဟာရပြည့်ဝသော အစားအသောက်များ၊ အထူးသဖြင့် Vitamin C ကြွယ်ဝသော အစားအသောက်များ နေ့စဉ် ဂရုစိုက်ပြီးကျွေးပါ။ ပုံမှန် မကျွေးဖြစ်လျှင် Vitamin C ပါသော ဖြည့်စွက်အားဆေးများကို တိုက်ကျွေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)