မွေးကင်းစကလေးငယ်များနှင့် ကလေးတွေမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာများ
ဒီနေ့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံလူနာပေါင်း ထောင်ကျော်နေပြီ ဖြစ်ပါတယ်။ များသောအားဖြင့် ကလေးငယ်များတွင် ဖြစ်ပွားသော ကိုဗစ်လက္ခဏာတွေဟာ လူကြီးတွေထက်စာရင် ပိုမိုပျော့ပျောင်းနိုင်ပေမယ့်လည်း မိဘတွေအနေနှင့် မပေါ့ဆသင့်ပါဘူး။
>> ကလေးတွေမှာ ကိုဗစ်ကူးစက်ခံရပြီဆိုပါက အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
● ချောင်းဆိုးခြင်း
● ဖျားခြင်း၊ ချမ်းတုန်ခြင်း
● အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝခြင်း
● ကိုယ်လက်နာခြင်း
● လည်ချောင်းနာခြင်း
● အရသာနှင့် အနံ့အသက်ပျောက်ခြင်း
● ဝမ်းပျက်ခြင်း
● ခေါင်းကိုက်ခြင်း
● ပင်ပန်းနွမ်းနယ်ခြင်း
● ပျို့အန်ခြင်း
● နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း
ဖျားခြင်းနှင့်ချောင်းဆိုးခြင်းတွေကို လူကြီးကော ကလေးများတွင်ပါ တွေ့ရှိရသော်လည်း အသက်ရှူကြပ်ခြင်းကိုတော့ လူကြီးများတွင် ပိုမိုတွေ့ရှိရတတ်ပါတယ်။
Ceelin 1
ကလေးတွေအနေနှင့် လည်ချောင်းနာခြင်း၊ အလွန်အမင်းနုံးခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့ကို ပိုမိုခံစားရနိုင်ပါတယ်။
အသက် ၂ နှစ်အောက် ကလေးငယ်များ၊ လမစေ့ဘဲမွေးသောကလေးများ၊ အဝလွန်သူများနှင့် နာတာရှည်အဆုတ်ရောဂါရှိသူများအနေနှင့် ဖျားနာပါက ဆေးရုံတွင် တက်ရောက်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ကလေးဟာ ကိုယ်အပူချိန် ၁၀၀.၄ ဒီဂရီထက် မြင့်နေပြီး အောက်ပါလက္ခဏာများအနက် အနည်းဆုံး တစ်ခုရှိနေပါက ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားဖို့ လိုအပ်ပါတယ်။
● အားနည်းပျော့ခွေနေခြင်း၊ နုံးခြင်း
● အနီစက်များထွက်ခြင်း
● ဗိုက်နာခြင်း
● အန်ခြင်း၊ ဝမ်းပျက်ခြင်း
● နှုတ်ခမ်းများ နီရဲကွဲအက်ခြင်း
● မျက်စိနီခြင်း
● လက်နှင့်ခြေထောက်များ ရောင်ကိုင်းခြင်း
● အသက်ရှူကြပ်ခြင်း
● မှိန်းလွန်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း
● နှုတ်ခမ်းများပြာခြင်း
Ceelin 2
>> ကလေးများအား ကိုဗစ်ကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက် အောက်ပါအချက်များကို လိုက်နာပါ။
● Physical Distancing နည်းစဉ်များကို လိုက်နာပြီး ပတ်ဝန်းကျင်ရှိလူများနှင့် ၆ ပေအကွာတွင် နေပါ။
● အတတ်နိုင်ဆုံး အပြင်လုံး၀ မခေါ်သွားပါနဲ့။ မဖြစ်မနေ ထွက်ရပြီဆိုလျှင် maskကို နည်းလမ်းမှန်စွာ တပ်ဆင်ပေးပါ။ ဖြစ်နိုင်လျှင် face shield ပါ ထပ်တပ်ပါ။
● ကိုဗစ် ကူးစက်ခံနိုင်ဖွယ်ရှိသောလူများနှင့် နီးကပ်စွာ နေစေခြင်းကို ရှောင်ကြဉ်ပါ။
● ချောင်းဆိုးပြီး နှာချေပြီးတိုင်း၊ အိမ်ပြင်ကပြန်လာတိုင်း၊ အစာမစားခင်နှင့် အိမ်သာအဆင်းတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ခန့် ဆေးကြောပါ။
● မျက်နှာကို လက်ဖြင့် ကိုင်တွယ်ခြင်းကို တားမြစ်ပါ။
● ကလေးကို အိပ်ရေး၀၀သိပ်ပါ။
● အာဟာရပြည့်ဝသော အစားအသောက်များ၊ အထူးသဖြင့် Vitamin C ကြွယ်ဝသော အစားအသောက်များ နေ့စဉ် ဂရုစိုက်ပြီးကျွေးပါ။ ပုံမှန် မကျွေးဖြစ်လျှင် Vitamin C ပါသော ဖြည့်စွက်အားဆေးများကို တိုက်ကျွေးပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























