/
news/ကလေးများနှင့်ကျန်းမာရေး/မွေးခါစကလေးတွေရဲ့သွားနဲ့ခံတွင်းကို-ဘယ်လိုသန့်ရှင်းရေး-လုပ်ပေးကြမလဲ

မွေးခါစကလေးတွေရဲ့သွားနဲ့ခံတွင်းကို ဘယ်လိုသန့်ရှင်းရေး လုပ်ပေးကြမလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

          ​မွေးခါစက​လေးငယ်​တွေမှာ သွား​မ​ပေါက်​သေး​ပေမယ်​့ ခံတွင်​းသန်​့ရှင်​း​ရေး​ ပုံမှန်​လုပ်​​ပေးသင်​့ပါတယ်​။ က​လေးကို ​နောက်​ဆုံးနို့တိုက်​ပြီးချိန်​မှာ ဂွမ်​းတစ်​စကို ​ရေစွတ်​ပြီး သွားဖုံး​တစ်​ဝိုက်​ကို သန်​့ရှင်​း​ရေးလုပ်​​ပေးပါ။ တစ်​​နေ့တစ်​ကြိမ်​ အနည်​းဆုံး လုပ်​​ပေးသင်​့ပါတယ်​။

          တစ်​ချို့​က​လေး​တွေဟာ ​မွေးခါစကတည်​းက သွား​ပေါက်​စ တစ်​​ချောင်​းနှစ်​​ချောင်​းပါတတ်​ကြပါတယ်​။ ဒီလို ပါတတ်​တဲ့ က​လေး​တွေမှာ ပထမဆုံးနို့တိုက်​ပြီးချိန်​ တစ်​ကြိမ်​၊ ​နောက်​ဆုံး နို့တိုက်​ပြီးချိန်​တစ်​ကြိမ်​ အနည်​းဆုံး တစ်​​နေ့နှစ်​ကြိမ်​ သွားပွတ်​တံ​ပျော့​ပျော့​လေးနဲ့ အသာအယာပွတ်​တိုက်​​ပေးသင်​့ပါတယ်​။ ၆လ​အောက်​ က​လေး​တွေမှာ သွားတိုက်​​ဆေးမှာပါတဲ့ ဖလိုရိုက်ဓာတ်​​တွေ စုပုံတတ်​တဲ့အတွက်​​ သွားတိုက်​​ဆေးလုံးဝမသုံးသင်​့ပါဘူး။

          သွားပိုးစားခြင်​းကို ကာကွယ်​နိုင်​ဖို့ နို့ဘူးကို ချိုလိမ်​သ​ဘောမျိုး တစ်​ချိန်​လုံး စို့ခိုင်​းထားခြင်​း၊ ညဘက်​မှာ နို့ဘူးစို့ အိပ်​​ေ​စခြင်​းတို့ကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။ ညဘက်​နို့ဘူးစို့အိပ်​​စေခြင်​းဟာ ​သွား​ပေါက်​လာတဲ့အခါ သွားပျက်​စီး​စေနိုင်​တဲ့အထိ ဖြစ်​​စေတတ်​ပါတယ်​။ ဒါ​ကြောင်​့ က​လေးဟာ ညဘက်​မှာနို့ဘူးစို့မှ အိပ်​တတ်​တယ်​​ဆိုရင်​တောင်​ နို့အစား ​ရေကိုအစားထိုး စို့​စေသင်​့ပါတယ်​။​

 

Dr. Mya Phoo Ngon (www.drmyanmar.com)