အသက်တစ်နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတဲ့ မျက်လုံးပြဿနာများ
ကိုယ့်ရဲ့ကလေးငယ်မှာ အမြင်အာရုံပြဿနာ ကြုံတွေ့နေရလို့ အရမ်းစိတ်ပူ စိတ်ညစ်နေကြတဲ့ မေမေတို့အတွက် အရမ်းလည်း စိတ်မပူကြပါနဲ့။ ကလေးတွေမှာ အမြင်အာရုံပြဿနာအချို့က အဖြစ်များပြီးတော့ သေချာကုရင် ပျောက်ကင်းနိုင်ပါတယ်။
မိဘတွေအနေနဲ့ကတော့ ကလေးလေး မသက်မသာဖြစ်တာကို မြင်ရတာနဲ့တင် စိတ်ပူပန်နေရတာပါပဲ။ ပြီးတော့ ဘာဖြစ်မှန်းကလည်းမသိဆိုတော့ ပိုစိတ်ပူတာပေါ့။ ဒီတော့ အဖြစ်များတဲ့ မျက်စိပြဿနာအချို့နဲ့ ကုထုံးတွေကို သိထားဖို့ ပြောပြပေးချင်ပါတယ်။
>> မျက်လုံးမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေ
ဆရာဝန် သွားမပြခင်မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့နဲ့ မလိုအပ်ဘဲ စိုးရိမ်တာတွေမဖြစ်ဖို့အတွက် မိဘတွေ သိထားသင့်တဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။
● မျက်သားနီခြင်း - ရောဂါပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။
● အလင်းဒဏ်မခံနိုင်ခြင်း - မျက်လုံးထဲမှာ ဖိအားတက်နေလို့ ဖြစ်နိုင်ပါတယ်။
● မျက်ရည်အရမ်းထွက်ခြင်း - ကလေးက ခဏခဏငိုပြီး ငိုတိုင်းလည်း မျက်ရည်တွေ အများကြီးထွက်နေတယ်ဆိုရင် ဒါက မျက်ရည်ပြွန်ပိတ်ဆို့နေလို့ ဖြစ်နိုင်ပါတယ်။
● သူငယ်အိမ် ဖြူနေခြင်း - သူငယ်အိမ် ဖြူနေတာက မျက်စိကင်ဆာရဲ့ စဦးလက္ခဏာ ဖြစ်နိုင်ပါတယ်။
>> အပေါ်မှာ ရောဂါလက္ခဏာတွေ ပြောပြီးပြီဆိုတော့ တစ်နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတဲ့ မျက်လုံးပြဿနာတွေကို ကြည့်ကြရအောင်။
၁။ မျက်လုံးအမြှေးပါးရောင်ခြင်း
ဗိုင်းရပ်စ်ပိုး (သို့) ဘက်တီးရီးယားပိုး (သို့) မျက်ရည်ပြွန် ပိတ်ပြီး မျက်လုံးအမြှေးပါး ရောင်တာမျိုးကို အသက်တစ်နှစ်အောက် ကလေးငယ်တွေမှာ တွေ့ရတတ်ပါတယ်။ လက္ခဏာတွေကတော့ -
● မျက်သားနီပြီးရောင်ခြင်း
● မျက်ဝတ်ထွက်ခြင်း
● မျက်ရည်အလွန်ထွက်ခြင်း
** ဘယ်လို ကုသမလဲ?
● ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးပါတဲ့မျက်စဉ်းတွေကို ခပ်ပေးတာကတော့ အကောင်းဆုံးပါပဲ။
● သန့်ရှင်းတဲ့အဝတ်စလေးကို ရေနွေးထဲမှာ နှစ်ပြီးတော့ ကလေးရဲ့ နှာခေါင်းနဲ့မျက်လုံးဝန်းကျင်ကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်နေ့ကို ၃-၅ ကြိမ်လောက် လုပ်ပေးပါ။
● ရေနွေးဆူဆူတစ်ခွက်ထဲမှာ ဆားနည်းနည်းထည့်ပြီးတော့ ကလေး ခံနိုင်လောက်တဲ့ ရေနွေးနွေး အနေအထားမျိုး ရအောင်ထားပါ။ ပြီးမှ ဂွမ်းလုံးလေးတစ်လုံးကို အဲထဲမှာနှစ်ပြီး ကလေးရဲ့မျက်ခွံလေးပေါ်ကို ညင်ညင်သာသာလေး ပွတ်ပေးပါ။ တစ်နေ့ ၂-၃ ကြိမ်လောက် လုပ်ပေးပါ။
Nutrilin IA 1

၂။ မျက်လုံးလားရာ မမှန်ခြင်း
ကလေးရဲ့ နှာခေါင်းရိုးက ကျယ်နေတော့ ကလေးကတစ်ဖက်ကို ဖြတ်ကြည့်ပေမယ့်လည်း တည့်တည့်ပဲ မြင်နေရတာမျိုး ဖြစ်တတ်ပါတယ်။
ကလေးရဲ့မျက်လုံးက စွေကြည့်သလိုမျိုး ဖြစ်နေတတ်ပါတယ်။
** ဘယ်လို ကုသမလဲ?
● အများအားဖြင့်တော့ ကုသမှုခံယူဖို့ မလိုပေမယ့် ဘာကြောင့်လဲဆိုတာကို ဆရာဝန်နဲ့ သေချာပြသပြီး အဖြေရှာဖို့တော့ လိုပါတယ်။
● တစ်ခါတလေမှာ ကြည့်ရတာ ရုပ်ဆိုးလို့ ခွဲစိတ်ကုသတာတွေ လုပ်ဖို့လိုပါတယ်။
၃။ မျက်လုံးစွေခြင်း/ lazy eyes
ဒါကတော့ မျက်လုံးတစ်ဖက်တည်းမှာ အဖြစ်များတဲ့ပြဿနာတစ်မျိုးပါ။ ကင်မရာကဖလက်ရှ်မီး၊ အလင်းစူးစူးတွေကြောင့် ဖြစ်တာများပါတယ်။ မျက်လုံးတစ်ဖက်က တခြားတစ်ဖက်ထက်ပိုပြီး အာရုံစူးစိုက်အားကောင်းနေတဲ့အခါမှာ ဖြစ်ပါတယ်။
** အထွေထွေ သတိပြုစရာများ
ကလေးရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး မိဘတွေအနေနဲ့ ဂရုစိုက်ပေးရမယ့်အချက်တွေ ရှိပါတယ်။
● ကလေးရဲ့အခန်းလေးကို ညအိပ်မီးသီး၊ အလင်းရောင်ဖျော့ဖျော့လေးတွေနဲ့ အလှဆင်ပေးထားပါ။
● ကလေးအိပ်တဲ့အခါမှာ ပုံစံလေး ပြောင်းပြောင်းပေးပါ။
● ကလေး မြင်နိုင်တဲ့နေရာလေးမှာ အရုပ်လေးတွေ ထားပေးထားပါ။
● ကလေးကို တစ်ယောက်တည်း အကြာကြီး မထားခဲ့ပါနဲ့။ ကလေးအခန်းထဲမှာ မရှိရင်တောင် ဟိုဟိုဒီဒီ ကြည့်အောင် အသံလေးပေးပါ။
● ကလေးကို ထမင်းခွံ့တဲ့အခါမှာ ဟိုဘက်ဒီဘက် ပြောင်းပြောင်းပြီး ခွံ့ပေးပါ။
ကလေးမှာ မျက်လုံးပြဿနာတွေ့ရင် အရမ်းမစိုးရိမ်ပါနဲ့။ သေချာဂရုစိုက်ပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါစေ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Nutrilin IA 2

(Zawgyi)
ကိုယ့္ရဲ႕ကေလးငယ္မွာ အျမင္အာ႐ုံျပႆနာ ႀကဳံေတြ႕ေနရလို႔ အရမ္းစိတ္ပူ စိတ္ညစ္ေနၾကတဲ့ ေမေမတို႔အတြက္ အရမ္းလည္း စိတ္မပူၾကပါနဲ႔။ ကေလးေတြမွာ အျမင္အာ႐ုံျပႆနာအခ်ိဳ႕က အျဖစ္မ်ားၿပီးေတာ့ ေသခ်ာကုရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။
မိဘေတြအေနနဲ႔ကေတာ့ ကေလးေလး မသက္မသာျဖစ္တာကို ျမင္ရတာနဲ႔တင္ စိတ္ပူပန္ေနရတာပါပဲ။ ၿပီးေတာ့ ဘာျဖစ္မွန္းကလည္းမသိဆိုေတာ့ ပိုစိတ္ပူတာေပါ့။ ဒီေတာ့ အျဖစ္မ်ားတဲ့ မ်က္စိျပႆနာအခ်ိဳ႕နဲ႔ ကုထုံးေတြကို သိထားဖို႔ ေျပာျပေပးခ်င္ပါတယ္။
>> မ်က္လုံးမွာ အျဖစ္မ်ားတဲ့ ေရာဂါလကၡဏာေတြ
ဆရာဝန္ သြားမျပခင္မွာ ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔နဲ႔ မလိုအပ္ဘဲ စိုးရိမ္တာေတြမျဖစ္ဖို႔အတြက္ မိဘေတြ သိထားသင့္တဲ့အခ်က္ေလးေတြကို ေျပာျပခ်င္ပါတယ္။
● မ်က္သားနီျခင္း - ေရာဂါပိုးဝင္လို႔ ျဖစ္ႏိုင္ပါတယ္။
● အလင္းဒဏ္မခံႏိုင္ျခင္း - မ်က္လုံးထဲမွာ ဖိအားတက္ေနလို႔ ျဖစ္ႏိုင္ပါတယ္။
● မ်က္ရည္အရမ္းထြက္ျခင္း - ကေလးက ခဏခဏငိုၿပီး ငိုတိုင္းလည္း မ်က္ရည္ေတြ အမ်ားႀကီးထြက္ေနတယ္ဆိုရင္ ဒါက မ်က္ရည္ႁပြန္ပိတ္ဆို႔ေနလို႔ ျဖစ္ႏိုင္ပါတယ္။
● သူငယ္အိမ္ ျဖဴေနျခင္း - သူငယ္အိမ္ ျဖဴေနတာက မ်က္စိကင္ဆာရဲ႕ စဦးလကၡဏာ ျဖစ္ႏိုင္ပါတယ္။
>> အေပၚမွာ ေရာဂါလကၡဏာေတြ ေျပာၿပီးၿပီဆိုေတာ့ တစ္ႏွစ္ေအာက္ကေလးငယ္ေတြမွာ အျဖစ္မ်ားတဲ့ မ်က္လုံးျပႆနာေတြကို ၾကည့္ၾကရေအာင္။
၁။ မ်က္လုံးအေျမႇးပါးေရာင္ျခင္း
ဗိုင္းရပ္စ္ပိုး (သို႔) ဘက္တီးရီးယားပိုး (သို႔) မ်က္ရည္ႁပြန္ ပိတ္ၿပီး မ်က္လုံးအေျမႇးပါး ေရာင္တာမ်ိဳးကို အသက္တစ္ႏွစ္ေအာက္ ကေလးငယ္ေတြမွာ ေတြ႕ရတတ္ပါတယ္။ လကၡဏာေတြကေတာ့ -
● မ်က္သားနီၿပီးေရာင္ျခင္း
● မ်က္ဝတ္ထြက္ျခင္း
● မ်က္ရည္အလြန္ထြက္ျခင္း
** ဘယ္လို ကုသမလဲ?
● ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း ပိုးသတ္ေဆးပါတဲ့မ်က္စဥ္းေတြကို ခပ္ေပးတာကေတာ့ အေကာင္းဆုံးပါပဲ။
● သန႔္ရွင္းတဲ့အဝတ္စေလးကို ေရေႏြးထဲမွာ ႏွစ္ၿပီးေတာ့ ကေလးရဲ႕ ႏွာေခါင္းနဲ႔မ်က္လုံးဝန္းက်င္ကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ တစ္ေန႔ကို ၃-၅ ႀကိမ္ေလာက္ လုပ္ေပးပါ။
● ေရေႏြးဆူဆူတစ္ခြက္ထဲမွာ ဆားနည္းနည္းထည့္ၿပီးေတာ့ ကေလး ခံႏိုင္ေလာက္တဲ့ ေရေႏြးေႏြး အေနအထားမ်ိဳး ရေအာင္ထားပါ။ ၿပီးမွ ဂြမ္းလုံးေလးတစ္လုံးကို အဲထဲမွာႏွစ္ၿပီး ကေလးရဲ႕မ်က္ခြံေလးေပၚကို ညင္ညင္သာသာေလး ပြတ္ေပးပါ။ တစ္ေန႔ ၂-၃ ႀကိမ္ေလာက္ လုပ္ေပးပါ။
၂။ မ်က္လုံးလားရာ မမွန္ျခင္း
ကေလးရဲ႕ ႏွာေခါင္း႐ိုးက က်ယ္ေနေတာ့ ကေလးကတစ္ဖက္ကို ျဖတ္ၾကည့္ေပမယ့္လည္း တည့္တည့္ပဲ ျမင္ေနရတာမ်ိဳး ျဖစ္တတ္ပါတယ္။
ကေလးရဲ႕မ်က္လုံးက ေစြၾကည့္သလိုမ်ိဳး ျဖစ္ေနတတ္ပါတယ္။
** ဘယ္လို ကုသမလဲ?
● အမ်ားအားျဖင့္ေတာ့ ကုသမႈခံယူဖို႔ မလိုေပမယ့္ ဘာေၾကာင့္လဲဆိုတာကို ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး အေျဖရွာဖို႔ေတာ့ လိုပါတယ္။
● တစ္ခါတေလမွာ ၾကည့္ရတာ ႐ုပ္ဆိုးလို႔ ခြဲစိတ္ကုသတာေတြ လုပ္ဖို႔လိုပါတယ္။
၃။ မ်က္လုံးေစြျခင္း/ lazy eyes
ဒါကေတာ့ မ်က္လုံးတစ္ဖက္တည္းမွာ အျဖစ္မ်ားတဲ့ျပႆနာတစ္မ်ိဳးပါ။ ကင္မရာကဖလက္ရွ္မီး၊ အလင္းစူးစူးေတြေၾကာင့္ ျဖစ္တာမ်ားပါတယ္။ မ်က္လုံးတစ္ဖက္က တျခားတစ္ဖက္ထက္ပိုၿပီး အာ႐ုံစူးစိုက္အားေကာင္းေနတဲ့အခါမွာ ျဖစ္ပါတယ္။
** အေထြေထြ သတိျပဳစရာမ်ား
ကေလးရဲ႕ အျမင္အာ႐ုံဖြံ႕ၿဖိဳးမႈနဲ႔ ပတ္သက္ၿပီး မိဘေတြအေနနဲ႔ ဂ႐ုစိုက္ေပးရမယ့္အခ်က္ေတြ ရွိပါတယ္။
● ကေလးရဲ႕အခန္းေလးကို ညအိပ္မီးသီး၊ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြနဲ႔ အလွဆင္ေပးထားပါ။
● ကေလးအိပ္တဲ့အခါမွာ ပုံစံေလး ေျပာင္းေျပာင္းေပးပါ။
● ကေလး ျမင္ႏိုင္တဲ့ေနရာေလးမွာ အ႐ုပ္ေလးေတြ ထားေပးထားပါ။
● ကေလးကို တစ္ေယာက္တည္း အၾကာႀကီး မထားခဲ့ပါနဲ႔။ ကေလးအခန္းထဲမွာ မရွိရင္ေတာင္ ဟိုဟိုဒီဒီ ၾကည့္ေအာင္ အသံေလးေပးပါ။
● ကေလးကို ထမင္းခြံ႕တဲ့အခါမွာ ဟိုဘက္ဒီဘက္ ေျပာင္းေျပာင္းၿပီး ခြံ႕ေပးပါ။
ကေလးမွာ မ်က္လုံးျပႆနာေတြ႕ရင္ အရမ္းမစိုးရိမ္ပါနဲ႔။ ေသခ်ာဂ႐ုစိုက္ၿပီးေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ပါေစ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















