/
news/ကလေးများနှင့်ကျန်းမာရေး/အသက်တစ်နှစ်‌အောက်က‌လေးငယ်‌တွေမှာ-အဖြစ်များတဲ့-မျက်လုံးပြဿနာများ

အသက်တစ်နှစ်‌အောက်က‌လေးငယ်‌တွေမှာ အဖြစ်များတဲ့ မျက်လုံးပြဿနာများ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုယ့်ရဲ့က‌လေးငယ်မှာ အမြင်အာရုံပြဿနာ ကြုံ‌တွေ့‌နေရလို့ အရမ်းစိတ်ပူ စိတ်ညစ်‌နေကြတဲ့ မေ‌မေတို့အတွက် အရမ်းလည်း စိတ်မပူကြပါနဲ့။ ကလေး‌တွေမှာ အမြင်အာရုံပြဿနာအချို့က အဖြစ်များပြီး‌တော့ သေချာကုရင် ‌ပျောက်ကင်းနိုင်ပါတယ်။
မိဘ‌တွေအ‌နေနဲ့က‌တော့ က‌လေး‌လေး မသက်မသာဖြစ်တာကို မြင်ရတာနဲ့တင် စိတ်ပူပန်‌နေရတာပါပဲ။ ပြီး‌တော့ ဘာဖြစ်မှန်းကလည်းမသိဆို‌တော့ ပိုစိတ်ပူတာ‌ပေါ့။ ဒီ‌တော့ အဖြစ်များတဲ့ မျက်စိပြဿနာအချို့နဲ့ ကုထုံး‌တွေကို သိထားဖို့ ‌ပြောပြ‌ပေးချင်ပါတယ်။

>>  မျက်လုံးမှာ အဖြစ်များတဲ့ ‌ရောဂါလက္ခဏာ‌တွေ
ဆရာဝန် သွားမပြခင်မှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့နဲ့ မလိုအပ်ဘဲ စိုးရိမ်တာ‌တွေမဖြစ်ဖို့အတွက် မိဘ‌တွေ သိထားသင့်တဲ့အချက်‌လေး‌တွေကို ‌ပြောပြချင်ပါတယ်။
●  မျက်သားနီခြင်း - ‌ရောဂါပိုးဝင်လို့ ဖြစ်နိုင်ပါတယ်။
●  အလင်းဒဏ်မခံနိုင်ခြင်း - မျက်လုံးထဲမှာ ဖိအားတက်‌နေလို့ ဖြစ်နိုင်ပါတယ်။
●  မျက်ရည်အရမ်းထွက်ခြင်း - က‌လေးက ခဏခဏငိုပြီး ငိုတိုင်းလည်း မျက်ရည်‌တွေ အများကြီးထွက်‌နေတယ်ဆိုရင် ဒါက မျက်ရည်ပြွန်ပိတ်ဆို့‌နေလို့ ဖြစ်နိုင်ပါတယ်။
●  သူငယ်အိမ် ဖြူ‌နေခြင်း - သူငယ်အိမ် ဖြူ‌နေတာက မျက်စိကင်ဆာရဲ့ စဦးလက္ခဏာ ဖြစ်နိုင်ပါတယ်။

>>  အ‌ပေါ်မှာ ‌ရောဂါလက္ခဏာတွေ ပြောပြီးပြီဆို‌တော့ တစ်နှစ်‌အောက်က‌လေးငယ်‌တွေမှာ အဖြစ်များတဲ့ မျက်လုံးပြဿနာတွေကို ကြည့်ကြရ‌အောင်။
၁။  မျက်လုံးအ‌မြှေးပါး‌ရောင်ခြင်း
ဗိုင်းရပ်စ်ပိုး (သို့) ဘက်တီးရီးယားပိုး (သို့) မျက်ရည်ပြွန် ပိတ်ပြီး မျက်လုံးအ‌မြှေးပါး ရောင်တာမျိုးကို အသက်တစ်နှစ်‌အောက် က‌လေးငယ်‌တွေမှာ တွေ့ရတတ်ပါတယ်။ လက္ခဏာတွေက‌တော့ -
●  မျက်သားနီပြီးရောင်ခြင်း
●  မျက်ဝတ်ထွက်ခြင်း
●  မျက်ရည်အလွန်ထွက်ခြင်း

**  ဘယ်လို ကုသမလဲ?
●  ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်‌ဆေးပါတဲ့မျက်စဉ်းတွေကို ခပ်‌ပေးတာက‌တော့ အ‌ကောင်းဆုံးပါပဲ။
●  သန့်ရှင်းတဲ့အဝတ်စ‌လေးကို ‌ရေ‌နွေးထဲမှာ နှစ်ပြီးတော့ က‌လေးရဲ့ နှာ‌ခေါင်းနဲ့မျက်လုံးဝန်းကျင်ကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်‌နေ့ကို ၃-၅ ကြိမ်‌လောက် လုပ်‌ပေးပါ။
●  ရေ‌နွေးဆူဆူတစ်ခွက်ထဲမှာ ဆားနည်းနည်းထည့်ပြီး‌တော့ က‌လေး ခံနိုင်‌လောက်တဲ့ ရေနွေးနွေး အနေအထားမျိုး ရ‌အောင်ထားပါ။ ပြီးမှ ဂွမ်းလုံး‌လေးတစ်လုံးကို အဲထဲမှာနှစ်ပြီး က‌လေးရဲ့မျက်ခွံ‌လေး‌ပေါ်ကို ညင်ညင်သာသာ‌လေး ပွတ်‌ပေးပါ။ တစ်‌နေ့ ၂-၃ ကြိမ်‌လောက် လုပ်‌ပေးပါ။

Nutrilin IA 1

၂။  မျက်လုံးလားရာ မမှန်ခြင်း
က‌လေးရဲ့ နှာ‌ခေါင်းရိုးက ကျယ်‌နေ‌တော့ က‌လေးကတစ်ဖက်ကို ဖြတ်ကြည့်‌ပေမယ့်လည်း တည့်တည့်ပဲ မြင်‌နေရတာမျိုး ဖြစ်တတ်ပါတယ်။
က‌လေးရဲ့မျက်လုံးက ‌စွေကြည့်သလိုမျိုး ဖြစ်‌နေတတ်ပါတယ်။

**  ဘယ်လို ကုသမလဲ?
●  အများအားဖြင့်‌တော့ ကုသမှုခံယူဖို့ မလို‌ပေမယ့် ဘာ‌ကြောင့်လဲဆိုတာကို ဆရာဝန်နဲ့ သေချာပြသပြီး အ‌ဖြေရှာဖို့‌တော့ လိုပါတယ်။
●  တစ်ခါတ‌လေမှာ ကြည့်ရတာ ရုပ်ဆိုးလို့ ခွဲစိတ်ကုသတာ‌တွေ လုပ်ဖို့လိုပါတယ်။

၃။  မျက်လုံးစွေခြင်း/ lazy eyes
ဒါက‌တော့ မျက်လုံးတစ်ဖက်တည်းမှာ အဖြစ်များတဲ့ပြဿနာတစ်မျိုးပါ။ ကင်မရာကဖလက်ရှ်မီး၊ အလင်းစူးစူးတွေ‌ကြောင့် ဖြစ်တာများပါတယ်။ မျက်လုံးတစ်ဖက်က တခြားတစ်ဖက်ထက်ပိုပြီး အာရုံစူးစိုက်အား‌ကောင်း‌နေတဲ့အခါမှာ ဖြစ်ပါတယ်။

**  အ‌ထွေ‌ထွေ သတိပြုစရာများ
က‌လေးရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး မိဘ‌တွေအ‌နေနဲ့ ဂရုစိုက်‌ပေးရမယ့်အချက်‌တွေ ရှိပါတယ်။
●  က‌လေးရဲ့အခန်း‌လေးကို ညအိပ်မီးသီး၊ အလင်း‌ရောင်‌ဖျော့‌ဖျော့‌လေး‌တွေနဲ့ အလှဆင်‌ပေးထားပါ။
●  က‌လေးအိပ်တဲ့အခါမှာ ပုံစံ‌လေး ပြောင်း‌ပြောင်း‌ပေးပါ။
●  က‌လေး မြင်နိုင်တဲ့နေရာ‌လေးမှာ အရုပ်‌လေး‌တွေ ထား‌ပေးထားပါ။
●  က‌လေးကို တစ်‌ယောက်တည်း အကြာကြီး မထားခဲ့ပါနဲ့။ က‌လေးအခန်းထဲမှာ မရှိရင်‌တောင် ဟိုဟိုဒီဒီ ကြည့်‌အောင် အသံ‌လေး‌ပေးပါ။
●  က‌လေးကို ထမင်းခွံ့တဲ့အခါမှာ ဟိုဘက်ဒီဘက် ‌ပြောင်း‌ပြောင်းပြီး ခွံ့‌ပေးပါ။
က‌လေးမှာ မျက်လုံးပြဿနာ‌တွေ့ရင် အရမ်းမစိုးရိမ်ပါနဲ့။ ‌သေချာဂရုစိုက်ပြီး‌တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ပါ‌စေ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

ကိုယ့္ရဲ႕က‌ေလးငယ္မွာ အျမင္အာ႐ုံျပႆနာ ႀကဳံ‌ေတြ႕‌ေနရလို႔ အရမ္းစိတ္ပူ စိတ္ညစ္‌ေနၾကတဲ့ ေမ‌ေမတို႔အတြက္ အရမ္းလည္း စိတ္မပူၾကပါနဲ႔။ ကေလး‌ေတြမွာ အျမင္အာ႐ုံျပႆနာအခ်ိဳ႕က အျဖစ္မ်ားၿပီး‌ေတာ့ ေသခ်ာကုရင္ ‌ေပ်ာက္ကင္းႏိုင္ပါတယ္။
မိဘ‌ေတြအ‌ေနနဲ႔က‌ေတာ့ က‌ေလး‌ေလး မသက္မသာျဖစ္တာကို ျမင္ရတာနဲ႔တင္ စိတ္ပူပန္‌ေနရတာပါပဲ။ ၿပီး‌ေတာ့ ဘာျဖစ္မွန္းကလည္းမသိဆို‌ေတာ့ ပိုစိတ္ပူတာ‌ေပါ့။ ဒီ‌ေတာ့ အျဖစ္မ်ားတဲ့ မ်က္စိျပႆနာအခ်ိဳ႕နဲ႔ ကုထုံး‌ေတြကို သိထားဖို႔ ‌ေျပာျပ‌ေပးခ်င္ပါတယ္။

>>  မ်က္လုံးမွာ အျဖစ္မ်ားတဲ့ ‌ေရာဂါလကၡဏာ‌ေတြ
ဆရာဝန္ သြားမျပခင္မွာ ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔နဲ႔ မလိုအပ္ဘဲ စိုးရိမ္တာ‌ေတြမျဖစ္ဖို႔အတြက္ မိဘ‌ေတြ သိထားသင့္တဲ့အခ်က္‌ေလး‌ေတြကို ‌ေျပာျပခ်င္ပါတယ္။
●  မ်က္သားနီျခင္း - ‌ေရာဂါပိုးဝင္လို႔ ျဖစ္ႏိုင္ပါတယ္။
●  အလင္းဒဏ္မခံႏိုင္ျခင္း - မ်က္လုံးထဲမွာ ဖိအားတက္‌ေနလို႔ ျဖစ္ႏိုင္ပါတယ္။
●  မ်က္ရည္အရမ္းထြက္ျခင္း - က‌ေလးက ခဏခဏငိုၿပီး ငိုတိုင္းလည္း မ်က္ရည္‌ေတြ အမ်ားႀကီးထြက္‌ေနတယ္ဆိုရင္ ဒါက မ်က္ရည္ႁပြန္ပိတ္ဆို႔‌ေနလို႔ ျဖစ္ႏိုင္ပါတယ္။
●  သူငယ္အိမ္ ျဖဴ‌ေနျခင္း - သူငယ္အိမ္ ျဖဴ‌ေနတာက မ်က္စိကင္ဆာရဲ႕ စဦးလကၡဏာ ျဖစ္ႏိုင္ပါတယ္။

>>  အ‌ေပၚမွာ ‌ေရာဂါလကၡဏာေတြ ေျပာၿပီးၿပီဆို‌ေတာ့ တစ္ႏွစ္‌ေအာက္က‌ေလးငယ္‌ေတြမွာ အျဖစ္မ်ားတဲ့ မ်က္လုံးျပႆနာေတြကို ၾကည့္ၾကရ‌ေအာင္။
၁။  မ်က္လုံးအ‌ေျမႇးပါး‌ေရာင္ျခင္း
ဗိုင္းရပ္စ္ပိုး (သို႔) ဘက္တီးရီးယားပိုး (သို႔) မ်က္ရည္ႁပြန္ ပိတ္ၿပီး မ်က္လုံးအ‌ေျမႇးပါး ေရာင္တာမ်ိဳးကို အသက္တစ္ႏွစ္‌ေအာက္ က‌ေလးငယ္‌ေတြမွာ ေတြ႕ရတတ္ပါတယ္။ လကၡဏာေတြက‌ေတာ့ -
●  မ်က္သားနီၿပီးေရာင္ျခင္း
●  မ်က္ဝတ္ထြက္ျခင္း
●  မ်က္ရည္အလြန္ထြက္ျခင္း

**  ဘယ္လို ကုသမလဲ?
●  ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း ပိုးသတ္‌ေဆးပါတဲ့မ်က္စဥ္းေတြကို ခပ္‌ေပးတာက‌ေတာ့ အ‌ေကာင္းဆုံးပါပဲ။
●  သန႔္ရွင္းတဲ့အဝတ္စ‌ေလးကို ‌ေရ‌ေႏြးထဲမွာ ႏွစ္ၿပီးေတာ့ က‌ေလးရဲ႕ ႏွာ‌ေခါင္းနဲ႔မ်က္လုံးဝန္းက်င္ကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ တစ္‌ေန႔ကို ၃-၅ ႀကိမ္‌ေလာက္ လုပ္‌ေပးပါ။
●  ေရ‌ေႏြးဆူဆူတစ္ခြက္ထဲမွာ ဆားနည္းနည္းထည့္ၿပီး‌ေတာ့ က‌ေလး ခံႏိုင္‌ေလာက္တဲ့ ေရေႏြးေႏြး အေနအထားမ်ိဳး ရ‌ေအာင္ထားပါ။ ၿပီးမွ ဂြမ္းလုံး‌ေလးတစ္လုံးကို အဲထဲမွာႏွစ္ၿပီး က‌ေလးရဲ႕မ်က္ခြံ‌ေလး‌ေပၚကို ညင္ညင္သာသာ‌ေလး ပြတ္‌ေပးပါ။ တစ္‌ေန႔ ၂-၃ ႀကိမ္‌ေလာက္ လုပ္‌ေပးပါ။

၂။  မ်က္လုံးလားရာ မမွန္ျခင္း
က‌ေလးရဲ႕ ႏွာ‌ေခါင္း႐ိုးက က်ယ္‌ေန‌ေတာ့ က‌ေလးကတစ္ဖက္ကို ျဖတ္ၾကည့္‌ေပမယ့္လည္း တည့္တည့္ပဲ ျမင္‌ေနရတာမ်ိဳး ျဖစ္တတ္ပါတယ္။
က‌ေလးရဲ႕မ်က္လုံးက ‌ေစြၾကည့္သလိုမ်ိဳး ျဖစ္‌ေနတတ္ပါတယ္။

**  ဘယ္လို ကုသမလဲ?
●  အမ်ားအားျဖင့္‌ေတာ့ ကုသမႈခံယူဖို႔ မလို‌ေပမယ့္ ဘာ‌ေၾကာင့္လဲဆိုတာကို ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး အ‌ေျဖရွာဖို႔‌ေတာ့ လိုပါတယ္။
●  တစ္ခါတ‌ေလမွာ ၾကည့္ရတာ ႐ုပ္ဆိုးလို႔ ခြဲစိတ္ကုသတာ‌ေတြ လုပ္ဖို႔လိုပါတယ္။

၃။  မ်က္လုံးေစြျခင္း/ lazy eyes
ဒါက‌ေတာ့ မ်က္လုံးတစ္ဖက္တည္းမွာ အျဖစ္မ်ားတဲ့ျပႆနာတစ္မ်ိဳးပါ။ ကင္မရာကဖလက္ရွ္မီး၊ အလင္းစူးစူးေတြ‌ေၾကာင့္ ျဖစ္တာမ်ားပါတယ္။ မ်က္လုံးတစ္ဖက္က တျခားတစ္ဖက္ထက္ပိုၿပီး အာ႐ုံစူးစိုက္အား‌ေကာင္း‌ေနတဲ့အခါမွာ ျဖစ္ပါတယ္။

**  အ‌ေထြ‌ေထြ သတိျပဳစရာမ်ား
က‌ေလးရဲ႕ အျမင္အာ႐ုံဖြံ႕ၿဖိဳးမႈနဲ႔ ပတ္သက္ၿပီး မိဘ‌ေတြအ‌ေနနဲ႔ ဂ႐ုစိုက္‌ေပးရမယ့္အခ်က္‌ေတြ ရွိပါတယ္။
●  က‌ေလးရဲ႕အခန္း‌ေလးကို ညအိပ္မီးသီး၊ အလင္း‌ေရာင္‌ေဖ်ာ့‌ေဖ်ာ့‌ေလး‌ေတြနဲ႔ အလွဆင္‌ေပးထားပါ။
●  က‌ေလးအိပ္တဲ့အခါမွာ ပုံစံ‌ေလး ေျပာင္း‌ေျပာင္း‌ေပးပါ။
●  က‌ေလး ျမင္ႏိုင္တဲ့ေနရာ‌ေလးမွာ အ႐ုပ္‌ေလး‌ေတြ ထား‌ေပးထားပါ။
●  က‌ေလးကို တစ္‌ေယာက္တည္း အၾကာႀကီး မထားခဲ့ပါနဲ႔။ က‌ေလးအခန္းထဲမွာ မရွိရင္‌ေတာင္ ဟိုဟိုဒီဒီ ၾကည့္‌ေအာင္ အသံ‌ေလး‌ေပးပါ။
●  က‌ေလးကို ထမင္းခြံ႕တဲ့အခါမွာ ဟိုဘက္ဒီဘက္ ‌ေျပာင္း‌ေျပာင္းၿပီး ခြံ႕‌ေပးပါ။
က‌ေလးမွာ မ်က္လုံးျပႆနာ‌ေတြ႕ရင္ အရမ္းမစိုးရိမ္ပါနဲ႔။ ‌ေသခ်ာဂ႐ုစိုက္ၿပီး‌ေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ပါ‌ေစ။

Dr. Mya Myo Myo Swe (www.drmyanmar.com)