/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကြွက်သားရောင်ရင်-ဘယ်လိုတွေ-ခံစားရနိုင်သလဲ

နှလုံးကြွက်သားရောင်ရင် ဘယ်လိုတွေ ခံစားရနိုင်သလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှလုံးကြွက်သားရောင်တဲ့အကြောင်း ကျန်းမာရေးဗဟုသုတလေးတွေ ဖတ်ကြည့်ကြရအောင်။ နှလုံးကြွက်သားရောင်တဲ့ရောဂါ ခံစားရနိုင်ခြေရှိနေတဲ့ လူအမျိုးအစားထဲမှာ ကိုယ်ပါနေပြီလား။
●  နှလုံးအဆို့ရှင်လဲထားသူ
●  နှလုံးအဆို့ရှင်ရောင်တဲ့၊ ကျွံတဲ့ရောဂါ ခံစားနေရသူ
●  မွေးရာပါနှလုံးရောဂါခံစားနေရသူ
●  နှလုံးကြွက်သားထူနေသူ
●  နှလုံးရောင်တာဖြစ်ဖူးသူတွေမှာ နှလုံးကြွက်သားရောင်တာ ဖြစ်နိုင်ပါတယ်။
●  နောက်ထပ် အဖြစ်နိုင်ဆုံးလူတွေကတော့ သွေးကြောထဲကို မူးယစ်ဆေးထိုးသွင်းသူတွေ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးပြွန်တွေအပ်တွေကနေတစ်ဆင့် ရောဂါပိုး ဝင်ရောက်ကူးစက်နိုင်ပါတယ်။

>>  နှလုံးကြွက်သားရောင်တဲ့အခါ ဒီလိုအခြေအနေတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်
●  အဖျား ၁၀၀ ဒီဂရီအထက် ချမ်းတုန်ဖျားမယ်။
●  ရင်ဘတ်အောင့်မယ်။
●  ညကို ဇောချွေးတွေပြန်မယ်။
●  အရေပြားအကွက်တွေ ထွက်မယ်။
●  အသားတွေ နီပူနာရောင်မယ်။
●  အနာတွေ မကျက်လွယ်တော့ဘူး
●  လည်ချောင်းနာတာ ကြာနေမယ်။
●  ခေါင်းကိုက်မယ်၊ နုံးမယ်။
●  ချောင်း တောက်လျှောက်ဆိုးမယ်။
●  ပါးစပ်နဲ့ လျှာတွေမှာ အဖြူကွက်တွေထွက်မယ်။
●  ပျို့မယ်၊ အန်မယ်၊ ဝမ်းလျှောမယ်။

နှလုံးကြွက်သားရောင်တဲ့အခါ သတိလစ်မော့မျော အဖျားကြီးသည်အထိဖြစ်နိုင်ပြီး ဆေးရုံတက်ရောက်ကုသရမှာ ဖြစ်ပါတယ်။
ဆေးရုံတက်ရတဲ့အခါ -
●  ပိုးသတ်ဆေး ပဠိဇီဝဆေးတွေ အကြောထဲသွင်းပြီး နှစ်ပတ်ကနေ ခြောက်ပတ်ထိ သေချာစောင့်ကြည့်ကုသဖို့ လိုတတ်ပါတယ်။
●  တချို့တွေမှာ ပုပ်သွားတဲ့ ရောဂါကူးခံရတဲ့ နှလုံးကြွက်သားကို ခွဲစိတ်ထုတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
●  နောက်ပြီး နောက်တစ်ကြိမ် ပြန်မဖြစ်ဖို့အတွက် ဆေးဝါးတွေ ကာလတစ်ခုကနေ ရာသက်ပန် သောက်သုံးကာကွယ်ထားလိုက်ရတွေလည်း ရှိနိုင်မှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)