နှလုံးကြွက်သားရောင်ရင် ဘယ်လိုတွေ ခံစားရနိုင်သလဲ
နှလုံးကြွက်သားရောင်တဲ့အကြောင်း ကျန်းမာရေးဗဟုသုတလေးတွေ ဖတ်ကြည့်ကြရအောင်။ နှလုံးကြွက်သားရောင်တဲ့ရောဂါ ခံစားရနိုင်ခြေရှိနေတဲ့ လူအမျိုးအစားထဲမှာ ကိုယ်ပါနေပြီလား။
● နှလုံးအဆို့ရှင်လဲထားသူ
● နှလုံးအဆို့ရှင်ရောင်တဲ့၊ ကျွံတဲ့ရောဂါ ခံစားနေရသူ
● မွေးရာပါနှလုံးရောဂါခံစားနေရသူ
● နှလုံးကြွက်သားထူနေသူ
● နှလုံးရောင်တာဖြစ်ဖူးသူတွေမှာ နှလုံးကြွက်သားရောင်တာ ဖြစ်နိုင်ပါတယ်။
● နောက်ထပ် အဖြစ်နိုင်ဆုံးလူတွေကတော့ သွေးကြောထဲကို မူးယစ်ဆေးထိုးသွင်းသူတွေ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးပြွန်တွေအပ်တွေကနေတစ်ဆင့် ရောဂါပိုး ဝင်ရောက်ကူးစက်နိုင်ပါတယ်။
>> နှလုံးကြွက်သားရောင်တဲ့အခါ ဒီလိုအခြေအနေတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်
● အဖျား ၁၀၀ ဒီဂရီအထက် ချမ်းတုန်ဖျားမယ်။
● ရင်ဘတ်အောင့်မယ်။
● ညကို ဇောချွေးတွေပြန်မယ်။
● အရေပြားအကွက်တွေ ထွက်မယ်။
● အသားတွေ နီပူနာရောင်မယ်။
● အနာတွေ မကျက်လွယ်တော့ဘူး
● လည်ချောင်းနာတာ ကြာနေမယ်။
● ခေါင်းကိုက်မယ်၊ နုံးမယ်။
● ချောင်း တောက်လျှောက်ဆိုးမယ်။
● ပါးစပ်နဲ့ လျှာတွေမှာ အဖြူကွက်တွေထွက်မယ်။
● ပျို့မယ်၊ အန်မယ်၊ ဝမ်းလျှောမယ်။
နှလုံးကြွက်သားရောင်တဲ့အခါ သတိလစ်မော့မျော အဖျားကြီးသည်အထိဖြစ်နိုင်ပြီး ဆေးရုံတက်ရောက်ကုသရမှာ ဖြစ်ပါတယ်။
ဆေးရုံတက်ရတဲ့အခါ -
● ပိုးသတ်ဆေး ပဠိဇီဝဆေးတွေ အကြောထဲသွင်းပြီး နှစ်ပတ်ကနေ ခြောက်ပတ်ထိ သေချာစောင့်ကြည့်ကုသဖို့ လိုတတ်ပါတယ်။
● တချို့တွေမှာ ပုပ်သွားတဲ့ ရောဂါကူးခံရတဲ့ နှလုံးကြွက်သားကို ခွဲစိတ်ထုတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
● နောက်ပြီး နောက်တစ်ကြိမ် ပြန်မဖြစ်ဖို့အတွက် ဆေးဝါးတွေ ကာလတစ်ခုကနေ ရာသက်ပန် သောက်သုံးကာကွယ်ထားလိုက်ရတွေလည်း ရှိနိုင်မှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























