/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်းစည်း-mask-နဲ့-ပတ်သက်ပြီး-မဖြစ်မနေ-သိထားသင့်တဲ့အချက်တွေ

နှာခေါင်းစည်း (Mask) နဲ့ ပတ်သက်ပြီး မဖြစ်မနေ သိထားသင့်တဲ့အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယခုအချိန်မှာ Covid-19 ရဲ့ ခြောက်လှန့်ခြင်းကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်းအောင်နေဖို့၊ လက်ဆေးဖို့၊ လူစုလူဝေးရှောင်ဖို့ အသိပေးလမ်းညွန်ချက်တွေကို နေ့စဉ်မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အိမ်ထဲမှာ နေထိုင်ခြင်းကတော့ အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေ အပြင်သွားရတဲ့အခါမျိုးမှာ mask တပ်ဆင်ခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
●  Mask တပ်ဆင်ခြင်းဖြင့် ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်ပေမယ့် တပ်နည်းမမှန်ရင်တော့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။
●  Mask တော့ တပ်ပေမယ့် မျက်နှာကို လက်နဲ့ မကြာခဏပွတ်နေမိရင်လည်း ရောဂါတွေ ကူးစက်ဦးမှာ ဖြစ်ပါတယ်။

Bio Adult 1

>>  ဒါဆိုရင် mask ကို နည်းစနစ်ကျစွာ ဘယ်လိုတပ်ဆင်မလဲ သိချင်ကြမယ် ထင်ပါတယ်။
●  ပထမဆုံး လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး စင်ကြယ်အောင် ဆေးကြောပါ။
●  Mask ကို ဘူးထဲကထုတ်ပြီး အပေါက်အပြဲများ ပါ၊ မပါ ကြည့်ပါ။
●  သတ္တုကိုင်းပါတဲ့အခြမ်းကို အပေါ်ဘက်တွင် ထားပါ။
●  ကြိုးကွင်းကို နားအနောက်တွင် ချိတ်ပါ။
●  Mask အောက်ခြေကို မေးစေ့ကနေ လည်ပင်းနားထိ အုပ်အောင် ထားပေးပါ။
●  သတ္တုကိုင်းကို နှာခေါင်းရိုးနဲ့ အံဝင်အောင် လက်ချောင်းဖြင့် ဖိပေးပါ။
●  Mask နဲ့ သင့်မျက်နှာကြားတွင် နေရာလပ်မရှိပါစေနဲ့။
●  Mask စိုစွတ်ခြင်း သို့မဟုတ် ညစ်ပတ်ခြင်းရှိပါက လွှင့်ပစ်ပါ။
●  Mask ကို ချွတ်ပြီးတိုင်း လက်ကို ဆေးပါ။
အိမ်ပြင်ထွက်သည့်အခါတိုင်းဖြစ်စေ၊ ဘတ်စ်ကား/တက်ဆီ/ရထား/လေယာဉ်/ဟိုင်းဝေးကားများစီးတိုင်းဖြစ်စေ၊ အလုံပိတ်အခန်းထဲရှိချိန်ဖြစ်စေ နေရာမရွေး၊ အချိန်အခါမရွေး mask ကို နည်းလမ်းမှန်စွာ တပ်ဆင်ထားခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လက်ကို သန့်စင်အောင် ဆေးကြောဖို့လည်း မမေ့ကြနဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Zawgyi)

ယခုအခ်ိန္မွာ Covid-19 ရဲ႕ ေျခာက္လွန႔္ျခင္းကို တစ္ကမာၻလုံး ရင္ဆိုင္ေနၾကရပါတယ္။ ဒီေရာဂါကို ကာကြယ္ဖို႔အတြက္ ကိုယ္ခံအားေကာင္းေအာင္ေနဖို႔၊ လက္ေဆးဖို႔၊ လူစုလူေဝးေရွာင္ဖို႔ အသိေပးလမ္းၫြန္ခ်က္ေတြကို ေန႔စဥ္ျမင္ေတြ႕ၾကရမွာ ျဖစ္ပါတယ္။ အိမ္ထဲမွာ ေနထိုင္ျခင္းကေတာ့ အေကာင္းဆုံးျဖစ္ၿပီး မျဖစ္မေန အျပင္သြားရတဲ့အခါမ်ိဳးမွာ mask တပ္ဆင္ျခင္းျဖင့္ ေရာဂါပိုးကူးစက္ျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
●  Mask တပ္ဆင္ျခင္းျဖင့္ ေရာဂါကူးစက္ျခင္းကို ကာကြယ္ႏိုင္ေပမယ့္ တပ္နည္းမမွန္ရင္ေတာ့ ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။
●  Mask ေတာ့ တပ္ေပမယ့္ မ်က္ႏွာကို လက္နဲ႔ မၾကာခဏပြတ္ေနမိရင္လည္း ေရာဂါေတြ ကူးစက္ဦးမွာ ျဖစ္ပါတယ္။

>>  ဒါဆိုရင္ mask ကို နည္းစနစ္က်စြာ ဘယ္လိုတပ္ဆင္မလဲ သိခ်င္ၾကမယ္ ထင္ပါတယ္။
●  ပထမဆုံး လက္ကို ေရနဲ႔ဆပ္ျပာ အသုံးျပဳၿပီး စင္ၾကယ္ေအာင္ ေဆးေၾကာပါ။
●  Mask ကို ဘူးထဲကထုတ္ၿပီး အေပါက္အၿပဲမ်ား ပါ၊ မပါ ၾကည့္ပါ။
●  သတၱဳကိုင္းပါတဲ့အျခမ္းကို အေပၚဘက္တြင္ ထားပါ။
●  ႀကိဳးကြင္းကို နားအေနာက္တြင္ ခ်ိတ္ပါ။
●  Mask ေအာက္ေျခကို ေမးေစ့ကေန လည္ပင္းနားထိ အုပ္ေအာင္ ထားေပးပါ။
●  သတၱဳကိုင္းကို ႏွာေခါင္း႐ိုးနဲ႔ အံဝင္ေအာင္ လက္ေခ်ာင္းျဖင့္ ဖိေပးပါ။
●  Mask နဲ႔ သင့္မ်က္ႏွာၾကားတြင္ ေနရာလပ္မရွိပါေစနဲ႔။
●  Mask စိုစြတ္ျခင္း သို႔မဟုတ္ ညစ္ပတ္ျခင္းရွိပါက လႊင့္ပစ္ပါ။
●  Mask ကို ခြၽတ္ၿပီးတိုင္း လက္ကို ေဆးပါ။
အိမ္ျပင္ထြက္သည့္အခါတိုင္းျဖစ္ေစ၊ ဘတ္စ္ကား/တက္ဆီ/ရထား/ေလယာဥ္/ဟိုင္းေဝးကားမ်ားစီးတိုင္းျဖစ္ေစ၊ အလုံပိတ္အခန္းထဲရွိခ်ိန္ျဖစ္ေစ ေနရာမေရြး၊ အခ်ိန္အခါမေရြး mask ကို နည္းလမ္းမွန္စြာ တပ္ဆင္ထားျခင္းျဖင့္ ေရာဂါပိုးကူးစက္ျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ လက္ကို သန႔္စင္ေအာင္ ေဆးေၾကာဖို႔လည္း မေမ့ၾကနဲ႔ေနာ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)