/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မကြာခဏနွမ်းနယ်ပင်ပန်းနေတတ်တာ-ဘာလို့လဲ

မကြာခဏနွမ်းနယ်ပင်ပန်းနေတတ်တာ ဘာလို့လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အလိုလိုနေရင်း နုန်းချိနေတာ မရွှင်လန်းတာ အားနည်းနေတဲ့ အခြေအနေခံစားကြုံတွေ့နေရသူတွေအတွက် ဖြစ်နိုင်တဲ့အကြောင်းရင်းလေးတွေက ဒီမှာပါ။

 

• မနက်စာ မစားတာက မကြာခဏနွမ်းနယ်အားနည်းတတ်စေတဲ့ အဓိကအကြောင်းရင်းပါတဲ့၊ မနက်ခင်းတိုင်း မှာလိုအပ်တဲ့ အာဟာရဓာတ်ပြည့်ဝစုံလင်စွာမရဘူးဆိုရင် တနေကုန် နွမ်းနယ်နေတော့မှာ အသေအချာပဲပေါ့။

• အိပ်ရေးမဝဘူးဆိုရင်တော့ နွမ်းဖတ်နေမှာသေချာသလောက်ပါပဲ။

• အိပ်တော့အိပ်ပါရဲ့။ အဝလွန်တာကြောင့်အိပ်ပျော်နေရင်း အသက်ရှူရပ်တဲ့အခါ မကြာခဏ မသိမသာလန့်လန့်နိုးနေပြီး အိပ်ရေးမဝတော့ပါဘူး။ အိပ်ရေးမဝတာက နှလုံးသွေးတိုးဆီးချိုလေဖြတ်ရောဂါတွေနဲ့ပါ ဆက်စပ်နေပါတယ်။

• အမျိုးသမီးတွေမှာ အမြဲနွမ်းနယ်ရင်တုန်နေရင် သွေးအားနည်းမှုရှိမရှိ စစ်ဆေးသင့်ပါတယ်။ သွေးအားနည်းနေရင် အသား၊ ငါး၊ အမဲသားနဲ့ အသဲအမြစ်တွေစားသုံးပြီး သံဓာတ်ဖြည့်တင်းပေးလို့ရပါတယ်။

• စိတ်ဓာတ်ကျဆင်းနေရင်လည်း ကျန်းမာရေးကောင်းပါလျက် နွမ်းနယ်နေတတ်ပါတယ်။ စိတ်ကျရောဂါမှာ ခေါင်းကိုက်တာညောင်းညာတာ အစားပျက်တာတွေပါ ကြုံရပါတယ်။

• လည်ပင်းကြီးရောဂါမှာလည်း ရာသီမမှန်တာ ဝလာတာ လူလည်းနုန်းနေတာတွေ ကြုံရပါတယ်။

• ကဖိန်းဓာတ်က လူကိုလန်းဆန်းစေပြီး အားအင်တက်ကြွစေပါတယ်။ ဒါပေမယ့် ကော်ဖီလက်ဖက်ရည် သိပ်သောက်လွန်းသူတွေမှာလည်း နုန်းချိပျော့ခွေလာတတ်ပါတယ်။

• ဆီးလမ်းကြောင်းပိုးဝင်နေရင်လည်း နွမ်းနယ်နေတတ်ပါတယ်။ ဆီးမကြာခဏသွားပြီး နွမ်းနယ်နေရင်တော့ စစ်ကြည့်စေချင်ပါတယ်။

• ဆီးချိုကလည်း နွမ်းနယ်ပင်ပန်းစေတဲ့ အကြောင်းတခုပါပဲ။ မကြာခဏနုန်းနေပြီး ပင်ပန်းနေတတ်ရင် အနှေးအမြန်ဆီးချိုစစ်လိုက်ပါတော့နော်။

• ရေဓာတ်လိုအပ်နေတာကလည်း နွမ်းနယ်ပင်ပန်းစေတဲ့အကြောင်းပါပဲ။ ဘာရယ်မဟုတ် ရေငတ်နေတာကို လူတွေက သိပ်သတိမထားမိတတ်ပါဘူး။ ဆောင်းတွင်းဆိုပိုဆိုးပါတယ်။ ရေပြည့်ပြည့်ဝဝသောက်ပြီး အင်အားဖြည့်တင်းလိုကိပါ။

• နှလုံးရောဂါကြောင့် မသိလိုက်မသိဘာသာ ပင်ပန်းနွမ်းလျနေတတ်ပါတယ်။ သွေးတိုးလည်းကြာ၊ မောလည်းမော၊ လူလည်းမကြာမကြာပင်ပန်းနေတတ်ရင် နှလုံးစစ်ဆေးကြဖို့ တိုက်တွန်းလိုပါတယ်။

• နေ့ဂျူတီ ညဂျုတီဆင်းနေရတဲ့ ဆရာဝန်တွေ၊ ဆေးလောကဝန်ထမ်းတွေမှာ အမြဲပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါ်နေတတ်ပါတယ်၊ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကိုပျက်ပြားစေတဲ့အတွက် ဂျူတီပြီးလို့ အိမ်ပြန်နားနေတဲ့အခါ အခန်းမှောင်မှောင်လေးထဲမှာ သက်တောင့်သက်သာ အနားယူပါ။

• ကြွက်သားအားနည်းရောဂါမှာလည်း နုန်းနေ ပင်ပန်းနေတတ်ပါတယ်။ လေ့ကျင့်ခန်းလေးတခုနဲ့ သွေးပူတက်ကြွနေအောင်ပြင်ဆင်ထားပါ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 














 
