/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူကြားထဲ-မူးလဲခဲ့ရင်

လူကြားထဲ မူးလဲခဲ့ရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရုတ်တရက် ယာယီသတိမေ့မြောခြင်းဟာ ဦးနှောက်ကို အောက်စီဂျင် ပြတ်တောက်တာကြောင့် ဖြစ်တာပါ။ ဦးနှောက်ကို အောက်စီဂျင်ပြတ်တောက်စေတဲ့ အကြောင်းရင်းတွေထဲမှာ သွေးပေါင်ကျတာလည်း တစ်ခုအပါအဝင်ပါပဲ။
များသောအားဖြင့်တော့ အသက်အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အသက်အန္တရာယ်ရှိနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့ အကြောင်းရင်းကို ရှာဖွေကုသနိုင်သည်အထိကို သတိမေ့မြောခြင်းဟာ အရေးကြီးတယ်လို့ ယူဆပြီး ကုသရပါမယ်။

>>  တစ်ယောက်ယောက် မေ့မြောသွားရင် ဘာလုပ်ကြမလဲ?
●  ထိုင်လို့၊ လှဲလို့ရမယ့် လုံခြုံစိတ်ချရတဲ့တစ်နေရာကို ရှာပါ။
●  ထိုင်တဲ့အခါ ဒူးနှစ်လုံးကြား ခေါင်းထည့်ထားပါ။
●  မတ်တတ်ပြန်ရပ်တဲ့အခါလည်း ဖြည်းဖြည်းချင်း ပြန်ထပါ။

>>  အနီးအနားက လူတစ်ယောက် မူးလဲတော့မယ့်အရိပ်အယောင်ပြရင် ဘာလုပ်ကြမလဲ?
●  ပက်လက်လှဲသိပ်ပါ။
●  အသက်ရှူသေးရင် ခြေထောက်ကို နှလုံးအထက် ၁၂ လက်မခန့် မြှောက်ထားပေးပါ။ ဒီနည်းအားဖြင့် ဦးနှောက်ကို သွေးပြန်စီးဆင်းစေပါတယ်။
●  ခါးပတ်၊ ကော်လာ၊ လည်စည်း စသဖြင့် စည်းတားထားတဲ့ အဝတ်အစားတွေအားလုံးကို ဖြေလျော့ပါ။
●  သတိပြန်ရတဲ့အခါလည်း အမြန်ပြန်မထပါစေနဲ့။
●  ၁ မိနစ်ထက်ပိုပြီး သတိမေ့မျောနေခဲ့ရင် ဘေးတစ်စောင်းပုံစံထားပြီး အရေးပေါ်ခေါ်ပါ။

>>  အသက်မရှူခဲ့ရင်
●  အသက်ရှူတာ၊ ချောင်းဆိုးတာ၊ လှုပ်ရှားတာ ရှိ၊ မရှိ ကြည့်ပါ။
●  အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ ရှိ၊ မရှိ ကြည့်ပါ။
●  အသက်ရှူတာ၊ နှလုံးခုန်တာမရှိဘူးဆိုရင် CPR အရေးပေါ်အသက်ကယ်မှု စတင်ပါ။
●  အကူအညီရောက်တဲ့အထိ၊ ဒါမှမဟုတ် အသက်ပြန်ရှူတဲ့အထိ အသက်ကယ်မှုဆက်လုပ်ပါ။
●  ဘေးတစ်စောင်းပုံစံထားပြီး အကူအညီရောက်တဲ့အထိ အနားမှာနေပေးပါ။
●  လဲကျပြီးတော့ သွေးထွက်နေခဲ့ရင် သွေးတိတ်အောင် အနာကို ဖိထားပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)