လူကြားထဲ မူးလဲခဲ့ရင်
ရုတ်တရက် ယာယီသတိမေ့မြောခြင်းဟာ ဦးနှောက်ကို အောက်စီဂျင် ပြတ်တောက်တာကြောင့် ဖြစ်တာပါ။ ဦးနှောက်ကို အောက်စီဂျင်ပြတ်တောက်စေတဲ့ အကြောင်းရင်းတွေထဲမှာ သွေးပေါင်ကျတာလည်း တစ်ခုအပါအဝင်ပါပဲ။
များသောအားဖြင့်တော့ အသက်အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အသက်အန္တရာယ်ရှိနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့ အကြောင်းရင်းကို ရှာဖွေကုသနိုင်သည်အထိကို သတိမေ့မြောခြင်းဟာ အရေးကြီးတယ်လို့ ယူဆပြီး ကုသရပါမယ်။
>> တစ်ယောက်ယောက် မေ့မြောသွားရင် ဘာလုပ်ကြမလဲ?
● ထိုင်လို့၊ လှဲလို့ရမယ့် လုံခြုံစိတ်ချရတဲ့တစ်နေရာကို ရှာပါ။
● ထိုင်တဲ့အခါ ဒူးနှစ်လုံးကြား ခေါင်းထည့်ထားပါ။
● မတ်တတ်ပြန်ရပ်တဲ့အခါလည်း ဖြည်းဖြည်းချင်း ပြန်ထပါ။
>> အနီးအနားက လူတစ်ယောက် မူးလဲတော့မယ့်အရိပ်အယောင်ပြရင် ဘာလုပ်ကြမလဲ?
● ပက်လက်လှဲသိပ်ပါ။
● အသက်ရှူသေးရင် ခြေထောက်ကို နှလုံးအထက် ၁၂ လက်မခန့် မြှောက်ထားပေးပါ။ ဒီနည်းအားဖြင့် ဦးနှောက်ကို သွေးပြန်စီးဆင်းစေပါတယ်။
● ခါးပတ်၊ ကော်လာ၊ လည်စည်း စသဖြင့် စည်းတားထားတဲ့ အဝတ်အစားတွေအားလုံးကို ဖြေလျော့ပါ။
● သတိပြန်ရတဲ့အခါလည်း အမြန်ပြန်မထပါစေနဲ့။
● ၁ မိနစ်ထက်ပိုပြီး သတိမေ့မျောနေခဲ့ရင် ဘေးတစ်စောင်းပုံစံထားပြီး အရေးပေါ်ခေါ်ပါ။
>> အသက်မရှူခဲ့ရင်
● အသက်ရှူတာ၊ ချောင်းဆိုးတာ၊ လှုပ်ရှားတာ ရှိ၊ မရှိ ကြည့်ပါ။
● အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေတာ ရှိ၊ မရှိ ကြည့်ပါ။
● အသက်ရှူတာ၊ နှလုံးခုန်တာမရှိဘူးဆိုရင် CPR အရေးပေါ်အသက်ကယ်မှု စတင်ပါ။
● အကူအညီရောက်တဲ့အထိ၊ ဒါမှမဟုတ် အသက်ပြန်ရှူတဲ့အထိ အသက်ကယ်မှုဆက်လုပ်ပါ။
● ဘေးတစ်စောင်းပုံစံထားပြီး အကူအညီရောက်တဲ့အထိ အနားမှာနေပေးပါ။
● လဲကျပြီးတော့ သွေးထွက်နေခဲ့ရင် သွေးတိတ်အောင် အနာကို ဖိထားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























