/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်ကို-ဝိတ်ချဖို့ခက်စေတဲ့ရောဂါတွေနဲ့-ဆေးဝါးအမျိုးအစားများ

သင့်ကို ဝိတ်ချဖို့ခက်စေတဲ့ရောဂါတွေနဲ့ ဆေးဝါးအမျိုးအစားများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ်အလေးချိန်တော့ ကြိုးစားချနေတာပဲ။ အဆင်မပြေဘူးဆိုတဲ့ ကိုကိုမမ အန်တီအန်ကယ်တွေမှာ ဒီလိုရောဂါအခြေအနေတွေ ရှိနေတတ်တယ်နော်။ မျိုးရိုးကြောင့် ဝနေရင်လည်း ချရခက်သလို အောက်ပါရောဂါတွေရှိနေရင်လည်း ဝိတ်လျှော့ရခက်နေတတ်တာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး စစ်ဆေးကြည့်ပါဦး။

>>  ပောာ်မုန်းရောဂါတွေဖြစ်တဲ့ -
●  စတီးရွိုက်လွန်ကဲတဲ့ ကူးရှင်းရောဂါ
●  ဆီးချိုရောဂါ
●  သိုင်းရွိုက်ပောာ်မုန်းလျော့နည်းရောဂါ
●  သားဥအိမ်အကျိတ်စုရောဂါ

>>  နှလုံးရောဂါတွေဖြစ်တဲ့ -
●  နှလုံးညှစ်အားနည်းရောဂါ
●  နှလုံးအဆို့ရှင်ရောဂါ
●  နှလုံးကြွက်သားထူထဲသောရောဂါတွေ ဖြစ်တတ်ပါတယ်။

>>  အိပ်စက်ခြင်းမူမမှန်ရောဂါတွေဆိုရင် -
●  အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း
●  အိပ်နေရင် အသက်ရှူရပ်တန့်ခြင်း

>>  အစားဆိုင်ရာရောဂါတွေဖြစ်တဲ့ -
●  စားသမျှ ပြန်အန်တဲ့ ဘူလီးမီးယားရောဂါ
●  ကာဗွန်ပာိုက်ဒရိတ်အစားလွန်ရောဂါ စသည်တို့ ဖြစ်ပါတယ်။

>>  တချို့ဆေးဝါးတွေပာာ ဝိတ်ချတဲ့ဖြစ်စဉ်ကို တကယ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
●  ဓာတ်မတည့်တာအတွက် သုံးတဲ့ဆေးဝါးတွေ
●  သွေးကျဆေးတချို့
●  ဆီးချိုဆေးတွေ
●  သန္ဓေတားဆေးတွေ
●  စိတ်ကျရောဂါဆေးတွေ
●  အတက်ရောဂါဆေးတွေ
●  စိတ်ကစဉ့်ကလျားရောဂါအတွက် သောက်ရတဲ့ဆေးတွေ သောက်နေရင် ဝိတ်ချရခက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)