သင့်ကို ဝိတ်ချဖို့ခက်စေတဲ့ရောဂါတွေနဲ့ ဆေးဝါးအမျိုးအစားများ
ကိုယ်အလေးချိန်တော့ ကြိုးစားချနေတာပဲ။ အဆင်မပြေဘူးဆိုတဲ့ ကိုကိုမမ အန်တီအန်ကယ်တွေမှာ ဒီလိုရောဂါအခြေအနေတွေ ရှိနေတတ်တယ်နော်။ မျိုးရိုးကြောင့် ဝနေရင်လည်း ချရခက်သလို အောက်ပါရောဂါတွေရှိနေရင်လည်း ဝိတ်လျှော့ရခက်နေတတ်တာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး စစ်ဆေးကြည့်ပါဦး။
>> ပောာ်မုန်းရောဂါတွေဖြစ်တဲ့ -
● စတီးရွိုက်လွန်ကဲတဲ့ ကူးရှင်းရောဂါ
● ဆီးချိုရောဂါ
● သိုင်းရွိုက်ပောာ်မုန်းလျော့နည်းရောဂါ
● သားဥအိမ်အကျိတ်စုရောဂါ
>> နှလုံးရောဂါတွေဖြစ်တဲ့ -
● နှလုံးညှစ်အားနည်းရောဂါ
● နှလုံးအဆို့ရှင်ရောဂါ
● နှလုံးကြွက်သားထူထဲသောရောဂါတွေ ဖြစ်တတ်ပါတယ်။
>> အိပ်စက်ခြင်းမူမမှန်ရောဂါတွေဆိုရင် -
● အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း
● အိပ်နေရင် အသက်ရှူရပ်တန့်ခြင်း
>> အစားဆိုင်ရာရောဂါတွေဖြစ်တဲ့ -
● စားသမျှ ပြန်အန်တဲ့ ဘူလီးမီးယားရောဂါ
● ကာဗွန်ပာိုက်ဒရိတ်အစားလွန်ရောဂါ စသည်တို့ ဖြစ်ပါတယ်။
>> တချို့ဆေးဝါးတွေပာာ ဝိတ်ချတဲ့ဖြစ်စဉ်ကို တကယ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
● ဓာတ်မတည့်တာအတွက် သုံးတဲ့ဆေးဝါးတွေ
● သွေးကျဆေးတချို့
● ဆီးချိုဆေးတွေ
● သန္ဓေတားဆေးတွေ
● စိတ်ကျရောဂါဆေးတွေ
● အတက်ရောဂါဆေးတွေ
● စိတ်ကစဉ့်ကလျားရောဂါအတွက် သောက်ရတဲ့ဆေးတွေ သောက်နေရင် ဝိတ်ချရခက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























