/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သွေးဆုံးပြီးအမျိုးသမီးများ-ဗီတာမင်ဒီ-မှီဝဲပေးပါ

သွေးဆုံးပြီးအမျိုးသမီးများ ဗီတာမင်ဒီ မှီဝဲပေးပါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

       သွေးဆုံးပြီးအမျိုးသမီးတွေဟာ အီစထရိုဂျင် နည်းလာတာကြောင့် အရိုးတွေ မသန်မာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးပြီးချိန်မှာ အရိုးကျန်းမာစေဖို့ အာဟာရဓာတ် လုံလုံလောက်လောက်ရရှိဖို့ လိုအပ်ပါတယ်။ 

Menopace 1

        မရှိမဖြစ်လိုအပ်တာကတော့ ဗီတာမင်ဒီပါ။ ဗီတာမင်ဒီဟာ အရိုးမသန်မာတဲ့ဖြစ်စဥ်ကို နှေးပြီးနည်းစေတာကြောင့် အရိုးတွေကို သန်မာစေပြီး ကျန်းမာစေပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေတာကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်မှုလွန်ကဲခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့လည်း သုတေသနတွေအရ သိရပါတယ်။

Menopace 2

ဒါကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေဟာ ဗီတာမင်ဒီ လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ လိုအပ်တဲ့ဗီတာမင်ဒီကို

●   အဆီများတဲ့ငါးအမျိုးမျိုး၊ အသည်း၊ ကြက်ဥအနှစ်၊ ဗီတာမင်ဒီဖြည့်စွက်ထားတဲ့ အစားအသောက်တွေ စားသောက်ပေးခြင်းဖြင့်လည်းကောင်း

●   အနည်းဆုံး တစ်ပတ်ကိုနှစ်ကြိမ်လောက် ၁၀-၃၀ မိနစ်ကြာအောင် နေရောင်ခံပေးခြင်းဖြင့်လည်းကောင်း

●   ဗီတာမင်ဒီပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးခြင်းဖြင့်လည်းကောင်း

ဖြည့်ဆည်းပေးနိုင်ပါတယ်။

 

Dr. Aye Hsu Mon (www.drmyanmar.com)