/
အရေးပေါ်ကုသနည်းများ/ကြွက်သားဒဏ်ဖြစ်ခြင်း

ကြွက်သားဒဏ်ဖြစ်ခြင်း

ကြွက်သားဒဏ်ဖြစ်ခြင်းအတွက် ရှေးဦးကုသမှု

၁။      ရောင်ရမ်းမှုကိုသက်သာအောင်ပြုလုပ်ပါ။ ထပ်မံထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

-        ကျုံ့နိုင်ဆန့်နိုင်တဲ့ Elastic ပတ်တီးနဲ့စည်းထားပေးပါ။ လိုအပ်ပါကလက်သိုင်းကြိုးအသုံးပြုပါ။

-        ကြွက်သားတွေကိုအနည်းဆုံး ၁ ရက်လောက်အနားပေးပါ။

-        ရေခဲချက်ချင်းကပ်ပေးပါ။ တကြိမ်လျှင် ၁၀ မိနစ် (သို့) ၁၅ မိနစ်ကြာအောင် ၂ ရက်မှ ၃ ရက် ကပ်ပေးပါ။

-        ဒဏ်ဖြစ်နေတဲ့အစိတ်အပိုင်းကိုအနည်းဆုံး ၁ ရက်တိတိခပ်မြင့်မြင့်မြှောက်ထားပါ။