အထိတ်တလန့်ဖြစ်ခြင်း
အထိတ်တလန့်ဖြစ်ခြင်းအတွက် ရှေးဦးကုသမှု
1. ထိခိုက်ဒဏ်ရာ ရထားခြင်းရှိမရှိ၊ အသက်ရှူ မရှူ ကြည့်ပါ။
2. အသက်ကောင်းစွာရှူနေပြီး ဒဏ်ရာရထားခြင်းမရှိပါက ထိတ်လန့်နေသူကို စိတ်တည်ငြိမ်အောင် ထားပါ။
- ဘာအကူအညီပေးရမလဲလို့မေးပါ။
- ထိတ်လန့်မှုများခဏအတွင်းပြေပျောက်သွားမယ့်အကြောင်းပြောပြီး နှစ်သိမ့်ပါ။
- အသက်ကိုဖြေးဖြေးမှန်မှန်ရှူသွင်းဖို့ သတိပေးပါ။
- ထိတ်လန့်ခြောက်ခြားနေမှုကိုပျက်ရယ်မပြုပါနဲ့။
- အကယ်၍စိတ်ငြိမ်အောင်စွမ်းဆောင်မှုမပေးနိုင်ပါက နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံးခေါ်ဆောင်သွားပါ။



























