ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်းအတွက် ရှေးဦးကုသမှု
1။ ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းတဲ့အခါအောက်ပါရောဂါလက္ခဏာများကိုတွေ့ရတတ်ပါတယ်။
- အာရုံနောက်ကျိခြင်း၊ သတိမေ့ခြင်း၊ စကားကိုဗလုံးဗထွေးပြောခြင်း၊
- ခန္ဓာကိုယ်အပူချိန် ၉၅ ဒီကရီဖာရင်ဟိုက်အောက်ကျဆင်းခြင်း၊
- ချေွးထွက်လွန်ခြင်း၊ အိပ်ချင်လာခြင်း၊
- အသက်မျဉ်းမျဉ်းရှူခြင်း၊ သတိမေ့ခြင်း၊
- ခြေလက်ထုံကျဉ်ခြင်း
- ခန္ဓာကိုယ်တစ်ကိုယ်လုံးတုန်ယင်နေခြင်း၊
- နို့စို့အရွယ်ကလေးတွေမှာတော့ တစ်ကိုယ်လုံးနီမြန်းပြီးအေးစက်နေခြင်း၊
- အလွန်အမင်းအားအင်ကုန်ခန်းနေခြင်းစတဲ့ ရောဂါလက္ခဏာများကိုတွေ့ရပါတယ်။
2။ အနွေးဓာတ်ရအောင် ဖြည်းဖြည်းချင်းပြုလုပ်ပေးပါ။
- လူနာကိုအိမ်ထဲမှာထားပါ။
- စိုစွတ်နေတဲ့ အ၀တ်အစားတွေကို ဖယ်ရှားပေးပြီးလူနာရဲ့ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်ပြုလုပ် ပေးပါ။
- ခန္ဓာကိုယ်ကိုဦးစွာပူနွေးအောင်ပြုလုပ်ပေးပါ။ ခြေဖျား၊ လက်ဖျားများကို အရင်ဦးဆုံး အနွေးဓာတ်ပေးခြင်း၊ ရှော့ shock ရစေနိုင်တာကြောင့်ဖြစ်ပါတယ်။
- စောင်ပတ်ထားပေးခြင်း၊ ခြောက်သွေ့နေတဲ့အ၀တ်အစားများကို ၀တ်ဆင်ထားပေးခြင်းဖြင့် လူနာ ကိုအနွေးဓာတ်ရအောင် ပြုလုပ်ပေးပါ။
- လူနာကိုရေနွေးတွင်စိမ်ခြင်းမပြုလုပ်ပါနှင့် လျင်မြန်စွာအနွေးဓာတ်ရအောင် ပြုလုပ်ပေးခြင်း သည် နှလုံးခုန်ပုံမမှန်ခြင်းကိုဖြစ်စေပါတယ်။
- အကယ်၍ ရေနွေးထည့်ထားတဲ့ပုလင်း (သို့) ဓာတုဗေဒပစ္စည်းတွေနဲ့ ပြုလုပ်ထားသော အနွေးဓာတ်ပေးနိုင်တဲ့ hot packs တွေကိုအသုံးပြုပြီးအပူပေးဆိုလျှင် ၎င်းပစ္စည်းတွေကို အ၀တ်နဲ့ ပတ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။
3။ လူနာကိုအနွေးဓာတ်ရအောင်ပြုလုပ်ပေးနေစဉ်အတွင်းလိုအပ်ပါက CPR လုပ်ပါ။
လူနာအနေဖြင့်အသက်ရှူ နှုန်းပုံမှန်မဟုတ်တော့လျှင်၊
- ကလေးအရွယ်ဖြစ်ပါကကလေးအတွက် သတ်မှတ်ထားသော CPR ကိုစတင်လုပ်ဆောင်ပေးပါ။
- အရွယ်ရောက်ပြီးသူဖြစ်ပါကအရွယ်ရောက်ပြီးသူအတွက် သတ်မှတ်ထားသော CPR ကိုစတင် လုပ်ဆောင်ပေးပါ။
- လူနာအသက်ရှူလာသည်အထိ CPR ကိုဆက်လက်လုပ်ဆောင်ပေးရပါမယ် (သို့) အရေးပေါ် အကူအညီရောက်မလာခင်အချိန်ထိ ပြုလုပ်ပေးရပါမယ်။
4။ ရေနွေး(သို့) အရည်နွေးနွေးတွေကိုတိုက်ပါ။
- လူနာရေသောက်နိုင်ပါက ရေနွေး(သို့)ပူနွေးနေတဲ့အရည်တွေကို တိုက်ရပါမယ်။ ကဖင်းဓာတ် များစွာပါတဲ့ အရည်များနဲ့အရက်တို့ကိုရှောင်ရှားရပါမယ်။
5။ ကိုယ်ပူချိန်တက်လာအောင် ဆက်လက်ထိန်းထားပါ။
- လူနာကိုခြောက်သွေ့အောင်ထားခြင်း၊ ခြုံစောင်ဖြင့်ပတ်ထားခြင်းတို့ဖြင့် နွေးထွေးအောင်ထားပါ။ ဦးခေါင်းနဲ့လည်ပင်းကိုပါ နွေးထွေးအောင်ထားရပါမယ်။
6။ ကိုယ်ခန္ဓာအပူချိန်မတက်လာပါကဆေးရုံသို့သွားပါ။
- ဆေးရုံသို့ရောက်ပါက drip သွင်းပေးခြင်း၊ အောက်ဆီဂျင်ရှူခိုင်းစေခြင်းစသည့် လိုအပ်သည့် ကုသမှု များကိုဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။