/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာဖြစ်ဖို့-အကျိုးကို-ဖန်တီးသော-အကြောင်းဆိုးများ

ကင်ဆာဖြစ်ဖို့ အကျိုးကို ဖန်တီးသော အကြောင်းဆိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်မိသားစုဝင်တွေထဲမှာ ကင်ဆာဖြစ်ထားသူတွေ ရှိနေမယ်ဆိုရင်?

          ကင်ဆာဆိုတာ မျိုးရိုးလိုက်တတ်သလို စားသောက်နေမှု မမှန်လို့ဖြစ်နိုင်တဲ့ ဇီဝကမ္မရောဂါတစ်ခုလို့ ဘာလို့ လက်ခံလာကြတာလဲ?

 

>>    အနီရောင်အသားတွေ အစားများခြင်း

          အနီရောင်အသားဖြစ်တဲ့ အမဲသား၊ ဆိတ်သားတွေ အစားများတာက အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာတွေနဲ့ ကောင်းကောင်း ဆက်စပ်နေပါတယ်။ အသားကို ကင်စားတာ၊ ကြပ်တိုက်စားတာတွေကလည်း ကင်ဆာဖြစ်စေဖို့ အကြောင်းရင်းတစ်ခုလို့ ဆိုရမှာပါ။

 

>>    အရက်သောက်လို့ ဖြစ်တဲ့ကင်ဆာများ

●        အစာရေမျိုကင်ဆာ

●        အသံအိုးကင်ဆာ

●        အသည်းကင်ဆာ

●        အူမကြီးကင်ဆာ

●        အစာဟောင်းအိမ်ကင်ဆာ

●        ရင်သားကင်ဆာ

          ကဲ ... သောက်ချင်သေးလား ... ဒီအရက် ...

 

>>    နေပူခံလွန်းတာနဲ့ နေသိပ်မပူတာရဲ့ဆိုးကျိုး

          နေရောင်ခြည် ကောင်းကောင်းမရတဲ့အခါ အရေပြားမှာ လိုအပ်သမျှ ဗီတာမင်ဒီ မရတာကြောင်း ကင်ဆာဖြစ်နှုန်း မြင့်လာသလို တစ်ဖက်ကလည်း နေလောင်ခံရလွန်းရင် အရေပြားကင်ဆာ အဖြစ်များလာတာ တွေ့နိုင်ပါတယ်။

 

>>    ပျင်းရိတဲ့ စတိုင်နဲ့ အထိုင်များတတ်သူလား?

          တစ်ရက်ကို ခြောက်နာရီထက်ပိုပြီး အထိုင်များခဲ့မယ် ဆိုရင်တော့ Mulitple Myeloma လို့ခေါ်တဲ့ သွေးကင်ဆာတစ်မျိုးဖြစ်ဖို့ ၆၅ ရာခိုင်နှုန်း တက်သွားပါပြီတဲ့။ လှုပ်လှုပ်ရှားရှားနေတာ ဘယ်လောက်အရေးကြီးလဲနော်။

 

>>    ဆေးလိပ်သောက်တာက သောက်သူတင်ပြဿနာ ရှိတတ်တာလား?

          လုံးဝ မဟုတ်ပါဘူး။ ဆေးလိပ်သောက်သုံးသူနဲ့ အတူနေရတဲ့ မိသားစုဝင်တွေဟာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရလို့ ဆေးလိပ်သောက်သူနဲ့ ထပ်တူပြဿနာ အထွေထွေ ရရှိလာမှာ အသေချာပါ။

 

>>    ဖုန်းကို သိပ်တွယ်တာနေမိလား?

          လက်တော့တွေ၊ ကွန်ပျူတာတွေကို ချစ်တတ်သူဆိုရင်တော့ သူတို့နဲ့ ကိုယ်နဲ့မကွာ နေထိုင်ရင်း အဲဒီကထွက်တဲ့ အပူငွေ့ဟာ သင့်ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။

 

>>    အိမ်သန့်ရှင်းရေးလုပ်တဲ့ ကြွေချေးချွတ်ဆေးတွေ

          ဆပ်ပြာမှုန့်တွေ၊ အရောင်တင်ဆေးတွေမှာပါတဲ့ ဓာတုအဆိပ်တွေနဲ့ အစဉ်ထိတွေ့ရင်း လူတွေ ဒုက္ခရောက်ပေါင်း များပါပြီ။ အမွှေးဖြန်းဆေးတွေ၊ အမွှေးလေသန့်ဆေးတွေကလည်း သင့်ကို ကင်ဆာနဲ့ သွေးဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။

 

>>    ပြင်သစ်လူမျိူးတွေဟာ လတ်ဆတ်တာတွေ ပိုစားကြသတဲ့

          ဘူးနဲ့ပိတ် ကြာရှည်ခံအောင် လုပ်ထားတဲ့ စည်သွပ်ဘူးတွေဟာ သူတို့အကြိုက်တော့ မဟုတ်ဘူးတဲ့။ ဒါကြောင့် ပြင်သစ်အမျိုးသမီးလေးတွေဟာ လှပကျန်းမာနေကြတာပေါ့။

 

          စကင်းကဲတွေဝယ်ရင် အရေပြား အလှပြင်ပစ္စည်းတွေ ဝယ်ရင် ...

          သတိသာ ထားပေတော့။ အဲဒီထဲက ပြင်းအားများတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ -

●        သဲလိတ်

●        ပရာဂွန်

●        ခဲ

●        ဖော်မယ်သီဟိုက်

●        PABA

●        ဒိုင်ရောက်စိန်း

●        အီသနိုလမင်းတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)