/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကင်ဆာရောဂါကြောင့်-စိတ်ရောဂါဖြစ်စေနိုင်

ကင်ဆာရောဂါကြောင့် စိတ်ရောဂါဖြစ်စေနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ကင်ဆာရောဂါခံစားနေရသူတွေဟာ ရောဂါဒဏ်ကြောင့်စိတ်ဖိစီးမှုများပြီး စိတ်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီရောဂါခံစားနေရသူတွေမှာ အောက်ပါ ထင်ရှားတဲ့ရောဂါလက္ခဏာတစ်မျိုး (သို့) ဒီထက်ပိုပြီးကြုံတွေ့ကြရပါတယ်။

- အိပ်မက်ဆိုးမက်ခြင်း

- အိပ်ရခက်ခြင်း

- မလိုချင်သောအဖြစ်ဆိုးများကို ခဏခဏပြန်တွေးမိခြင်း

- အခြေအနေတစ်ခုခု (သို့) လူအချို့ကို ရှောင်ရှားခြင်း

- အရင်က နှစ်သက်သောအရာများကို စိတ်ဝင်စားမှုမရှိတော့ခြင်း

- အပြစ်ရှိသလိုခံစားရခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိတ်တိုခြင်း

     ဒီရောဂါကို 1980 ခုနှစ်မှာ စတင်ဖော်ထုတ်နိုင်ခဲ့သော်လည်း ကင်ဆာလူနာတွေမှာ အဖြစ်များတာကိုတော့ 1994 ခုနှစ်အထိမသိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှ ဆရာဝန်တွေက ကင်ဆာရောဂါနဲ့အသက်ရှင်နေတဲ့သူတွေမှာ စိတ်ဝေဒနာခံစားရတာကို တွေ့ရှိခဲ့ပါတယ်။ 2011 ခုနှစ်မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခု အရ သွေးကင်ဆာရောဂါရှိသူ သုံးပုံတစ်ပုံလောက်မှာ ဒီစိတ်ဝေဒနာကဆက်ရှိနေပြီး ပိုဆိုးလာတာကိုတွေ့ရပါတယ်။ အများစုက ကင်ဆာရောဂါကုသမှုခံယူပြီးတာ 12 နှစ် လောက်ရှိနေကြပါပြီ။ ရင်သားကင်ဆာရှိသူ 5 ယောက်မှာတစ်ယောက်က ကုသမှုခံယူပြီး 3 လအကြာမှာ ဒီစိတ်ရောဂါလက္ခဏာတွေကို ခံစားလာရတာကိုတွေ့ရပါတယ်။

     ကင်ဆာရောဂါကုထုံးပြင်းထန်လေလေ စိတ်ဝေဒနာခံစားရဖို့ဖြစ်နိုင်ချေများလေလေပါပဲ။ ဒီစိတ်ဝေဒနာက စိတ်ဒဏ်ရာရစေတဲ့အဖြစ်အပျက်ဖြစ်ပြီးပြီးချင်း (သို့) လအတော်ကြာမှ (သို့) နှစ်တော်ကြာမှတောင်စပြီး ဖြစ်လာနိုင်ပါတယ်။ ကုထုံးတွေကတော့ စိတ်ရောဂါကုထုံး၊ အုပ်စုဖွဲ့ပြီးကူညီထောက်ပံ့ခြင်း၊ ဆေးများပေးခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုရောဂါခံစားနေရပြီလို့ထင်ရင် မရှက်ပါနဲ့။ အကူအညီရနိုင်တဲ့နေရာတွေသွားပြီး ကုသမှုခံယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)