ကင်ဆာရောဂါအမျိုးမျိုးကို ဒီလိုစောစောရှာမယ်
ကင်ဆာရောဂါကို စောစောရှာဖွေတွေ့ရှိဖို့ ကျန်းမာရေး စစ်ဆေးချက်လေးတွေအကြောင်း လေ့လာကြည့်ရအောင် ...
● ရင်သားကင်ဆာကို အသက် ၄ဝ နှင့်အထက် အမျိုးသမီးတိုင်း စစ်သင့်ပါတယ်။ ၄၅ နှင့် ၅၄ အတွင်းမှာတော့ နှစ်စဉ် ရင်သားအထူး ဓာတ်မှန်ရိုက်သင့်ပါတယ်။ အသက် ၅၅ နှင့်အထက်ကတော့ ၂ နှစ်တစ်ခါ ရင်သားအထူး ဓာတ်မှန်ရိုက်သင့်ပါတယ်။
● အူမကြီးကင်ဆာကို အသက် ၄၅ နှစ်ထက် လူတိုင်း စစ်သင့်ပါတယ်။ အူမကြီး မှန်ပြောင်းကြည့်တာဟာ အသက် ၄၅ ကနေ ၅ဝ အတွင်း လူတိုင်း လုပ်သင့်တဲ့စစ်ဆေးချက်ပါ။
● သားအိမ်ကင်ဆာကို သွေးဆုံးခါနီးအမျိုးသမီးတိုင်း စစ်သင့်ပါတယ်။ အသက် ၃ဝ ကနေ ၆၅ အတွင်းကတော့ သားအိမ်ခေါင်းချွဲ စစ်ဆေး ရောဂါရှာသင့်ပါတယ်။
● အဆုတ်ကင်ဆာကို အသက် ၅၅ ကနေ ၇၄ အတွင်း ဆေးလိပ် လက်ရှိသောက်နေသူ၊ လွန်ခဲ့သော ၁၅ နှစ်အတွင်း ဆေးလိပ်သောက်ခဲ့သူ အမျိုးသားတိုင်း တစ်နှစ်တစ်ခါ စစ်သင့်ပါတယ်။
● ဆီးကျိတ်ကင်ဆာကို အသက် ၅ဝ အထက် အမျိုးသားတိုင်း စစ်ဆေးသင့်ပြီး မစစ်ဆေးခင် ဆရာဝန်နှင့် အကျိုး ရှိ၊ မရှိ အရင်တိုင်ပင်သင့်ပါတယ်။
ကင်ဆာကာကွယ်ဖို့ အာပာာရ အထူးကုဆရာ၀န်နဲ့ တိုင်ပင်ပါ။ ဘာတွေစားသင့်လဲ မေးပါ။
အသီးအရွက် လတ်လတ်ဆတ်ဆတ် ပေါပေါများများစားခြင်းဖြင့် မိမိကိုယ်ကို အာဟာရပြည့်ဝ ကျန်းမာနေအောင် ထိန်းထားနိုင်တဲ့အပြင် ကင်ဆာကိုပါ သိသိသာသာ ကာကွယ်နိုင်ပါတယ်။ မုန်လာဥနီနဲ့ ရွှေဖရုံသီးတွေက ကောင်းမွန်သင့်တော်ပါတယ်။ အသီးအရွက်တွေကို တတ်နိုင်သလောက် အစိမ်းစားပါ။ ဆလပ်ရွက် အတို့အမြုပ်လေးတွေကို နေ့စဉ်စားပေးခြင်းက ကြော်တာ၊ ချက်တာထက် ပိုကောင်းပါတယ်။ ရေနွေးငွေ့လေးနဲ့ ပေါင်းစားတာကလည်း ရှယ်အာဟာရတွေ ရစေတာပေါ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























