ကဖင်းဓာတ်နဲ့ သင့်ကျန်းမာရေး
ယခုခေတ်မှာ ကော်ဖီ သောက်သုံးမှု တစ်ကျော့ပြန် ခေတ်စားလာတာနဲ့အမျှ ကော်ဖီသောက်ခြင်းဟာလည်း ယဉ်ကျေးမှုတစ်ခု ဖြစ်လာပါတယ်။ ကော်ဖီကို သာမန်လောက်ပဲ နှစ်သက်သူများရှိသလို မသောက်ရ မနေနိုင်အောင် စွဲလမ်းသူများလည်း ရှိပါတယ်။ တစ်နေ့ကို တစ်ခွက်နဲ့ တင်းတိမ်သူများသလို တစ်နေ့ကို ၄-၅ ခွက်ခန့် သောက်သုံးသူတွေလည်း မနည်းပါဘူး။
>> ကဖင်းဓာတ်ဆိုတာ ဘာလဲ
ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာပေါ် သက်ရောက်မှုများပေးတဲ့ ဆေးတစ်လက်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောစနစ်ကို နှိုးဆွပေးတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။
ကဖိန်းဓာတ်ကို အောက်ပါအပင်များတွင် တွေ့ရပါတယ်။
● ကော်ဖီစေ့
● လက်ဖက်ရွက်
● ကိုလာစေ့
● ကိုကိုးစေ့ (ချောကလက်)
ကဖိန်းဓာတ်အနည်းအများပေါ် မူတည်ပြီး အာရုံကြောစနစ်ကို အောက်ပါအတိုင်း သက်ရောက်နိုင်ပါတယ်။
>> ကဖိန်းပမာဏ အနည်းငယ်က -
● ပိုမိုနိုးကြားစေခြင်း
● နှလုံးခုန်မြန်စေခြင်း
● သွေးပေါင်တက်စေခြင်း
● ဆီးရွှင်စေခြင်း
● အစာအိမ်အက်စစ် ပိုများစေခြင်း
>> ကဖိန်းပမာဏ များပါက -
● စိ်တ်သောကများခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း
● ညအိပ်မပျော်ခြင်း
● နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခဲတတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
နေ့စဉ်ကော်ဖီအသောက်များပါက အိပ်မပျော်ခြင်း၊ အစာအိမ်ရောဂါနဲ့ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း/စိတ်ဓာတ်ကျခြင်းတို့ကိုပါ ဖြစ်စေတတ်ပါတယ်။
>> သင် သိပါသလား
● ကော်ဖီသောက်ပြီး ၅-၃ဝ မိနစ်အတွင်း သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို စတင်သက်ရောက်မှုရှိပါပြီ။
● ကျောက်ခေတ်ကတည်းကပင် ကဖင်းဓာတ်ကို အသုံးပြုခဲ့ကြပါတယ်။
● ၂ရဝဝဘီစီကတည်းကပင် လက်ဖက်ရည် သောက်ခဲ့ကြပါတယ်။
● အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ကော်ဖီကို ရှေးရာစုနှစ်များစွာကပင် သောက်ခဲ့ကြတာပါ။
● ရှေးနှစ်ပေါင်း ၃ဝဝ ကတည်းကပင် ကဖင်းဓာတ်ရဲ့ ကျန်းမာရေးကောင်းကျိုးများကို ဆရာဝန်များ ရှာဖွေခဲ့ကြရာမှာ ကော်ဖီသောက်ခြင်းကြောင့် ကင်ဆာနဲ့ အခြားကျန်းမာရေးဆိုးကျိုးများ မဖြစ်စေနိုင်သော်လည်း ကော်ဖီအသောက်များခြင်းကြောင့် ညအိပ်မပျော်ခြင်းနဲ့ စိတ်တိုလွယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
● လူငယ်အများစု သောက်လေ့ရှိသော ကိုလာနဲ့ အားဖြည့်အချိုရည်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ကဖင်းဓာတ်အပြင် သကြားဓာတ်လည်း လွန်ကဲစွာပါလို့ ဖြစ်ပါတယ်။
● ကဖင်းဓာတ်ကို အပင်ပေါင်း ၆ဝ လောက်ရဲ့ အရွက်၊ အသီးနဲ့ အစေ့တွေမှာ တွေ့ရပြီး အချို့ဒေသတွေမှာတော့ ကဖင်းပါသော အပင်မှအရွက်တွေကို ၀ါးစားကြသူများလည်း ရှိပါတယ်။
● ကဖင်းဓာတ်လွန်ကဲပါက အိပ်စက်မှုပြဿနာများ ဖြစ်စေနိုင်တဲ့အတွက် ငယ်ရွယ်လွန်းသူတွေ မသောက်သင့်ပါဘူး။ ကော်ဖီကြောင့် အလုပ်လုပ်နိုင်စွမ်းကို မြင့်တက်စေသလို ကော်ဖီ လွန်ကဲစွာသောက်ပါကလညး် ကျန်းမာရေးကို ထိခိုက်စေမှာမို့ မျှတစွာ သောက်သုံးသင့်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)




























